Thursday, March 31, 2016

How To Search Articles In Moethagyar

မိုးသိကြား ဘလောခ့်ကို လာရောက် ဖတ်ရှုလေ့လာကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်...

မိုးသိကြား ဘလောခ့်ကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ပြီး ယခုဆိုရင် ခြောက်နှစ်တာ ခရီးပေါက်ခဲ့ပါပြီ၊ တစ်နေ့တစ်ခြား ဖတ်ရှုသူ အရေအတွက် များပြာလာခဲ့ပြီး အသစ်ရောက်လာတဲ့ စာဖတ်သူများက ရှိထားပြီးသား အကြောင်းအရာများကို မကြာခဏ မေးမြန်လေ့ရှိပါတယ်၊ Online မှာ ကျွန်တော်ရှိနေတဲ့ အချိန်ဆိုရင် တိုက်ရိုက် ညွှန်ပြပေးနိုင်ပေမယ့် Offline ဖြစ်နေချိန်ဆိုရင်တော့ မပြန်ကြားပေးနိုင်တာကြောင့် ယနေ့ မိုးသိကြား ဘလောခ့်ရဲ့ "MENU" အသုံးပြုပုံလေးကို တင်ပြပေးလိုက်ပါတယ်...

ယခုဆောင်းပါးလေးကို ဘလောခ့်ရဲ့ ထိပ်ဆုံးနေရာမှာ အမြဲထားရှိပေးသွားမှာ ဖြစ်လို့ ဆောင်ပါးအသစ်များရဲ့ အထက်မှာ အမြဲရှိနေမှာကို သတိပြုပေးကြပါ..


မိုးသိကြား "MENU" မှာ
['Home' 'News' 'Jailbreak' 'Unlock' 'Downgrade' 'Errors' 'Downloads' 'Myanmar Font' 'Guide' 'Others' 'Forum' 'Contact'] ဟူ၍ အခန်းစဉ် (၁၂)မျိုး ခွဲခြားထားပါတယ်။

သတိပြုရမည့် အချက်မှာ ">>" လက္ခဏာ ပါရှိပါက အဆိုပါ အခန်းအောက်တွင် အခန်းငယ်ခွဲလေးများ ထပ်မံ ရှိနေပါသေးသည်။

Home
မည်သည့် နေရာတွင် ရောက်ရောက် ပထမဆုံး စာမျက်နှာကို ပြန်ရောက်ရန် 'Home' ကို နှိပ်ပါ။

News >>
သတင်းများ၏ အခန်းတွင် 'Mobile News' နှင့် 'SG Info' ခွဲခြားထားပြီး


[Mobile News] တွင် Apple iDevice များ၏ သတင်းများကို ရေးသားဖော်ပြလျှက်ရှိပါတယ်..

[SG Info] တွင် စင်ကာပူ သတင်းများ ဖော်ပြထားပြီး ထပ်မံ၍ Update အသစ်ရေးသားခြင်း မရှိတော့ပါ။


Jailbreak >>
Jailbreak လုပ်လိုသူများအတွက် Jailbreak Tutorials များကို ဖော်ပြပေးထားပြီး အဆိုပါ အခန်းအောက်တွင် ['Must Read' 'iPhone >>' 'iPad >>' 'iPodTouch >>'] တို့ကို ထပ်မံ ပိုင်းခြားပေးထားပါတယ်။


[Must Read] တွင် Jailbreak လုပ်မည့်သူများ မသိမဖြစ် အခြေခံရှိထားသင့်သော အသိပညာ ဆောင်းပါးများ ပါရှိပါတယ်။

['iPhone >>' 'iPad >>' 'iPodTouch >>'] တွင် iDevice ၏ အမျိုးအစားခွဲများကို ထပ်ဆင့်ခွဲခြားထားပြီး Jailbreak လုပ်သူများ သက်ဆိုင်ရာ iDevice ကို ရွေးလိုက်ရုံနှင့် Jailbreak လုပ်နည်း ဆောင်းပါးများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ (အသစ်ထွက်လာမည့် Device များကို အမြဲ Update လုပ်ပါမည်)

Unlock >>
Unlock လုပ်ချင်သူများအတွက် Unlock Tutorials များကို ဖော်ပြပေးထားပြီး အဆိုပါ အခန်းအောက်တွင် ['Must Read' 'iPhone >>'] တို့ကို ထပ်မံ ပိုင်းခြားပေးထားပါတယ်။


[Must Read] တွင် Unlock လုပ်မည့်သူများ မသိမဖြစ် အခြေခံရှိထားသင့်သော အသိပညာ ဆောင်းပါးများ ပါရှိပါတယ်။

[iPhone >>] တွင် iPhone version များကို ထပ်ဆင့်ခွဲခြားထားပြီး Unlock လုပ်သူများ သက်ဆိုင်ရာ iDevice ကို ရွေးလိုက်ရုံနှင့် Unlock လုပ်နည်း ဆောင်းပါးများကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ (အသစ်ထွက်လာမည့် Device Unlock လုပ်နိုင်ပါက ထပ်မံ၍ Update လုပ်ပါမည်)

Downgrade >>
iDevice ကို Downgrade လုပ်ချင်သူများ အတွက် နည်းလမ်းဆောင်းပါများ ပါရှိပြီး ['iTunes' 'iPhone >>' 'iPad >>' 'iPodTouch >>'] တို့ကို ထပ်မံ ခွဲခြားပေးထားပါတယ်။


[iTunes] တွင် iTunes version downgrade ချနည်းများ ဆောင်းပါးများ ဖတ်ရမှာ ဖြစ်ပါတယ်။

['iPhone >>' 'iPad >>' 'iPodTouch >>'] တို့တွင်လည်း iDevice model များကို ထပ်ဆင့်ခွဲထားပြီး အသီးသီးတွင် သက်ဆိုင်ရာ ဆောင်းပါးများ ပါရှိပါသည်။

Errors
iTunes တွင် ဖြစ်တတ်သော Errors များနှင့် ဖြေရှင်းနည်း ဆောင်းပါးများကို ဖတ်ရှုနိုင်ပါတယ်။

