Showing posts with label UnL 4. Show all posts
Showing posts with label UnL 4. Show all posts

Tuesday, September 9, 2014

How To Remove iCloud Activation Officially

iPhone တစ်လုံးကောက်ရထားပါတယ်...
ဈေးသက်သာလို့ iPhone တစ်လုံး ဝယ်ထားလိုက်မိပါတယ်..
မူလပိုင်ရှင်နဲ့ ဆက်သွယ်လို့ မရတော့လို့ပါ..


စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ စတင်မေးမြန်းလာကြပေမယ့် နောက်ဆုံးမှာတော့ iCloud Activation ကို ကျော်ချင်လို့ နည်းလမ်းရှိရင် ပြောပြပေးပါ ဟူ၍ အဆုံးသတ်တွေ တူညီကြပါတယ်..

သူတို့တွေ အားလုံးဟာ "This iPhone is currently linked to an Apple ID. Sign in wth the Apple ID that was used to set up this iPhone" ဆိုတဲ့ စာတန်းလေးကို မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။


DoulCi က iCloud Activation ကို ကျော်လို့ရပြီလို့ သက်သေ အထောက်ထားများနဲ့တစ်ကွ ချပြလိုက်တဲ့ အချိန်ကစလို့ အားလုံးရဲ့ စိတ်ထဲမှာ iCloud ကို ကျော်လို့ရတာပဲလို့ စိတ်ထဲစွဲသွားပါတယ်...

အဲဒီက စတင်လို့ internet မှာ iCloud Bypass software တွေပေါ်လာပါတော့တယ်၊ အားလုံးဟာ Fake တွေ Scam တွေဖြစ်ပြီး စက်ကို ဒုက္ခပေးတတ်ပါတယ်။
ဒါပေမယ့် အခုတော့ iCloud Activation ကို အမှန်တစ်ကယ် Bypass လုပ်ပေးနိုင်မယ့် အဖြေတစ်ခုကို တွေ့ထားပါပြီ...

အထူးသတိပြုဖို့ တစ်ခုကတော့ ခိုးခံထားရတယ်လို့ Apple ကို Report လုပ်ထားတဲ့ iPhone, iPad တို့ဆိုရင်တော့ ဒီနည်းနဲ့လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ Clean Device တွေမှာသာ အဆင်ပြေနိုင်ပါလိမ့်မယ်။

အကယ်၍ မိမိမှာ တစ်ဆင့်ပြန်ဝယ်ထားတဲ့ iPhone/iPad ရှိနေပြီး ဒီDevice Clean ဖြစ် မဖြစ်ဆိုတာ သိနိုင်ဖို့ အတွက် Device IMEI number နဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။

>> IMEI number ရှာဖွေနည်း

ကိုယ့်ရဲ့ IMEI number ကို သိပြီဆိုရင်တော့ မိမိရဲ့ Device ဟာ Blacklist ထဲမှာ ထည့်ထားခံရပြီလားဆိုတာကို မသင်္ကာရင် စစ်ဆေးကြည့်နိုင်ပါတယ်။

>> Check iDevice Blacklisted

iCloud Lock Remove လုပ်ပေးနိုင်သော Device များ
  • iPhone 5S
  • iPhone 5C
  • iPhone 5
  • iPhone 4S
  • iPhone 4
  • iPad Air
  • iPad Mini with Retina
  • iPad Mini
  • iPad 4
  • iPad 3

ယခုဖော်ပြမည့်နည်းလမ်းဟာ အခမဲ့တော့ မဟုတ်ပါဘူး၊ ထိုက်တန်တဲ့ ဝန်ဆောင်ခကို ပေးချေပြီးမှ iCloud Activation Remove လုပ်ပေးမှာ ဖြစ်ပါတယ်..

**iCloud Activation ကို Remove လုပ်နည်း**

၁) မိမိ iDevice ၏ IMEI number ကို မှန်ကန်စွာ သိရှိအောင် ရှာထားပါ။

၂) iCloud Removal Official website ဤနေရာသို့ သွားပါ။

၃) IMEI number ကို အမှာစာမှာ ဖြည့်သွင်းပေးပါ။


၎) iCloud lock ကို Remove လုပ်ပြီးသွားတဲ့ အခါမှာ email နှင့် အကြောင်းပြန်ကြားပါလိမ့်မည်။

၅) နောက်ဆုံးမှာတော့ မိမိကိုယ်ပိုင် iCloud account ကို ဖြည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။

မှတ်ချက်။ ။ ဖော်ပြပါဆောင်းပါးသည် ကြောငြာဆောင်းပါး မဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်တိုင်လည်း ယခု service ကို အသုံးမပြုဖူးသေးကြောင်း ဝန်ခံပါသည်။ သို့သော် အဆိုပါ website သည် Unlock service နာမည်ရပြီးသော site တစ်ခုဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါ service ကို အသုံးပြုမည့်သူသည် မိမိ၏ ကိုယ်ပိုင် စွန့်စားမှု (Own Risk) သာဖြစ်ပြီး၊ စာရေးသူနှင့် မသက်ဆိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Wednesday, April 9, 2014

How To Check your iDevice IMEI number

Apple iDevice များရဲ့ IMEI number ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေထဲကမှ iDevice များ အားလုံးအတွက် သင့်တော် လွယ်ကူမည့် စစ်ဆေးနည်းအချို့ကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်...

မိမိ Device ရဲ့ IMEI number ကို Unlock / iCloud remove လုပ်လိုတဲ့အချိန်မှာ မှန်မှန်ကန်ကန် သိရှိထားမှသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..

IMEI number ကို စစ်ဆေးနိုင်တဲ့ နည်းလမ်းများမှာ About Menu, Dial, SIM Tray, iPhone Box, iTunes တို့တွင် ရှာဖွေ သိရှိနိုင်ပါသည်။

About Menu :
Home screen ရှိ Settings -> General -> About - IMEI ကို တွေ့နိုင်ပါသည်။


Dial :
Phone ကိုဖွင့်ပြီး Keypad တွင် *#06# ဟု ရိုက်ထည့်ပြီး Call နှိပ်ပါ။


IMEI number ကို တွေ့မြင်ရပါလိမ့်မည်။


SIM Tray :
SIM card ထည့်ရန် Tray ကို ဖွင့်၍ serial no. နှင့် IMEI တို့ကို စစ်ဆေးနိုင်ပါသည်။


iPhone Box :
iPhone ဗူးခွံ၏ ကျောဘက်နေရာတွင်လည်း IMEI number ကို တွေ့နိုင်ပါသည်။


iTunes :
Device ကို iTunes နှင့်ချိပ်ပြီး Detail ကို နှိပ်လိုက်သည့်အခါတွင်လည်း IMEI number ကို တွေ့မြင်ရပေလိမ့်မည်။


မိမိ Device ရဲ့ IMEI number ကို အထက်ပါနည်းလမ်းများ အသုံးပြု၍ မှန်ကန်စွာ ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်...





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Sunday, August 4, 2013

iOS 6.1.3 / 6.1.2 Unlock

iOS 6.1.2/6.1.3 ကို update လုပ် Jailbreak လုပ်ပြီးသော်လည်း unlocked မရသူများအတွက် Ultrasn0w က iOS 6.1.2 နှင့် 6.1.3 ကို Unlock လုပ်နိုင်ဖို့ အတွက် version 1.2.8 က ထပ်မံ UPDATE လုပ်ပေးလိုက်ပါပြီ။

ယခုနည်းလမ်းကို iPhone 4 နှင့် 3GS တို့မှာသာ အသုံးပြုနိုင်ပြီး Baseband ကန့်သတ်ချက်လည်း ရှိနေပါသေးတယ်။ သတ်မှတ်ထားတဲ့ old baseband များတွင်သာ အလုပ်လုပ်နိုင်ပြီး new baseband များတွင်တော့ unlock လုပ်ပေးနိုင်သေးမှာ မဟုတ်ပါဘူး။


ယခုနည်းလမ်းကို အသုံးပြုနိုင်ရန် iPhone 4/3GS (iOS 6.1.2/6.1.3) ကို Jailbreak ဖြစ်ထားရန် လိုအပ်ပါသည်။

>> iOS 6.1.3 Tethered Jailbreak with Redsn0w
>> iOS 6.1.3 Tethered Jailbreak with Sn0wbreeze


"ultrasn0w 1.2.8" ကို အသုံးပြုပြီး unlock လုပ်နိုင်တဲ့ Baseband များကတော့..
  • Baseband 01.59.00 for iPhone 4
  • Baseband 05.11.07 for iPhone 3GS
  • Baseband 05.13.04 for iPhone 3GS
  • Baseband 06.15.00 for iPhone 3GS
  • Baseband 04.26.08 for iPhone 3GS
တို့ ဖြစ်ပါတယ်။

မိမိ iPhone ရဲ့  Baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။

"ultrasn0w" ကို Install လုပ်နိုင်ရန် Cydia -> Sources -> Edit -> Add မှာ "http//repo666.ultrasn0w.com" ဟု ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ထိုနောက် Cydia -> Search တွင် "ultrasn0w" ဟုရှာပြီး Install လုပ်ပါ။

မှတ်ချက်။ ။ "sn0w" စာလုံးတွင် "အို" အစား "သုည(Zero)" ကို ရိုက်ပါ။ **အထူးသတိပြုရန်**

Unlock လုပ်နိုင်ရန် အထက်ပါ Baseband များနှင့် ကိုက်ညီနေသော်လည်း မိမိ၏ iPhone 4,3G,3Gs မှာ iOS 6.1/6.0.1/6.1.2/6.1.3 မဖြစ်သေးပါက firmware ကို iTunes နှင့် တိုက်ရိုက်ချိပ်ဆက်၍ Update မလုပ်မိစေရန် သတိပြုပါ။

မိမိတို့ ၏ Unlock baseband ကို မပျက်စီးစေပဲ iOS Update လုပ်နည်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Thursday, March 14, 2013

iOS 6.1 အတွက် Unlock

iPhone 4 နှင့် 3Gs (Lock phone) အသုံးပြုသူများ iOS 6.1 ကို software unlock ပြုလုပ်နိုင်ကြပါပြီ...

iPhone များကို software unlock ပြုလုပ်နိုင်ဖို့  အမြဲကြိုးပမ်းနေသော "ultrasn0w" က version 1.2.8 ကို အသစ်ထပ်မံ update လုပ်ပေးလိုက်တဲ့ အတွက် iOS 6.1 ကို unlock ပြုလုပ်နိုင်ကြပါပြီ။


"ultrasn0w 1.2.8" ကို အသုံးပြုပြီး unlock လုပ်နိုင်တဲ့ Baseband များကတော့..
  • iPhone 4 : 01.59.00
  • iPhone 3G/3Gs : 04.26.08, 05.11.07, 0.5.12.01, 05.13.04 or 06.15.00
တို့ ဖြစ်ပါတယ်။

မိမိ iPhone ရဲ့  Baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။

"ultrasn0w" ကို Install လုပ်နိုင်ရန် Cydia -> Sources -> Edit -> Add မှာ "http//repo666.ultrasn0w.com" ဟု ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ထိုနောက် Cydia -> Search တွင် "ultrasn0w" ဟုရှာပြီး Install လုပ်ပါ။

မှတ်ချက်။ ။ "sn0w" စာလုံးတွင် "အို" အစား "သုည(Zero)" ကို ရိုက်ပါ။ **အထူးသတိပြုရန်**

Unlock လုပ်နိုင်ရန် အထက်ပါ Baseband များနှင့် ကိုက်ညီနေသော်လည်း မိမိ၏ iPhone 4,3G,3Gs မှာ iOS 6.1 မဖြစ်သေးပါက firmware ကို iTunes နှင့် တိုက်ရိုက်ချိပ်ဆက်၍ Update မလုပ်မိစေရန် သတိပြုပါ။

မိမိတို့ ၏ Unlock baseband ကို မပျက်စီးစေပဲ iOS 6.1 သို့  Update လုပ်နည်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Lock iPhone အတွက် Baseband မပြောင်းလဲပဲ iOS 6.1 သို့  Update လုပ်ယူနည်း

iPhone ရဲ့  iOS မှာ ယခုဆိုရင် iOS 6.1.2 ကိုရောက်ရှိသွားပါပြီ၊ သို့ ပေမယ့် Lock iPhone ကို အသုံးပြုမိနေတဲ့ မိတ်ဆွေများကတော့ iOS version မြင့်တိုင်း ထပ်ကြပ်မကွာ update မလုပ်နိုင်ကြပါဘူး။

Baseband ကန့် သတ်ချက်ကြောင့် Jailbreak လုပ်နိုင်ခဲ့ရင်တောင် Unlock လုပ်နိုင်ဖို့  စောင့်မျှော်နေကြရပါတယ်။ ဒါ့အပြင် iOS update လုပ်ရာတွင်လည်း အနည်းငယ် အခက်အခဲလေးတွေ ရှိနေတတ်ပါတယ်..