Downloads >> ၏ အောက်တွင် ['Firmwares' 'iTunes' 'Tweaks' 'Software >>' 'Apps' 'iBooks >>' 'RingTones'] တို့ ထပ်မံ ခွဲခြားပေးထားပါတယ်။


[Firmwares] များကို Update ထပ်မံ မလုပ်တော့ပဲ အလွယ်တစ်ကူ ရယူနိုင်ရန် ညာဘက်ခြမ်းရှိ Side bar တွင် 'iOS Download' အနေနဲ့ ဖော်ပြထားပါတယ်။

[iTunes] မှာတော့ ပြန်လည် ရယူရန် မလွယ်ကူတော့သော iTunes Old version များကို တင်ပေးထားပါတယ်။

[Tweaks] များအကြောင်း ရေးသားဖော်ပြထားခဲ့ပြီး နောက်ပိုင်းတွင် Tweaks များကြောင့် iDevice များ ပြဿနာဖြစ်စေနိုင်သည့် အတွက် မရှိမဖြစ် Tweaks များကိုသာ ရွေးချယ် ဖော်ပြနေဆဲ ဖြစ်ပါသည်။

[Software >>] ကတော့ Jailbreak နှင့် သက်ဆိုင်သော Software များကို စုစည်း ပေးထားခဲ့ပြီး ယခုအခါ Update မလုပ်တော့ပါ။ သက်ဆိုင်ရာ Software များကို Tutorial ဆောင်းပါးများတွင်သာ တိုက်ရိုက် ထည့်သွင်း ဖော်ပြနေပါသည်။

[App] တွင် Applications များသတင်းနှင့် ဘယ်လို Hack လုပ်နိုင်မလဲ ဆိုတာကို ဖော်ပြလျှက်ရှိပါတယ်။

[iBooks >>] တွင် Digital eBooks များ ရရှိနိုင်ပြီး 'ePub' နှင့် 'PDF' နှစ်မျိုး ခွဲခြားထားပါသည်။

[RingTones] ကို ထပ်မံ Update ပေးခြင်းမရှိတော့ပါ။


Myanmar Font
တွင် မြန်မာစာ သွင်းယူနည်းများကို iOS version များအလိုက် စုစည်း ဖော်ပြပေးထားပါတယ်။

Guide >>
တွင် ['How To..' 'Tips & Tricks' 'Q & A'] အခန်းခွဲများပါရှိပါတယ်။


[How To..] တွင် လုပ်နည်း လုပ်ဟန် နည်းလမ်းများ စုစည်းထားပါတယ်။

[Tips & Tricks] တွင် App များနှင့် သက်ဆိုင်သော လှည့်ကွက်လေးများကို ရေးသားထားပါတယ်။

[Q & A] မှာ အရင်တုန်းက မေးထားခဲ့ဖူးသော မေးခွန်းဟောင်းလေးများ စုစည်းပါရှိပါတယ်။



Others >>
မှာတော့ ['Photoshop' 'Feeling' 'About Me'] တို့ ပါရှိပါတယ်။


[Photoshop] မိုးသကြား စတင်ချိန်က ရေးသားခဲ့ဖူးသော Photoshop tutorials အချို့ကို တင်ထားခဲ့ပြီး ထပ်မံ Update ရေးသားခြင်း မရှိတော့ပါ။

[Feeling] ကျွန်တော်၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ခံစားချက်များကို ရံဖန်ရံခါ ရေးသားလျှက် ရှိနေပါသေးသည်။

[About Me] မှာတော့ 'မိုးသိကြား' စတင် ဖြစ်ပေါ်လာပုံ အကျဉ်းကို ဖတ်ရှုနိုင်ပါလိမ့်မယ်။



Forum
ကို Application အထူးသဖြင့် Game cracked file များကို အားလုံးအတူတစ်ကွ မျှဝေနိုင်ရန် ထည့်ထားခဲ့ပြီး member ဝင်ထားမှသာ တွေ့မြင် ရယူနိုင်ပါလိမ့်မည်။

Contact
ကျွန်တော့်ထံ မေးမြန်းဆက်သွယ်နိုင်ရန် ထည်းသွင်းထားပါတယ်။ သို့သော် မကြာသေးမီကမှ ခတ္တ ပြန်လည် ပိတ်ထားခဲ့တာကြောင့် အလုပ်မလုပ်သေးပါ။

**************************************

Powerful Search
"မိုးသိကြား" ဘလောက်ခ့်မှာ ရှာဖွေရန် Powerful အဖြစ်ဆုံး လက်နက် တစ်ခုကတော့ "ဤနေရာတွင်ရှာပါ" ဟု ဖော်ပြထားသော side bar ရှိ 'Search Box' ပဲ ဖြစ်ပါတယ်။
မိမိရှာဖွေလိုသော အကြောင်းအရာ တစွန်းတစ်စကို 'English' 'မြန်မာလို' keywords ရိုက်ထည့်ပြီး "Go" နှိပ်လိုက်ရုံနဲ့ အားလုံးကို ဖော်ပြပေးပါလိမ့်မယ်။


**************************************

မိုးသိကြား ဘလောခ့်သည် ပြီးပြည့်စုံသည်ဟု မဆိုလိုသော်လည်း iDevice နှင့် ပက်သက်သမျှကို အတတ်နိုင်ဆုံး စုံလင်စွာ ရေးသားနှင့်ပြီး ဖြစ်သည့် အတွက် မိမိသိလိုသော အကြောင်းအရာများကို ကိုယ်တိုင် ရှာဖွေကြည့်ကြရအောင်လားဗျာ..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Monday, September 21, 2015

WeChat App အပါအဝင် Malware ပါသော App များကို Apple မှ ဖယ်ရှားနေရ

Apple App Store တွင် ရာနှင့်ချီသော App များ၌ malware ပါရှိနေကြောင်း တွေ့ရှိရသဖြင့် Apple မှ ဖယ်ရှားမှုများ စတင်ပြုလုပ်နေရပါပြီ..။

iOS Applications များ ဖန်တီးရေးဆွဲရာတွင် အသုံးပြုရသော Apple ၏ Application “Xcode” ကို အတုဖန်တီးထားသော “XcodeGhost” ဖြင့် Applications များ Store ပေါ်သို့ တင်နေသည့် အချိန်တွင် အန္တရာယ်ပေးနိုင်မည့် code များကို ရောနှောထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်..။