Lock phone များဖြစ်ကြသော iPhone 4, 3G, 3Gs သမားများအတွက် မိမိတို့ ၏ Unlock-able baseband ကို မပြောင်းလဲစေပဲ iOS 6.1 ကို လုံခြုံစိတ်ချစွာ update လုပ်နိုင်မယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ထုံစံအတိုင်း preserved baseband iOS တစ်ခုကို တည်ဆောက်ဖို့  အမြဲတမ်းအသုံးပြုနေရတဲ့ "sn0wbreeze" ကိုပဲ အသုံးပြုကြရပါလိမ့်မယ်။

**sn0wbreeze ကို အသုံးမပြုမီ သိသင့်သိထိုက်သော အချက်များ**
  • iPhone 3Gs အတွက် 05.11.07, 0.5.12.01, 05.13.04, 06.15.00 ၊ iPhone 4 အတွက် 01.59.00 baseband များကိုသာ preserved လုပ်ပေးနိုင်ပါမည်။
  • မိမိ၏ iPhone baseband သည် အထက်ပါတို့ ထဲမှ တစ်ခုခုနှင့် လက်ရှိတွင် ကိုက်ညီမှုရှိနေရပါမည်။ သို့ မှသာ iOS 6.1 သို့  update လုပ်နိုင်ပါလိမ့်မည်။
  • မိမိ၏ iPhone baseband ကို စစ်ဆေးရန် Settings -> General -> About မှ "Modem Firmware" ကို ကြည့်ရမှာဖြစ်ပါတယ်။


>> Download sn0wbreeze 2.9.13
>> Download iOS 6.1 IPSW

sn0wbreeze 2.9.13 သည် လက်ရှိမှာ နောက်ဆုံး version ဖြစ်ပြီး iOS 6.1.2 ထိ bsaeband preserved လုပ်ပေးနိုင်ပါတယ်၊ ဒါပေမယ့် Unlock အတွက် အသုံးပြုရမယ့် "ultrasn0w" က iOS 6.1 ထိသာ unlock လုပ်ပေးနိုင်သေးတာကြောင့် iOS 6.1 ကို Update လုပ်နည်းသာ တင်ပြပေးလိုက်ပါတယ်။

လုပ်ငန်းစဉ်

အဆင့် ၁)
မိမိ iPhone နှင့် သက်ဆိုင်သော "iOS 6.1 IPSW" နှင့် "sn0wbreeze" တို့ ကို ဦးစွာ download ရယူထားပါ။

အဆင့် ၂)
sn0wbreeze ကို Run ပါ။ "OK" နှိပ်ပြီး "Next" (အပြာရောင်မြှား) ကို ဆက်နှိပ်ပါ။


အဆင့် ၃)
"Browse for an IPSW" (အပြာရောင်) ကို နှိပ်၍ အပေါ်တွင် download ရယူခဲ့သော iOS 6.1 IPSW ကို ရွေးပေးလိုက်ပါ။


ဤနေရာတွင် ကျွန်တော်က iPhone 3Gs ကို အသုံးပြုပြီး ပြသထားပါတယ်

အဆင့် ၄)
iPhone 3Gs အတွက် ရွေးစရာ (၃)ခုရှိပါတယ်၊ မိမိ၏ bootrom ကို သိရင် (Old/New) ရွေးပေးပါ။ မသိရင် "Detect it for me" နှိပ်ပါ။ Detect လုပ်ပြီးလို့  Old/New သိရင် သက်ဆိုင်ရာကို ရွေးပေးပါ။


အဆင့် ၅)
sn0wbreeze မှ iOS 6.1 ကို Verified လုပ်ပါမည်။


အဆင့် ၆)
ဤအဆင့်တွင် "Simple" mode ကိုသာ ရွေးပါ။


အဆင့် ၇)
"Activate" လုပ်ရန် မေးလာပါလိမ့်မည် "Yes" ကိုနှိပ်ပါ။


အဆင့် ၈)
sn0wbreeze မှ iOS 6.1 အတွက် preserved လုပ်ပြီးသား firmware အသစ်တစ်ခု ဆောက်နေပါပြီ။


အဆင့် ၉)
အောင်မြင်စွာ ဆောက်ပြီးကြောင်း message ပေါ်လာပါမည်။ "OK" နှိပ်ပါ။ မိမိ၏ Desktop တွင် ပုံပါအတိုင်း "sn0wbreeze_iPhone_xx_6.1-xxxx" file တစ်ခုကို ရရှိလာပါလိမ့်မည်။ (ထို file ကို iTunes နှင့် Custom Restore လုပ်သော အဆင့်တွင် အသုံးပြုရန်ဖြစ်သည်)


အဆင့် ၁၀)
sn0wbreeze က သင့် iPhone ကို DFU mode ဝင်ရန် ညွှန်ကြားပါလိမ့်မည်။ iPhone ကို PC နှင့် ချိပ်ဆက်ပြီးနောက် ညွှန်ကြားချက်အတိုင်း ကွက်တိ လုပ်ဆောင်ပါ။ အောင်မြင်ပါက သင့် iPhone DFU mode သို့  ရောက်သွားပါမည်။


အဆင့် ၁၁)
iTunes တက်လာပြီး "Restore" လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။ Custom Restore လုပ်ရန် (Shift key + Restore) ကို နှိပ်ပြီး အဆင့် (၉) တွင် ရရှိထားသော IPSW file ကို ရွေးပေးလိုက်ပါ။


Restore လုပ်ငန်းစဉ် ချောမောစွာပြီးစီးသွားပါက Baseband preserved လုပ်၍ iOS 6.1 သို့  Update လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

**မှတ်ချက်** အထက်ပါ အဆင့်များ အောင်မြင်စွာ ပြီးစီးသွားသော်လည်း သင့် iPhone သည် Jailbreak မဖြစ်သေးသလို Unlocked လဲ မဖြစ်သေးပါ။

>> iPhone ကို iOS 6.1 Jailbreak လုပ်ဆောင်ရန် ဤနေရာတွင် ဖတ်ရှုပါ...
>> Jailbreak လုပ်ပြီးနောက် Unlock လုပ်ရန် ဤနေရာတွင် ဖတ်ရှုပါ...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Sunday, October 21, 2012

iPhone IMEI Unlock FREE!!

iPhone ကို Unlock လုပ်လို့  မရလို့  စိတ်ညစ်နေကြတဲ့ မိတ်ဆွေများ အတွက် Factory Unlock ကို Free ပြုလုပ်နိုင်မယ့် Site လေးကို လက်တို့ ပေးချင်ပါတယ်...
iPhone 3G ကစလို့  iPhone 5 အထိ Unlock လုပ်နိုင်ပြီး Jailbreak လုပ်ထားဖို့ လည်း မလိုအပ်ပါဘူး၊ Remote Unlock စနစ်နဲ့  Unlock ပြုလုပ်ပေးမှာဖြစ်လို့  မိမိ Device ရဲ့  IMEI Number ကို ပေးပို့ လိုက်ရုံနဲ့  နာရီပိုင်း အတွင်းမှာ Unlock လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်...

သို့ ပေမယ့် အဲဒီလောက် လွယ်ကူ နေမယ် ဆိုမှတော့ နောက်ကွယ်မှာ ယှဉ်ပြိုင်မှုလေးတွေတော့ ရှိကြစမြဲပါ...
ကျွန်တော်ရဲ့  ဆောင်ပုဒ်လိုပေါ့....

"အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်"....

Free ရချင်တဲ့ အတွက် အဲဒီ တန်ဖိုးလေးကိုတော့ အနည်းငယ် ကြိုးစားပေးဆပ်ကြရမှာပေါ့....
ပထမဦးဆုံး ပြောချင်တာကတော့ အခု Free Unlock လုပ်ပေးမယ့် Site ဟာ ပိုက်ဆံနဲ့  Unlock ဝန်ဆောင်မှုပေးနေတဲ့ Site တစ်ခု ဖြစ်ပါတယ်၊ ဒါပေမယ့် အပတ်စဉ် တစ်ပတ်ကို တစ်ယောက် ကံစမ်းမဲ ဖောက်ပေးပြီး Free Unlock ပြုလုပ်ပေးလျှက် ရှိပါတယ်။ ဒါကြောင့် Free Unlock လုပ်ချင်တယ် ဆိုရင်တော့ ကံကောင်းဖို့  တော့လိုပါတယ်။

Free Unlock အတွက် ပါဝင်ယှဉ်ပြိုင်လိုတယ် ဆိုရင်တော့ အောက်ပါ အချက်အလက်များကို လုပ်ဆောင်ပေးဖို့  လိုအပ်ပါတယ်...

(၁) သူတို့ ရဲ့  Twitter ကို "Follow" လုပ်ပေးရပါမယ်။
(၂) Facebook မှာ "Like" လုပ်ပေးရပါမယ်။
(၃) Google + မှာ "Recommend" လုပ်ရပါမယ်။
(၄) မူရင် Site မှာ ကျေးဇူးတင် စကား ရေးပေးရပါမယ်။
(၅) မိမိရဲ့  eMail လိပ်စာကို ဖြည့်ထားပေးရပါမယ် (ဒါမှသာ သင်မဲပေါက်ပါက ဆက်သွယ်ပြီး IMEI တောင်ယူ Unlock လုပ်ပေးပါလိမ့်မယ်)

>> ဤနေရာတွင် FREE Unlock အတွက် တစ်ဆင့်ခြင်း စတင်ပါ။


မိမိက ငွေကြေးတတ်နိုင်လို့  ကံစမ်းမဲလည်း မစောင့်နိုင်ဘူး ဆိုရင်တော့ ပိုက်ဆံပေးပြီး Unlock လုပ်နိုင်ပါသေတယ်။ မိမိ Device ရဲ့  နိုင်ငံအလိုက် Unlock လုပ်ပေးတဲ့ ဝန်ဆောင်ခတွေ ကွာခြားပြီး အနိမ့်ဆုံး £39 (စတာလင်ပေါင်) ကနေ £115 အထိ ကုန်ကျနိုင်ပါတယ်။

>> ဤနေရာတွင် PAY Unlock အတွက် စတင်ပါ။


မိမိ iDevice ရဲ့  IMEI ကို Settings -> General -> About မှာ ရှာဖွေ တွေ့ ရှိနိုင်ပါတယ်..



မှတ်ချက်။ ။ အထက်ပါ Unlock လုပ်ခြင်းနှင့် ပက်သက်သော အကြောင်းအရာကို သတင်းတစ်ခု အနေနှင့် အသိပေးခြင်းသာ ဖြစ်ပြီး ဖြစ်ပေါ်လာသော အကျိုးဆက်များသည် "မိုးသိကြား" နှင့် မည်သို့ မျှ ပက်သက်ခြင်း မရှိပါ၍ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ပါကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Sunday, September 16, 2012

Baseband မပြောင်းပဲ iOS 5.1.1 ကို Update လုပ်ခြင်း

iOS 5.1.1 သို့  မြှင့်လိုသော်လည်း Baseband တက်သွားပြီး Locked ပြန်ကျသွားမှာ စိုးရိမ်နေသော iPhone 4, 3GS Locked phone ပိုင်ရှင်များ အတွက် လက်ရှိ unlocked လုပ်ထားသော Baseband ကို မထိခိုက်ပဲ iOS 5.1.1 ကို တင်နိုင်မယ့် နည်းလမ်းလေးပါ..

Windows, Mac နှစ်မျိုးလုံးမှာ အလုပ်လုပ်နိုင်ပါတယ်၊ လိုအပ်သည်များကို ဦးစွာ Download ရယူပြီး Folder တစ်ခုထဲတွင် စုစည်းထားပါ။

>> Download iTunes 10.6.1
>> Download Redsn0w 0.9.11b4 (Windows)
>> Download Redsn0w 0.9.11b4 (Mac)
>> Download iOS 5.1.1

လုပ်ငန်းစဉ်

အဆင့် ၁)

Redsn0w 0.9.11b4 ကို zip ဖြည်ပြီး Run ပေးပါ။

အဆင့် ၂)

အောက်ပါပုံတွင် ဖော်ပြထားသည်အတိုင်း "Extras" button ကို နှိပ်ပါ။


အဆင့် ၃)

ထို့ နောက် "Custom IPSW" ကို နှိပ်ပြီးနောက် အပေါ်တွင် download ရယူထားခဲ့သော သက်ဆိုင်ရာ iDevice ၏ iOS 5.1.1 ကိုရွေးပေးလိုက်ပါ။


အဆင့် ၄)

အခုဆိုရင် Redsn0w က iOS 5.1.1 ကို Custom IPSW တစ်ခု ဆောက်နေပါပြီ။


အဆင့် ၅)

IPSW ဆောက်ပြီးသွားပါက အောက်ပါအတိုင်း message ပေါ်လာပါမည် OK နှိပ်ပေးလိုက်ပါ။
(Folder ထဲတွင် / Desktop တွင်လည်း NO_BB custom IPSW file တစ်ခု ရလာပါလိမ့်မည်)


အဆင့် ၆)

Redsn0w ၏ "Extras" အောက်မှ "Pwned DFU" ကိုနှိပ်ပါ။



အဆင့် ၇)

သင်၏ iPhone ကို USB အသုံးပြု၍ PC နှင့် ချိပ်ဆက်ပြီး Power Off လိုက်ပါ။

အဆင့် ၈)

အသင့်ဖြစ်ရင် Redsn0w မှ Next နှိပ်၍ ညွှန်ကြားချက် အတိုင်း တစ်ဆင့်ခြင်း DFU mode ရောက်အောင် လုပ်ဆောင်သွားပါ။


အဆင့် ၉)

DFU mode ထဲရောက်သွားပါက iTunes ကို ဖွင့်ပါ။ ထိုနောက် shift key နှင့် တွဲ၍ Restore button ကို နှိပ်ပြီး အဆင့် ၅ တွင် ဆောက်ထားခဲ့သော NO_BB custom IPSW ကိုရွေးပေးလိုက်ပါ။


အဆင့် ၁၀)

အခုဆိုရင် သင့် iPhone ကို unlock လုပ်နိုင်သော Baseband ကို မပြောင်းလဲစေပဲ iOS 5.1.1 ကို update လုပ်နေပါပြီ။

အားလုံးပြီးစီးပါက Jailbreak လုပ်ရန် Unlockn လုပ်ရန် အောက်ပါ နေရာများတွင် ဖတ်ရှု၍ ဆက်လက်လုပ်ဆောင်ပါ။

>> iOS 5.1.1 Jailbreak
>> iOS 5.1.1 Unlocked


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား


Continue Reading....