Hackers များက Developers များကို Apple ရဲ့ တရားဝင် Xcode ကို အသုံးပြုမယ့်အစား သူတို့ ဖန်တီးထားသော Xcode tools ကို အသုံးပြုဖို့ တစ်နည်းနည်းနဲ့ စည်းရုံးခဲ့တာလည်း ဖြစ်နိုင်သလို Apple sever ကို တရုပ်ပြည်မှ download ချရတာ နှေးတာကို အကြောင်းပြုပြီး ပိုမိုမြန်ဆန်တဲ့ ‘mirror’ စနစ်ကို အသုံးပြုခဲ့ပြီး Xcode applications ကို download ရယူခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

“WeChat” App လည်း အဆိပ်သင့်တဲ့ အထဲမှာ ပါဝင်ခဲ့တာကြောင့် “WeChat” အသုံးပြုနေသူတွေ ယခုနောက်ဆုံး ဗားရှင်းဖြစ်တဲ့ WeChat version6.2.6 ကို ချက်ခြင်း Update လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ Apple ရဲ့ စစ်ဆေးချက်အရ ယခု နောက်ဆုံးဗားရှင်းဟာ အန္တရာယ်ကင်းပါတယ်။ တရုပ်ဈေးကွက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပေမယ့် “WeChat” လို နိုင်ငံတစ်ကာမှာ အသုံးပြုနေတဲ့ App တွေ ပါဝင်ခဲ့တာကြောင့် အကောင်းဆုံးက မိမိရဲ့ iCloud နှင့် အခြားအကောင့် password တွေကို ချက်ခြင်းပြောင်းပါ။

** “Xcode Ghost” နဲ့ ပက်သက်ပြီး သိထားသင့်သည်များ **

XcodeGhost ဆိုသည်မှာ
XcodeGhost သည် iOS malware တစ်ခုဖြစ်ပြီး Apple application “Xcode” အတု တစ်ခုဖြစ်ပါတယ်။

ဘယ်လိုပျံ့နှံ့ခဲ့သလဲ..?
Xcode version အတုကို China Cloud file sharing service Baidu ပေါ်မှာ တင်ပေးခဲ့ပြီး တရုပ်ပြည်က Developers တွေက ရယူ သုံးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ modified လုပ်ထားတဲ့ Xcode IDE နဲ့ သူတို့ရဲ့ App တွေကို AppStore ပေါ်ကို တင်မိခဲ့ကြပါတယ်.
တင်လိုက်တဲ့ App တွေက Apple ရဲ့ code review လုပ်ငန်းစဉ်ကိုလည်း ကျော်ဖြတ်နိုင်ပြီး သုံးစွဲသူတွေရဲ့ Device ထဲကို အောင်မြင်စွာ install လုပ်ပြီး ရောက်ရှိသွားပါတယ်။

Malware ထိသော App များ..
WeChat, NetEase Cloud Music, WinZip အစရှိတဲ့ Apps များအပါဝင် iOS applications ၅၀ကျော်မက malware ထိခဲ့တယ်လို့ Palo Alto Networks က ဖြန့်ဝေအသိပေးခဲ့ပါတယ်..။ ဤနေရာတွင် ကြည့်ပါ

အဆိပ်မိခဲ့သော အသုံးပြုသူများ…
XcodeGhost ကြောင့် iOS users ပေါင်း သန် ၅၀၀ ကျော်လောက် ထိခဲ့မယ်လို့ ခန့်မှန်းထားပြီး အဓိက ကတော့ Asia-Pacific မှာ လူသုံးများ နာမည်ကြီးခဲ့တဲ့ “WeChat” App ကြောင့်ဖြစ်ပါတယ်။

မည်သည့် တရားမင် Xcode versions တွေမှာ အဆိပ်မိခဲ့လဲ…?
တရားမဝင်နည်းလမ်းဖြင့် ရယူထားသည့် Xcode 6.1 ကနေ Xcode 6.4 ကြား versions တို့မှာ အဆိပ်မိခဲ့ပါတယ်။

XcodeGhost က iOS device ကို ဘာတွေလုပ်နိုင်သလဲ..?
XcodeGhost ပါတဲ့ iOS App က device ရဲ့ informations တွေအားလုံးကို သိမ်းယူနိုင်ပါတယ်၊ ထို့နောက် encrypt လုပ်ပြီး hackers တွေဆီကို ပြန်လည်ပေးပို့ပါလိမ့်မယ်။

အောက်ပါအချက်လက်များကို သိမ်းဆည်းရယူနိုင်ပါတယ်..
  • Current time
  • Current infected app’s name
  • The app’s bundle identifier
  • Current device’s name and type
  • Current system’s language and country
  • Current device’s UUID
  • Network type

XcodeGhost အန္တရာယ်က ဘယ်လိုကာကွယ်ကြမလဲ…?

iOS users များအနေနဲ့ ဤနေရာတွင် ဖော်ပြထားသော စာရင်းပါ App များကို သွင်းထားမိပါက ချက်ခြင်း Uninstall လုပ်ပါ။ (သို့မဟုတ်) Version အသစ်ကို ချက်ခြင်း Update လုပ်ပါ။ iCloud အပါအင် အခြားဆက်စပ်နေသော Account password များကို ချက်ခြင်း ပြန်ပြောင်းပါ။

Developers များအနေနဲ့ Xcode Application ကို Apple Official website မှ လွဲ၍ အခြားသော နေရာများမှ Download ရယူ သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။


Credit to : macrumors


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

Thursday, September 10, 2015

Apple Event မှ သိဖွယ်ရာများ

စက်တင်ဘာ ၉ရက်၊ ၂၀၁၅ မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ Apple Event မှာ ကုန်ပစ္စည်းအသစ် တို့ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒီပွဲမှာ Apple အနေနဲ့ ဟိုးအရင်ထဲက ကောလာဟလ အဖြစ် သုံးစွဲသူတွေ ကြားထဲမှာ ပျံ့နှံ့နေခဲ့တဲ့ ကုန်ပစ္စည်းနှစ်မျိုးကိုလည်း တရားဝင်ကြေငြာပေးလိုက်ပါပြီ။

ပြန်လည်ဆန်းသစ်ထားတဲ့ Apple TV နဲ့ laptop နီးပါးလောက် ကြီးမားတဲ့ iPad Pro တို့ဖြစ်ပါတယ်။ 12.9-inch ရှိတဲ့ iPad Pro ကို Microsoft ရဲ့ Surface ဈေးကွက်လိုမျိုး Apple သမားတွေရဲ့ လိုအပ်ချက်ကို လိုက်ဖြည့်တဲ့ သဘောလို ယူဆမိပါတယ်။ Apple TV ကိုတော့ Reomte control ဒီဇိုင်းအသစ်နဲ့အတူ Siri အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက် အသစ်တို့ကိုပါ ထပ်မံဖြည့်စွက်ပြီး အဆင့်မြှင့်တင်ထားပါတယ်။ Apple TV ကိုတော့ အောက်တိုဘာလမှာ စတင်ဖြန့်ချိသွားမှာဖြစ်ပြီး iPad Pro ကတော့ နိုဝင်ဘာလမှာ ထွက်လာပါလိမ့်မယ်။

iPhone model အသစ်ဖြစ်တဲ့ iPhone 6S နှင့် iPhone 6S Plus နှစ်မျိုးလုံးကတော့ iPhone 6, 6 Plus တို့နဲ့ ဒီဇိုင်း ဆင်တူသော်ငြားလည်း ပိုမိုကောင်းမွန်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ပြန်လည်မွမ်းမံထားပြီး ပိုမိုစုံလင်တဲ့ "3D touch" interface တို့ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီအတွက် 'tap' လုပ်တဲ့ ပုံစံပေါင်း သုံးရာနီးပါလောက် ကျွန်တော်တို့ အသစ် လေ့လာကြရဦးမှာ ဖြစ်ပါတယ်...။

iPad Pro ရဲ့ ထူးခြားတဲ့အရွယ်အစား

iPad Pro ရဲ့ အရွယ်အစားဟာ iOS device တွေထဲမှာတော့ အကြီးဆုံးပဲဖြစ်ပါတယ်။ 12.9-inch အရွယ်အစားရှိပြီး virtual keyboard ကလည်း ဆိုဒ်အပြည့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်၊ ဒါ့အပြင် တစ်ကယ် ကီးဘုတ် (physical keyboard)၊ အီလက်ထရောနစ် ကညစ်တံ (stylus) တို့နဲ့ ချိပ်ဆက် အသုံးပြုနိုင်တဲ့ ပထမဆုံး iPad လည်း ဖြစ်လာပါတယ်။

A9X memory chip အသုံးပြုထာပြီး iPad Air 2 မှာ တပ်ဆင်ထားတဲ့ A8X chip ထက် ၁.၈ဆ ပိုမိုမြန်ဆန်စွာ အလုပ်လုပ်နိုင်ပါတယ်။ ဒီမြန်ဆန်မှုဟာ လွန်ခဲ့တဲ့ ခြောက်လလောက်က တင်ပို့ခဲ့တဲ့ ၈၀% သော laptop တွေထက် သာလွန်ပါတယ်လို့ Apple က ပြောဆိုပါတယ်။ iPad Pro မှာ စပီကာ ၄လုံး ပါရှိပြီး သုံးစွဲသူရဲ့ iPad ကို ကိုင်ထားတဲ့ အနေအထားပေါ်မှုတည်ပြီး audio balance ကို အလိုလျှောက် ချိန်ညှိပေးသွားပါလိမ့်မယ်။ ၁၀နာရီကြာ ခံမယ့် ဘက်ထရီသက်တမ်းနဲ့ 5.6 million pixels နဲ့ ဖွဲစည်းထားတဲ့ iPad မျက်နှာပြင်ဟာ သာမန် laptop နဲ့ အခြား ကီးဘုတ်ပါ တွဲသုံးဘို့ ရပါတယ် ဆိုတဲ့ tablet တွေလောက်ကိုတော့ အေးဆေး ယှဉ်နိုင်ပါလိမ့်မယ်..။

Microsoft နှင့် Adobe ကုမ္ပဏီကိုလည်း Apple က စင်ပေါ်သို့ ဖိတ်ခေါ်ခဲ့ပြီး iPad Pro အတွက် ရည်ရွယ်ထားတဲ့ သူတို့ရဲ့ iOS apps တွေကို သရုပ်ပြသစေခဲ့ပါတယ်။ Adbe က stylus ကိုအသုံးပြုပြီး ဓါတ်ပုံတွေကို လျှင်မြန်လွယ်ကူစွာ ပြုပြင်နိုင်မယ့် "Photoshop Fix" ကိုမိတ်ဆက်ပြီး၊ Microsoft က PowerPoint မှာ stylus ink ကနေ objects တွေ ရေးဆွဲနိုင်ကြောင်း ပြသသွားခဲ့ပါတယ်..။
iPad Pro ရဲ့ ဈေးနှုန်းတွေကတော့ 32GB အတွက် US$799, 128GB အတွက် US$949 ဖြစ်ပြီး LTE support 128GB အတွက်တော့ US$1079 ကျသင့်ပါတယ်။ iPad Pro ကို နိုဝင်ဘာလမှာ စရောင်းမှာဖြစ်ပြီး Silver, Gold နဲ့ Space Grey အရောင်သုံးမျိုး ရွေးချယ်နိုင်ပါတယ်..။