Thursday, August 9, 2012

iDevice Models and Country Region

လက်ရှိတွင် မိမိအသုံးပြုနေသော Apple iDevice မှာ မည်သည့် အမျိုးအစားဖြစ်သည်ကို တိတိကျကျ သိရှိနိုင်စေရန်၊ ထပ်မံဝယ်ယူလိုသော iDevice အမျိုးအစား၏ model number ကို မှတ်သား၍ ကြိုတင်သိရှိထားသောအခါ ပစ္စည်းဝယ်ယူရာတွင် အမှားနည်းစေရန်နှင့် အခြားသော အကြောင်းအမျိုးမျိုးများကြောင့် model number များကို သိရှိရန် လိုအပ်ခဲ့ပါက လွယ်ကူစွာ ရှာဖွေနိုင်ရန် ရည်ရွယ်၍ Apple iDevice များ၏ model များကို စုစည်း တင်ပြပေးလိုက်ပါသည်။


မိမိ iDevice Model number ကိုသိရှိရန် Home screen ရှိ Settings -> General -> About -> Model တွင် ရှာဖွေ တွေ့ ရှိနိုင်ပါသည်။
Model number ၏ နောက်ဆုံးရှိ အက္ခရာမှာ Device ၏ Region အမှတ်အသား ဖြစ်ပါသည်။ ဥပမာ Model number : MB489ZA တွင် MB489 သည် iPhone 3G (8G) အမျိုးစားဖြစ်ပြီး ZA မှာ (Singapore) ကိုရည်ညွှန်းသော ကုဒ်ဖြစ်ပါသည်။
သက်ဆိုင်ရာ Country Region ID များကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

>> iDevice Model Numbers <<
iPhone 2G
-FA501 (4GB)
-FA712 (8GB)
-FB384 (16GB)
-MA501 (4GB)
-MA712 (8GB)
-MB384 (16GB)
-PA501 (4GB)
-PA712 (8GB)
-PB384 (16GB)

iPhone 3G (Black)
-FB046 (8GB)
-FB489 (8GB)
-FB702 (8GB)
-FB048 (16GB)
-FB496 (16GB)
-FB704 (16GB)
-MB046 (8GB)
-MB489 (8GB)
-MB702 (8GB)
-MB048 (16GB)
-MB496 (16GB)
-MB704 (16GB)
-PB046 (8GB)
-PB489 (8GB)
-PB702 (8GB)
-PB048 (16GB)
-PB496 (16GB)
-PB704 (16GB)

iPhone 3G (White)
-FB499 (16GB)
-FB500 (16GB)
-FB705 (16GB)
-MB499 (16GB)
-MB500 (16GB)
-MB705 (16GB)
-PB499 (16GB)
-PB500 (16GB)
-PB705 (16GB)

iPhone 3GS (Black - Old Bootrom)
-FB715 (16GB)
-FB717 (32GB)
-MB715 (16GB)
-MB717 (32GB)
-PB715 (16GB)
-PB717 (32GB)

iPhone 3GS (White - Old Bootrom)
-FB716 (16GB)
-FB718 (32GB)
-MB716 (16GB)
-MB718 (32GB)
-PB716 (16GB)
-PB718 (32GB)

iPhone 3GS (Black - New Bootrom)
-FC131 (16GB)
-FC133 (32GB)
-FC135 (16GB)
-FC137 (32GB)
-FC555 (8GB)
-FC640 (8GB)
-MC131 (16GB)
-MC133 (32GB)
-MC135 (16GB)
-MC137 (32GB)
-MC555 (8GB)
-MC640 (8GB)
-PC131 (16GB)
-PC133 (32GB)
-PC135 (16GB)
-PC137 (32GB)
-PC555 (8GB)
-PC640 (8GB)

iPhone 3GS (White - New Bootrom)
-FC132 (16GB)
-FC134 (32GB)
-FC136 (16GB)
-FC138 (32GB)
-MC132 (16GB)
-MC134 (32GB)
-MC136 (16GB)
-MC138 (32GB)
-PC132 (16GB)
-PC134 (32GB)
-PC136 (16GB)
-PC138 (32GB)

iPhone 4 (Black - 8GB)
-FC128
-MD128
-PC128

iPhone 4 (White - 8GB)
-FC198
-MD198
-PC198

iPhone 4 GSM (Black)
-FC318 (16GB)
-FC319 (32GB)
-FC603 (16GB)
-FC605 (32GB)
-FC608 (16GB)
-FC610 (32GB)
-MC318 (16GB)
-MC319 (32GB)
-MC603 (16GB)
-MC605 (32GB)
-MC608 (16GB)
-MC610 (32GB)
-PC318 (16GB)
-PC319 (32GB)
-PC603 (16GB)
-PC605 (32GB)
-PC608 (16GB)
-PC610 (32GB)

iPhone 4 GSM (White)
-FC604 (16GB)
-FC606 (32GB)
-MC604 (16GB)
-MC606 (32GB)
-PC604 (16GB)
-PC606 (32GB)

iPhone 4 CDMA (Black)
-FC676 (16GB)
-FC678 (32GB)
-MC676 (16GB)
-MC678 (32GB)
-PC676 (16GB)
-PC678 (32GB)

iPhone 4 CDMA (White)
-FC677 (16GB)
-FC679 (32GB)
-MC677 (16GB)
-MC679 (32GB)
-PC677 (16GB)
-PC679 (32GB)

iPhone 4S (Black)
-FC918 (16GB)
-FC919 (32GB)
-FC923 (32GB)
-FD234 (16GB)
-FD235 (16GB)
-FD241 (32GB)
-FD257 (64GB)
-FD258 (64GB)
-FD269 (64GB)
-FD276 (16GB)
-FD278 (32GB)
-FD280 (64GB)
-FD377 (16GB)
-FD379 (32GB)
-FD381 (64GB)

-MC918 (16GB)
-MC919 (32GB)
-MC923 (32GB)
-MD234 (16GB)
-MD235 (16GB)
-MD241 (32GB)
-MD257 (64GB)
-MD258 (64GB)
-MD269 (64GB)
-MD276 (16GB)
-MD278 (32GB)
-MD280 (64GB)
-MD377 (16GB)
-MD379 (32GB)
-MD381 (64GB)