Stylus & Keyboard

ပထမဆုံး original iPad ကိုစတင်ချိန်က Stylus(ကညစ်တံ) ကို စတိဗ်ဂျော့ ပစ်ပယ်ကောင်း ပစ်ပယ်ခဲ့ပါလိမ့်မယ်။ သို့သော် အချိန်ကာလ အပြောင်းအလဲ တစ်ခုမှာ Apple အနေနဲ့ iPad Pro အတွက် အနုစိတ်ပုံဆွဲရာမှာ အသုံးပြုစေနိုင်ဖို့ US$99 တန် Apple pencil (Stylus) ကို ထုတ်လာပါတယ်။ Apple အနေနဲ့ third-party designer တွေက ဈေးကွက်လိုအပ်ချက်ကို အရင်ထဲဖြည့်တင်းပေးလာတဲ့ touch pan, pencil ဈေးကွက်ထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
iPad Pro နဲ့ တွဲဖက်အသုံးပြုရတဲ့ နောက်တစ်ခုအနေနဲ့ US$169 တန် Keyboard ကလည်း Microsoft surface keyboard နဲ့ အတော်လေး ဆင်တူပါတယ်။ မည်သို့ပင်ဆိုစေ ထိုအရာအားလုံးက အယူဆအသစ် မဟုတ်ခဲ့ရင်တောင် Apple အတွက်တော့ သူ့ရဲ့ကိုယ်ပိုင် Accessories အသစ်များအဖြစ်နဲ့ iPad Promနှင့်အတူ နိုင်ဝင်ဘာလမှာ ဈေးကွက်ထဲ ရောက်ရှိလာတြေ့မှာ ဖြစ်ပါတယ်။

New Apple TV

သီးခြား OS ဖြစ်တဲ့ tvOS နဲ့ အလုပ်လုပ်တဲ့ Apple TV ဟာ Apple TV 3ထွက်လာပြီးနောက်ပိုင်းမှာ ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ အခုတော့ New Apple TV အနေနဲ့ အသစ်တစ်ဖန် ပြန်လာခဲ့ပါပြီ။
iTunes, Netflix, Hulu, YouTube အစရှိတဲ့ Apps တွေပါဝင်တဲ့ Apple TV မှာ Siri ကို အသုံးပြုပြီး voice search လုပ်နိုင်ပါပြီ။ သီချင်း၊ ရုပ်ရှင် စတာတွေကို Apple TV ရဲ့ remote မှာ ကိုယ်တိုင် လက်ဖြင့် ရှေ့နောက် ပွတ်ဆွဲပြီး ရှေ့နောက် ရစ်/ကျော် နိုင်သလို Siri ကို "၁၅စက္ကန့် ကျော်ပေးပါ" စသည်ဖြင့် နှုတ်က ညွှန်ကြားခိုင်စေနိုင်ပါပြီ။

New Apple TV ဟာ ဂိမ်းစက် (gaming console) အသွင်ကိုပါ ဆောင်လာပြီး ယခင်က ဂိမ်းစက် ပေါ်တွင်သာ ဆော့လို့ရခဲ့တဲ့ "Guitar Hero" လို ဂိမ်းမျိုးကို ပုံစံဒီဇိုင်းအသစ်များဖြင့် Apple TV တွင် မြင်တွေ့ရပါလိမ့်မည်။
အောက်တိုဘာလမှာ ထွက်လာမယ့် New Apple TV မှာ 64-bit A8 processor နဲ့အတူ Bluetooth 4.0 ကို support လုပ်ထားပါတယ်။ 32GB ကို US$149 နဲ့ 64GB အတွက်တော့ US$199 ကျသင့်ပါလိမ့်မယ်..။

iPhone 6S & 6S Plus

ပိုမိုခိုင်ခံ့တဲ့ အလှူမီနီယံအလွိုင်း တပ်ဆင်ထားတဲ့ iPhone 6S နဲ့ iPhone 6S Plus ရဲ့ အရွယ်အစားတွေကတော့ iPhone 6, 6 Plus တို့အတိုင်း ပြောင်းလဲမှုမရှိပါဘူး (6S 4.7, 6S Plus 5.5)..။ သို့ပေမယ့် မှန်မျက်နှာပြင်ကိုတော့ Iron-X နဲ့ ပြုလုပ်ထားပြီး ပိုမိုတောင့်တင်း ခိုင်ခန့်တဲ့ မှန်ကို (Apple Watch Sport) မှာပါတဲ့အတိုင်း တပ်ဆင်ပေးထားပါတယ်။ iPhone အသစ်နှစ်မျိုးလုံးမှာ A9 chip တပ်ဆင်ပေးထားပြီး A8 chip ထက် ၇၀% ပိုမိုမြန်ဆန်စွာ CPU ကို အလုပ်လုပ်နိုင်ပါလိမ့်မယ်။ Graphich ပိုင်းမှာတော့ ၉၀% ပိုမိုမြန်ဆန်လာပါမယ်။ iPhone ရဲ့ အနောက်ဖက် 12-megapixel iSight camera ကနေ နောက်ဆုံးပေါ် 4K video တွေရိုက်ကူးနိုင်ပြီး၊ 5-megapixel front-facing ကင်မရာနဲ့အတူ ပုံမှန် Flash တွေထက် သုံးဆ ပိုလင်းတဲ့ Retina flash တို့ကို upgrade လုပ်ပေးထားပါတယ်။

Silver, Gold, Space Grey နဲ့ Rose Gold အရောင်လေးမျိုး စိတ်ကြိုက်ရွေးချယ်ရှိပါတယ်။ 16GB က စတင်ပြီး storage ပေါ်မှုတည်ကာ iPhone 6S ($199 to $399) နှင့် iPhone 6S Plus ($299 to $499) ထိ သတ်မှတ်ထားပါတယ်။ Pre-order များကို စက်တင်ဘာ ၁၂ မှာ စတင် လက်ခံသွားမှာဖြစ်ပါတယ်။

iOS 9 ကိုတော့ သိပ်မကြာမီ စက်တင်ဘာ ၁၆ ရက်နေ့ လောက်မှာ ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်..။

"Force Touch" "3D Touch"