-PC918 (16GB)
-PC919 (32GB)
-PC923 (32GB)
-PD234 (16GB)
-PD235 (16GB)
-PD241 (32GB)
-PD257 (64GB)
-PD258 (64GB)
-PD269 (64GB)
-PD276 (16GB)
-PD278 (32GB)
-PD280 (64GB)
-PD377 (16GB)
-PD379 (32GB)
-PD381 (64GB)

iPhone 4S (White)
-FC920 (16GB)
-FC921 (32GB)
-FD237 (16GB)
-FD244 (32GB)
-FD260 (64GB)
-FD271 (64GB)
-FD277 (16GB)
-FD279 (32GB)
-FD281 (64GB)
-FD378 (16GB)
-FD380 (32GB)
-FD382 (64GB)

-MC920 (16GB)
-MC921 (32GB)
-MD237 (16GB)
-MD244 (32GB)
-MD260 (64GB)
-MD271 (64GB)
-MD277 (16GB)
-MD279 (32GB)
-MD281 (64GB)
-MD378 (16GB)
-MD380 (32GB)
-MD382 (64GB)

-PC920 (16GB)
-PC921 (32GB)
-PD237 (16GB)
-PD244 (32GB)
-PD260 (64GB)
-PD271 (64GB)
-PD277 (16GB)
-PD279 (32GB)
-PD281 (64GB)
-PD378 (16GB)
-PD380 (32GB)
-PD382 (64GB)

iPodTouch 1G
-FC623 (8GB)
-FC624 (8GB)
-FC839 (8GB)
-MA623 (8GB)
-MA624 (8GB)
-MA839 (8GB)
-PA623 (8GB)
-PA624 (8GB)
-PA839 (8GB)

-FA627 (16GB)
-FA628 (16GB)
-MA627 (16GB)
-MA628 (16GB)
-PA627 (16GB)
-PA628 (16GB)

-FA628 (32GB)
-MB376 (32GB)
-PB628 (32GB)

iPodTouch 2G
-FB525 (8GB)
-FC086 (8GB)
-MB525 (8GB)
-MB528 (8GB)
-MC086 (8GB)
-PB525 (8GB)
-PB528 (8GB)
-PB529 (8GB)
-PC086 (8GB)

-FB531 (16GB)
-FB532 (16GB)
-MB531 (16GB)
-MB532 (16GB)
-PB531 (16GB)
-PB532 (16GB)

-FC533 (32GB)
-FC534 (32GB)
-MB533 (32GB)
-MB534 (32GB)
-PB533 (32GB)
-PB534 (32GB)

iPodTouch 3G
-FC008 (32GB)
-MC008 (32GB)
-PC008 (32GB)

-FC011 (64GB)
-MC011 (64GB)
-PC011 (64GB)

iPodTouch 4G (Black)
-FC540 (8GB)
-MC540 (8GB)
-PC540 (8GB)

-FC544 (32GB)
-MC544 (32GB)
-PC544 (32GB)

-FC547 (64GB)
-MC547 (64GB)
-PC547 (64GB)

iPodTouch 4G (White)
-FC057 (8GB)
-MD057 (8GB)
-PC057 (8GB)

-FC058 (32GB)
-MD058 (32GB)
-PC058 (32GB)

-FC059 (64GB)
-MD059 (64GB)
-PC059 (64GB)

iPad 1 (WiFi)
-FB292 (16GB)
-MB292 (16GB)
-PB292 (16GB)

-FB293 (32GB)
-MB293 (32GB)
-PB293 (32GB)

-MB294 (64GB)
-PB294 (64GB)
-FB294 (64GB)

iPad 1 (GSM)
-FC349 (16GB)
-MC349 (16GB)
-PC349 (16GB)

-FC496 (32GB)
-MC496 (32GB)
-PC496 (32GB)

-FC497 (64GB)
-MC497 (64GB)
-PC497 (64GB)

iPad 2 (WiFi - Black)
-FC769 (16GB)
-MC769 (16GB)
-PC769 (16GB)

-FC770 (32GB)
-MC770 (32GB)
-PC770 (32GB)

-FC916 (64GB)
-MC916 (64GB)
-PC916 (64GB)

iPad 2 (WiFi - White)
-FC979 (16GB)
-MC979 (16GB)
-PC979 (16GB)

-FC980 (32GB)
-MC980 (32GB)
-PC980 (32GB)

-FC981 (64GB)
-MC981 (64GB)
-PC981 (64GB)

iPad 2 (GSM - Black)
-FC773 (16GB)
-MC773 (16GB)
-PC773 (16GB)

-FC774 (32GB)
-MC774 (32GB)
-PC774 (32GB)

-FC775 (64GB)
-MC775 (64GB)
-PC775 (64GB)

iPad 2 (GSM - White)
-FC982 (16GB)
-MC982 (16GB)
-PC982 (16GB)

-FC983 (32GB)
-MC983 (32GB)
-PC983 (32GB)

-FC984 (64GB)
-MC984 (64GB)
-PC984 (64GB)

iPad 2 (CDMA - Black)
-FC755 (16GB)
-MC755 (16GB)
-PC755 (16GB)

-FC763 (32GB)
-MC763 (32GB)
-PC763 (32GB)

-FC764 (64GB)
-MC764 (64GB)
-PC764 (64GB)

iPad 2 (CDMA - White)
-FC985 (16GB)
-MC985 (16GB)
-PC985 (16GB)

-FC986 (32GB)
-MC986 (32GB)
-PC986 (32GB)

-FC987 (64GB)
-MC987 (64GB)
-PC987 (64GB)

New iPad 3 (WiFi - Black)
-FC705 (16GB)
-MC705 (16GB)
-PC705 (16GB)

-FC706 (32GB)
-MC706 (32GB)
-PC706 (32GB)

-FC707 (64GB)
-MC707 (64GB)
-PC707 (64GB)

New iPad 3 (WiFi - White)
-FD328 (16GB)
-MD328 (16GB)
-PD328 (16GB)

-FD329 (32GB)
-MD329 (32GB)
-PD329 (32GB)

-FD330 (64GB)
-MD330 (64GB)
-PD330 (64GB)

New iPad 3 (CDMA - Black)
-FC733 (16GB)
-MC733 (16GB)
-PC733 (16GB)

-FC744 (32GB)
-MC744 (32GB)
-PC744 (32GB)

-FC756 (64GB)
-MC756 (64GB)
-PC756 (64GB)

New iPad 3 (CDMA - White)
-FD363 (16GB)
-MD363 (16GB)
-PD363 (16GB)

-FD364 (32GB)
-MD364 (32GB)
-PD364 (32GB)

-FD365 (64GB)
-MD365 (64GB)
-PD365 (64GB)

New iPad 3 (Global - Black)
-FD366 (16GB)
-MD366 (16GB)
-PD366 (16GB)

-FD367 (32GB)
-MD367 (32GB)
-PD367 (32GB)