အများက မျှော်လင့်ထားကြသလို iPhone အသစ်နှစ်မျိုးလုံးမှာ "3D Touch" ပါဝင်လာပြီ ဖြစ်ပါတယ်။ 'Force Touch' ဆိုတာ iPhone မျက်နှာပြင်ရဲ့ ဘယ်နေရာကို ဖိထားတယ်၊ ဘ်ာလောက် အားနဲ့ ဖိထားတယ်ဆိုတာကို iPhone က သိစေနိုင်တာပါ။ one press လုပ်ရုံနဲ့ notigications တွေအားလုံးကို clear လုပ်ပေးနိုင်တာမျိုးဖြစ်ပါတယ်။ '3D Touch' ကတော့ iPhone ရဲ့မျက်နှာပြင်ဟာ ဖိနှိပ်မှုအဆင့် အလွှာအသီးသီးကို ခွဲခြားပေးနိုင်တာပဲ ဖြစ်ပါတယ်။ '3D Touch' ကို အသုံးပြုဖို့ users တွေအနေနဲ့ gestures အသစ်နှစ်ခု "peek" and "pop" ကို သင်ယူရမှာဖြစ်ပါတယ်။ "peek" ဖြစ်စေမယ့် အနေအထားလောက်သာ ဖိပါက App ရဲ့ informations တွေကိုသာ ပြသပေးမှာဖြစ်ပြီး၊ "pop" အနေအထားလောက် နှိပ်လိုက်ရင်တော့ App က ပွင့်သွားမှာဖြစ်ပါတယ်..။ ဥပမာ Mail App ကို ခပ်ဖွဖွလေး ထိလိုက်ရုံနဲ့ preview တွေကို ကြည့်ရှုနိုင်ပြီး ခပ်နာနာလေ ထိလိုက်တဲ့အခါမှာ Mail App ပွင့်သွားတာမျိုးပါ။ third-party App တွေဖြစ်တဲ့ WeChat, Instagram နဲ့ Facebook စသည်တို့မှာပါ 3D Touch အသုံးပြုလာနိုင်အောင် မြှင့်တင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Live Photos Feature

Apple က iPhone ရဲ့အရှိန်အဝါကို ပိုမိုကြွတက်ပီပြင်လာစေဖို့ "Live Photos" လုပ်ဆောင်ချက် အသစ်ကို ထည့်သွင်းထားပါတယ်။ ဓါတ်ပုံတစ်ပုံကို မရိုက်ကူးခင် iPhone camera ရဲ့ shutter မပိတ်မီ တစ်စက္ကန့်ခွဲစာလောက်ကို Live Photos က ရိုက်ကူး သိမ်းထားမှာဖြစ်ပါတယ်။ တစ်ဖန် ထိုဓါတ်ပုံကို ပြန်လည်ကြည့်ရှု့တဲ့အခါ short video clip အနေနဲ့ ပြန်လည်ပြသပါလိမ့်မယ်။ Live Photos တွေကို Facebook မှာလည်း တင်နိုင်မှာဖြစ်ပါတယ်။

Apple Watch

Apple Watch အတွက် Watch OS 2 ကို စက်တင်ဘာ ၁၆ရက်မှာပဲ ထွက်လာမှာဖြစ်ပြီး native App အသစ်တွေအနေနဲ့ Facebook Messenger , GoPro, Airstrip (medical app) တို့ ပါဝင်လာပါလိမ့်မယ်။

Apple Event တစ်ပွဲလုံးထံမှ Apple ချစ်သူများ သိသင့်သိထိုက်သော ကောက်နုတ်ချက်များမျှသာ ဖြစ်ပါသည်..

မှတ်ချက်။ ။ ဓါတ်ပုံးများကို ထပ်မံ၍ဖြည့်စွက်ပါမည်..။


Credit to : Verge


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

Thursday, September 3, 2015

Malware ကြောင့် Apple Account 225,000 ကျော် ခိုးခံနေရပြီးပြီ

လွန်ခဲ့တဲ့ လအနည်းငယ်ခန့်လောက်ထဲက မိမိကိုယ်ပိုင် iPhone ကို Restore လုပ်ပြီးနောက် Activation နေရာတွင် yahoo mail နှင့် Apple ID အသစ်တစ်ခုက အသင့်နေရာယူထားပြီး Password မသိသဖြင့် ဒုက္ခရောက်သူတွေ ရှိနေခဲ့ပါတယ်။ မိမိ၏ တစ်လက်ကိုင်ဖုန်းအတွင်း ထိုကဲ့သို့ ထူးဆန်းစွာဖြင့် အခြားတစ်ယောက်ရဲ့ ID က စိုးမိုးထားပြီး ဘာမှ ဆက်လုပ်လို့ မရတဲ့ အနေအထားမျိုး ဖြစ်ခဲ့ကြပါတယ်…

ယင်းကဲ့သို့ပင် iPhone သုံးစွဲသူများဆီက နည်းအမျိုးမျိုးနှင့် အခိုးခံခဲ့ရတဲ့ Apple account ပေါင်း 225,000 ကျော် ရှိနေပြီလို့ Security company တစ်ခုဖြစ်တဲ့ "Palo Alto Networks” ပြောလိုက်ပါတယ်..

Malware အနေနဲ့ ဝင်ရောက် ခိုးယူခဲ့တာဖြစ်ပြီး Jailbrake လုပ်ထားတဲ့ iDevice များမှာ ဖြစ်နိုင်ခြေ အလားအလာပိုများပါတယ်။ အခုလို maleware အနေနဲ့ ကိုယ့်ရဲ့ Device ထဲကိုရောက်လာတာဟာ computer မှာ software တစ်ခုကို သွင်းယူရင်း မတော်တဆ ကပ်ငြိပါလာတာမျိုး မဟုတ်သလို၊ email ထဲက link တစ်ခုကို နှိပ်မိရင်းနဲ့ ဝင်ရောက်လာတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။

ယုံကြည်လို့ မရနိုင်တဲ့ Repo တွေကိုသွင်းယူမိပြီး ထိုမှတစ်ဆင့် Device ထဲသို့ ရောက်ရှိလာခဲ့တာမျိုးဖြစ်ပါတယ်။ ဒါ့အပြင် iFile နှင့် အလားတူ applications မျိုးတွေကနေ tweak packages တွေကို အတားအဆီးမရှိ install လုပ်ရာကနေလည်း ဝင်ရောက်လာနိုင်ပါတယ်။

လောလောဆယ်မှာ “Unflod” “KeyRaider” “AppBuyer” တို့ကို Jailbroken iPhone တွေကို ပစ်မှတ်ထားတဲ့ malware တွေအဖြစ် တွေ့ရှိထားပါတယ်..။ ဒါကြောင့် Jailbreak သမားတွေအနေနဲ့ မဖြစ်မနေ Jailbreak လုပ်ကြရတယ် ဆိုခဲ့ရင် Cydia မှ အသိမှတ်ပြုပါလာတဲ့ “ModMyi” “BigBoss” တို့လို Repo မျိုးနှင့် ယုံကြည်နိုင်လောက်တဲ့ Repo များကိုသာ ရွေးချယ်စိစစ်ပြီး သွင်းယူသင့်ပါတယ်..။

မတတ်သာ၍ cracked တွေကို ရယူသုံးစွဲနေရသည် ဆိုသော်လည်း မှုပိုင်ခွင့်ကို ချိုးဖောက်ထားသော cracked များကို ဖန်တီးသူများ၏ နောက်ကွယ်မှ ရည်ရွယ်ချက် အမှန်ကို ခန့်မှန်းရခက်ပေလိမ့်မည်။

“KeyRaider” ကို များသောအားဖြင့် Jailbreak iDevice များအတွက် AppStore app များကို Free ရယူနိုင်သော တရုပ်ဝဘ်ဆိုက်များတွင် တွေ့ရပါတယ်။ ဒါပေမယ့် ဒီ malware ဟာ အခုဆိုရင် United States အပါအင် နိုင်ငံပေါင်း (၁၈)ခုလောက်ကို ပျံ့နှံ့နေပါပြီ..။


ဒီ malware ထိလိုက်ပြီဆိုတာနဲ့ Jailbroken iDevice ဟာ ပိုင်ရှင်ရဲ့ iTunes App Store informations တွေဖြစ်တဲ့ ( Apple ID, Password, Device unique ID) စတာတွေကို Hackers တွေလက်ထဲ ထိုးအပ်လိုက်ရပါလိမ့်မယ်။ ဒါအပြင် သူတို့ သိမ်းပိုက်လိုက်ပြီဆိုတာနဲ့ ပိုင်ရှင်က App Store မှာ သူများ မဝယ်ယူနိုင်အောင် ကာကွယ်ထားတာတွေ၊ သူများ Restore ပြန်မလုပ်နိုင်အောင် တားဆီးထားတာတွေ အကုန်လုံးပါ ခိုးယူသွားခဲ့ပါပြီ။

Hackers တွေက ခိုးယူထားတဲ့ account ပိုင်ရှင်တွေ ဝယ်ယူထားသမျှ iTunes App တွေကို “Free” အြဖစ်နဲ့ ပြန်လည် upload တင်ပေးတားတွေ ရှိခဲ့ပြီး လူပေါင်း 20,000 လောက်က အဲဒါတွေကို ပြန်လည် download ချ အသုံးပြုနေခဲ့တဲ့ App တွေဟာ iPhone ပိုင်ရှင်ပေါင်း 225,000 ကျော် ဆီက ခိုးယူထားခဲ့သမျှတွေ ဖြစ်ပါတယ်။

အခိုးခံခဲ့ရသူတွေက သူတို့တွေရဲ့ App Purchased histroy မှာ သူတို့ တစ်ခါမှ မဝယ်ဖူးတဲ့ App တွေ ပါနေကြောင်း၊ အချို့ကတော့ iPhone တွေ Lock ကျကုန်ပါတယ်။


ဘယ်လိုကာကွယ်ကြမလဲ…?

Jailbreak လုပ်ထားသည် ဖြစ်စေ၊ မလုပ်ထားသည် ဖြစ်စေ ပိုမိုစိတ်ချရအောင် မိမိရဲ့ Apple ID ကို “Two-Steps Verification” ခံထားပါ။ မည်သို့ မည်ပုံ ပြုလုပ်ရမည်ကို ဤနေရာတွင် ဖတ်ရှုပါ။
(iOS 9 တွင် "Two-Factor Authentication” ဆိုသည့် လုံခြုံရေး စနစ်အသစ်တစ်ခု ပါလာတော့မည်)

Jailbroken iDevice များ အနေနှင့် ပေါက်ကရ Repo များ သွင်းယူခြင်းမှ ရှောင်ကျဉ်ပါ။
OpenSHSH ကို မလိုအပ်ပါက မသွင်းယူပါနှင့်၊ မဖြစ်မနေ သွင်းယူရမည် ဆိုပါက Root password ကို ချက်ခြင်း ပြောင်းလဲပါ (Default မှာ alpine ဖြစ်သည်)။

စာရေးသူအနေနှင့် နောက်ဆုံးတစ်ခု ပြောလိုသည်မှာ 2015 မှာ iOS 8+, iPhone 4s, iPad 2 က အစပြုလို့ Jailbreak လုပ်ရန် အကြောင်း ထွေထွေထူးထူး ဘာမျှမရှိတော့၊ မြန်မာစာ ဖောင့်၊ ကီးဘုတ် အဆင်ပြေပြီ။နောက်ဆုံး cracked App တွေတောင် Jailbreak မလိုပဲ appsync စသည်တို့ မလိုပဲ သွင်းယူနိုင်ပြီ ဖြစ်လို့ Springboard Theme လေး စိတ်ကြိုက် ပြောင်းဖို့လောက်နဲ့တော့ မိမိရဲ့ တန်ဖိုးကြီး iDevice ကို မစွန့်စားသင့်ပါဘူး..။
Advance users များအနေနဲ့ iFile, Filza, Flex တို့ကို အသုံးပြုတဲ့အခါမှာ သတိထားပေးပါ။

အရင်ထဲက ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်ပါ…
“iPhone ကို Jailbreak လုပ်ပြီး Springboard Themes တွေ ပြောင်းသုံးတယ်ဆိုတာ iPhone ကို Android ရုပ်ပေါက်အောင် လုပ်လိုက်တာက လွဲရင် ဘာမှမပိုပါဘူး” လို့….