-FD368 (64GB)
-MD368 (64GB)
-PD368 (64GB)

New iPad 3 (Global - White)
-FD369 (16GB)
-MD369 (16GB)
-PD369 (16GB)

-FD370 (32GB)
-MD370 (32GB)
-PD370 (32GB)

-FD371 (64GB)
-MD371 (64GB)
-PD371 (64GB)

Country Region IDs
AB Egypt, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
C Canada
CZ Czech Republic
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
J Japan
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TA Taiwan
TU Turkey
X Australia, New Zealand
Y Spain
ZA Singapore
ZP Hong Kong, Macau


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Tuesday, July 24, 2012

iPhone Official Unlocking with Carriers

Unlock အတွက် သတင်းကောင်းတစ်ခု အနေနဲ့  U.S.A ရှိ ဖုန်းလိုင်းတစ်ခု ဖြစ်တဲ့ AT&T ကုမ္ပဏီက သူနှင့် စာချုပ်ပြည့်သွားသော customer များရဲ့  iPhone ကို Official Unlock ကို ယခုနှစ် ဧပြီ လဆန်းလောက်ထဲက အခမဲ့ ပြုလုပ်ပေးလျှက်ရှိနေပါတယ်။
ယခုလို Official Unlock ပြုလုပ်နိုင်ဖို့  အတွက် လုပ်ဆောင်ရမှာက...

AT&T ကုမ္ပဏီကို ဖုန်းနှင့်ဖြစ်စေ Online မှ ဖြစ်စေ ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှ လိုအပ်သော အချက်အလက်များကို သင့်ထံမှ တောင်းခံပြီးနောက် iPhone ကို Unlock အတွက် အတည်ပြု စစ်ဆေးချိန် (၇၂ နာရီမှ ၂ ပတ်ထိ) အချိန်ယူမှာ ဖြစ်ပါတယ်။

Unlock အတွက် ခွင့်ပြုချက် ရရှိလာပါက လုပ်ဆောင်ပုံ အဆင့် ညွှန်ကြားချက်နှင့် တစ်ကွ သင်ထံသို့  အောက်ပါပုံ အတိုင်း မေးလ်ဖြင့် ပေးပို့ ဆက်သွယ်ပါလိမ့်မည်။


Official Unlock ပြုလုပ်ရန် iPhone ကို Restore ပြန်လုပ်ရမည် ဖြစ်၍ အရင်ဦးဆုံး Backup လုပ်ထားဖို့  လိုပါလိမ့်မည်။
ဤနေရာတွင် Jailbreak လုပ်ထားပြီးသူ အနေနှင့် အစ အဆုံး ပြန်လည် Restore လုပ်ရန် မလိုပဲ သွင်းယူထားသော Apps, tweaks, contacts စသည်တို့ ကိုပါ မပျောက်ပျက်လိုပါက အောက်ပါအတိုင်း လုပ်ဆောင်ပြီးမှ iTunes နှင့် ချိပ်ဆက် Unlock လုပ်နိုင်ပါသည်။

အဆင့် ၁) Redsn0w Latest version ကို ဤနေရာတွင် Download ဦးစွာရယူပါ။ ထိုနောက် redsn0w ကို Run ပါ။

အဆင့် ၂) iPhone ကို ချိပ်ဆက်ပြီး "Jailbreak" option ကို နှိပ်ပါ။ (iTunes တက်လာပါက ပိတ်ပစ်ပါ)

အဆင့် ၃) "Next" နှိပ်ပြီး iPhone ကို DFU mode ဝင်ရန် လုပ်ဆောင်ပါ။

အဆင့် ၄) "Install Cydia" ကို အမှန်ခြစ် ဖြုတ်ပြီး၊ "Deactivate" ကို အမှန်ခြစ် ရွေးပေးလိုက်ပါ (ပုံပါအတိုင်း)။ "Next" နှိပ်ပါ။


အဆင့် ၅) Redsn0w က အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

အဆင့် ၆) ဖုန်း Reboot ပြန်တက်လာပါက iTunes ကို ဖွင့်ပါ၊ ထိုအခါ iTunes မှ သင့် iPhone Unlock ဖြစ်သွားကြောင်း
အာက်ပါအတိုင်း တွေ့ ရပါလိမ့်မည်။


မှတ်ချက်။ ။ AT&T မဟုတ်သော အခြားနိုင်ငံ အခြား Carrier များ အနေနှင့်လည်း မိမိ iPhone ၏ Carrier ကို Official Unlock service ပေး/မပေးကို ဤနေရာတွင် ဝင်ရောက် စုံစမ်းနိုင်ပါသည်။


အထက်ပါ ပုံတွင် Australia နှင့် China နှစ်နိုင်ငံလုံးသည် Locked Carrier အနေနှင့် ရှိနေသော်လည်း Australia နိုင်ငံက Official Unlocking အတွက် Service offer ပေးထားသည်ကို တွေ့ မြင်ရပေမည်၊ ဤနည်းနှင့် မိမိတို့ သက်ဆိုင်ရာ အခြေနေများကို စစ်ဆေးပြီး Carrier နှင့် ဆက်သွယ် ဆောင်ရွက်ပါ။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Thursday, July 12, 2012

Activation Screen ကို ကျော်၍ ဝင်ရောက်နည်း

ကျွန်တော်ထံသို့  အခုတစ်လော ဆက်သွယ်မေးမြန်းလာတဲ့ စာတော်တော်များများမှာ Firmware Update လုပ်လိုက်ပြီးနောက် Activation အဆင့်ကို ကျော်လို့ မရလို့  မေးမြန်းထားထာတွေကို တွေ့ ရပါတယ်၊ ဒါ့ကြောင့်...
iOS 5.1 (သို့ ) 5.1.1 ထည့်သွင်းထားပြီး Activation အဆင့်ကို မကျော်လွန်နိုင်သော iPhone 4S, 4, 3GS တို့ အတွက် Computer မလို SIM Card, Jailbreak ဖြစ်ရန် ရှိရန် မလိုပဲ iPhone မှာတင် Activation အဆင့်ကို ကျော်လွန်နိုင်မယ့် Bypass Trick နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်။

ယခုဖော်ပြမည့် အကြောင်းအရာကို လုပ်ငန်းမစတင်မီ ဦးစွာ နားလည်အောင် ဖတ်ရှုစေလိုပါတယ်၊ Video Tutotial ကိုလည်း တစ်ပါတည်း တင်ပြပေးထားပါတယ်။

**အောက်ဖော်ပြပါ လုပ်ငန်းစဉ်အတွက် လက်လျှင်ရန်တော့ အနည်းငယ် လိုပါလိမ့်မယ်...**

လုပ်ငန်းစဉ်

အဆင့် ၁)
Activation Screen တွင် ပေါ်နေသော "configure" ကို slide ဆွဲ၍ဖွင့်ပါ။

အဆင့် ၂)
ပေါ်လာသော Buttom များ၏ အောက်ဆုံးရှိ "Cancel" ကို နှိပ်ပြီး ချက်ချင်း "Home" button ကို ပြန်နှိပ်ပါ။

အဆင့် ၃)
ဒီအခါတွင် "Emergency Call" button ကို နှိပ်ပြီး မိမိနိုင်ငံ၏ emergency number ကို နှိပ်ပြီး Call လုပ်ပါ။ (မြန်မာပြည်မှာ ဆိုလျှင် "199" သို့  "191" ဖြစ်ကောင်းပါလိမ့်မည်)

အောက်ပါ အဆင့်များကို timing မှန်မှန် လက်မြန်မြန်နှင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်...
အဆင့် ၄)
>> emergency number ကို နှိပ်ပြီး "Emergency Call --- Calling" ပြပြီဆိုပါက "Power Button" ကို နှိပ်ထားလိုက်ပါ..
>> "slide to power off" နှင့် "Cancel" တက်လာပါက "Cancel" ကို နှိပ်ပါ
>> "Touch Return to Call" ကိုနှိပ်ပြီး
>> "End Call" button ကို နှိပ်ပြီး ဖုန်းချလိုက်ပါ...

အခုဆိုရင် iPhone ရဲ့  Home screen ကို ရောက်သွားပြီး အားလုံးကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ အကယ်၍ မအောင်မြင်ပါက ထပ်မံကြိုးစားကြည့်ပါ။

Video Tutorial



**သတိပြုရန်**

အထက်ဖော်ပြပါ အဆင့်များသည် အမှန်တစ်ကယ် Activation ဖြစ်ခြင်းမဟုတ်ပဲ ယာယီ အဆင့်ကျော်လိုက်ခြင်းပင် ဖြစ်ပါသောကြောင့် "Power" button ကို နှိပ်လိုက်ပါက ယခင် Activation screen ပင်ပြန်ပေါ်လာမည်ဖြစ်ကြောင်း ကြိုတင် အသိပေးပါရစေ..

Activation အဆင့်ကို ကျော်လွန်ပြီး Jailbreak လုပ်ရန် ကြိုးစားရာတွင် "Absinthe" နှင့် ကြိုးစားရာတွင် "Activate your Device first" ဟု message ပေါ်လာပြီး Jailbreak လုပ်ရန် အခက်အခဲ တွေ့ ကောင်းတွေ့ နိုင်ပါသည်။ ယင်းပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို ကြိုးစားရှာဖွေပြီး တင်ပြပေးသွားပါမည်။
ယင်းပြဿနာအား ကျော်လွန်နိုင်သူရှိပါက Comment တွင် ကူညီအကြံပြု ရေးသားစေလိုပါသည်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Sunday, June 17, 2012

iOS 5.1.1 Unlock with Ultrasn0w 1.2.7


iOS 5.1.1 အတွက် baseband unlock ပြုလုပ်နိုင်ဖို့  iPhone Dev Team က update အနေနဲ့  Ultrasn0w 1.2.7 ကို ထပ်မံ ထုတ်ပေးလိုက်ပါပြီ...

Ultrasn0w 1.2.7 က iOS 5.1.1 အသုံးပြုထားပြီး အောက်ပါ baseband များဖြစ်ကြသော iPhone 4, 3GS တို့ ကို unlock လုပ်ပေးနိုင်ပါလိမ့်မယ်။

Devices:
iPhone 4, 3G, and 3GS

iPhone 4 baseband:
01.59.00

iPhone 3G/3GS basebands:
04.26.08
05.11.07
05.12.01
05.13.04
06.15.00


Ultrasn0w 1.7.2 ကို Install လုပ်ရန်

1) Cydia -> Manage -> Sources -> Edit -> Add

2) " http://repo666.ultrasn0w.com " ဟု ရိုက်သွင်းပါ၊

3) Ultrasn0w 1.2.7 ကို install လုပ်ပါ။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Tuesday, June 5, 2012

Unlock "SAM Activation Tickets" with Redsn0w 0.9.12b1


"SAM unlock" ကို မှတ်မိကြမယ်ထင်ပါတယ်၊ Lock phone များကို iTunes မလို Original SIM card မလိုပဲ Unlock လုပ်ပေးနိုင်တဲ့ နည်းလမ်းအသစ်ကို မကြာသေးမီကမှ ကျွန်တော် ရေးသား ဖော်ပြပေးခဲ့ပါတယ်။ အပြည်အစုံကို ဤနေရာတွင် ဖတ်ပါ။

အဲဒီ "Activation Ticket" လေးကို သိမ်းထားနိုင်လိုက်တဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ နောက်ကျသွားလို့  မရလိုက်တဲ့ သူတွေလည်းရှိကြပါတယ်။
ယခု အကြောင်းအရာလေးကတော့ "SAM Activation Tickets" လေးကို သိမ်းထားနိုင်လိုက်တဲ့ မိတ်ဆွေများ ယခု iOS 5.1.1 ကို Jailbreak လုပ်ပြီးနောက် မိမိတို့ ဖုန်းကို Unlock လုပ်နိုင်ဖို့  နည်းလမ်းလေးဖြစ်ပါတယ်။

Redsn0w ရဲ့  ယခုနောက်ဆုံး version ဖြစ်တဲ့ Redsn0w 0.9.12b1 က စလို့  "Extras" ရဲ့ အောက်မှာ "Even more" ဆိုတဲ့ Features အသစ်တစ်ခု ပါရှိလာပါတယ်၊ အဲဒီအောက်ကနေမှ တစ်ဆင့် လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။

** ဤနည်းလမ်းကို အသုံးပြုနိုင်ရန် **

- iphone သည် jailbreak ဖြစ်ရပါမည်။
- SAM ကိုအသုံးပြု၍ ရှေးဦးက Backup ပြုလုပ်ထားသော Activation Ticket ဖြစ်တဲ့ "Lockdown.zip" ရှိထားရပါမည်။

Download

>> Redsn0w 0.9.12b1 (Win , Mac)

လုပ်ငန်းစဉ်

အဆင့် ၁)

သင့် iPhone ကို Computer နဲ့ ချိပ်ဆက်ပါ။

အဆင့် ၂)

Redsn0w 0.9.12b1 ကို Run ပါ။

အဆင့် ၃)

Extras -> Even more -> Tickets ကို နှိပ်ပြီး သိမ်းဆည်းထားခဲ့သော "Lockdown.zip" file ကို ရွေးပေးလိုက်ပါ။







အဆင့် ၄)

Redsn0w က "Tickets uploded" လို့ ပြပါမည်။

အဆင့် ၅)

iPhone ကို Reboot လုပ်ပါ။ ထို့ နောက် သင်နှစ်သက်ရာ SIM ကို ထည့်သွင်း အသုံးပြုနိုင်ပါပြီ။



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....