တစ်လောလေးကပဲ Malware အကြောင်း ဤနေရာတွင် ရေးခဲ့ပါသေးသည်။


Credit to : CNN


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

Wednesday, September 2, 2015

Mac OS X တွင် မြန်မာယူနီကုဒ်စနစ်သို့ လွယ်ကူစွာပြောင်းလဲနည်း အပြည့်အစုံ

Mac OS X အသုံးပြုနေပြီး ဇော်ဂျီမှ ယူနီကုဒ်သို့ ကူးပြောင်း အသုံးပြုလိုသူများအတွက် မရှိမဖြစ်လိုအပ်သော Keyboard, Unicode Fonts နှင့် Safari တွင် ယူနီကုဒ်နှင့် ဇော်ဂျီ နှစ်မျိုးလုံးကိုပါ ဖတ်ရှုနိုင်မည့် Safari Extension နှင့်တစ်ကွ Offline Converter တို့ကိုပါ စုံစုံလင်လင် ထည့်သွင်းပေးထားပြီး မည်သို့ မည်ပုံ အသုံးချရမည်ကို ဗီဒီယိုလမ်းညွှန်ချက်နှင့်တစ်ကွ အလွယ်ကူဆုံးဖြစ်အောင် ဖော်ပြပေးလိုက်ပါသည်..

အောက်ဖော်ပြပါ လုပ်ဆောင်ချက် အဆင့်များကို ဇော်ဂျီဖောင့် နှင့် လက်ကွက် သွင်းယူထားနှင့်ပြီးသော Mac OS X ကွန်ပျူတာတစ်လုံးအနေနှင့် နမူနာပြရေးသားထားခြင်း ဖြစ်ပါသည်။

>> Download Myanmar Unicode Bundle for Mac (Userscloud)
>> Download Myanmar Unicode Bundle for Mac (DropBox)

ပထမဦးစွာ Myanmar Unicode Bundle for Mac zip file ကို Download လုပ်ပြီး zip ဖြည်ထားပါ။

၁။ ဇော်ဂျီဖောင့် မှ ယူနီကုဒ်ဖောင့်သို့ ပြောင်းလဲရန် (Change Font)

  • Mac ၏ Spotlight search မှ “Font Book” ကို ရှာပြီးဖွင့်ပါ။ “Zawgyi-One” ကို ‘Disable/Off’ လုပ်ပါ။


  • 'Update Fallback’ folder ထဲမှ “MMFontFallBack” ကိုဖွင့်ပြီး “Back To Original” ကို နှိပ်ပါ။


  • ထို့နောက် “Unicode Fonts” folder ထဲမှ “Tharlon-Regaular.ttf” ကို Double click နှိပ်ပြီး “Install Font” နှိပ်ပါ။ (Font Book ထဲတွင် သာလွန် ရောက်ရှိသွားပါပြီ)


ယူနီကုဒ်ဖောင့် ရသွားပါပြီ..


၂။ ဇော်ဂျီလက်ကွက်မှ ယူနီကုဒ်လက်ကွက်သို့ ပြောင်းရန် (Change Keyboard)

  • System Preferences > Keyboard > Input Sources တွင် “Zawgyi KB” ကို ရွေးချယ်ပြီး “-“ နှိပ်ပြီး ဖြုတ်ချပါ။ (Keep file လုပ်နိုင်ပါသည်)


  • “Keyboards” folder ထဲမှ “MUA-my.bundle” ကို COPY ကူးယူပြီး Library > Keyboard Layouts ထဲသို့ PASTE လုပ်ချလိုက်ပါ။

  • ထို့နောက် Preferences > Keyboard > Input Sources > Burmese > MUA-My ကို Add လုပ်ပါ။

ယူနီကုဒ်ကီးဘုတ် ရသွားပါပြီ..

မှတ်ချက်။ ။ ယူနီကုဒ်ကို ဇော်ဂျီလက်ကွက် အတိုင်းရိုက်လိုသည်ဆိုပါက “Keyboards” folder ထဲရှိ “Zawgyi L Unicode.bundle) ကို Keyboard Layouts ထဲသို့ Copy Paste လုပ်နိုင်ပါသည်။


၃။ Safari Extension ထည့်သွင်းနည်း

ယူနီကုဒ်စနစ် ထည့်သွင်းလိုက်ပြီ ဖြစ်တဲ့အတွက် Mac ရဲ့ Safari Browser မှာ ဇော်ဂျီနဲ့ ရေးသားထားတဲ့ website တွေ၊ Facebook တွေကို ဖတ်ရှုနိုင်ရန် ယူနီကုဒ်ရော ဇော်ဂျီပါ ဖတ်လို့ရနိုင်တဲ့ Extension ကို ထည့်သွင်းပါမည်။

"Safari extension” folder ထဲမှ ‘MUA Web Unicode…erter 1.5.safariextz’ ကို double click ခေါက်ပြီး “Install” လုပ်ပေးလိုက်ပါ။ (Install လုပ်ပြီးပါက ထိုဖိုင် folder ထဲမှ ပျောက်ကွယ်သွားပါမည်)


ယခုဆိုရင် Safari Browser တွင် ယူနီရော ဇော်ဂျီ နှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ပါပြီ..။


၎။ Offline Uni <-> Zawgyi Converter သွင်းယူနည်း

“Myanmar Font Offline Converter” folder ကို ဖွင့်၍ ‘MM Font Converter’ ကို Copy ကူးယူပြီး Application ထဲတွင် Paste item လုပ်ချလိုက်ပါ။




ယခုဆိုလျှင် Mac OS X ပေါ်တွင် ဇော်ဂျီမှ မြန်မာယူနီကုဒ်စနစ်သို့ လွယ်ကူစွာ ပြောင်းနိုင်ခဲ့လိမ့်မည်ဟု မျှော်လင့်မိပါသည်...။

**Video Guide**





Credit to : Phyo Thet Zaw


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....