Showing posts with label Photoshop. Show all posts
Showing posts with label Photoshop. Show all posts

Tuesday, December 8, 2009

Extract Plug-in For Photoshop CS4

ကျွန်တော်တင်ပေးထားတဲ့ Photoshop CS4 (Portable)ကို သုံးလို့  အဆင်ပြေကြမယ်ထင်ပါတယ်... ဒါပေမယ့် ညီလေးတစ်ယောက်က ပြောတယ် သူကလူပုံတွေဘာတြွေပင်တော့ နောက်ခံ Background တွေဘာတွေပြောင်းပြစ်တာဆိုတော့ ဆံပင်တွေကျတော့ CS4 က ဒုက0x081ခပေးလို့  CS2,3 ပဲသုံးတယ်တဲ့ သူဆိုလိုတာကတော့ Extract Filter မပါဘူးတဲ့...

ဟုတ်ပါတယ် ကျွန်တော်ပြောဖို့ ကျန်သွားတာက Photoshop CS4 မှာက အခြား Version အနိမ့်တွေလို Extract Filter က တစ်ခါထဲပါမလာပါဘူးခင်ဗျား Adobe.com မှာသီးသန့်  Plug-In အနေနဲ့ download ယူရပါတယ်။



ခုမှတော့ အပင်ပန်းခံပြီး ရှာမနေပါနဲ့ တော့ အဆင်ပြေအောင် တစ်ခါထဲ ဒီမှာDownload ဆွဲလိုက်ပါဗျာ။


 ဒီပုံလေးအတိုင်း Plug-in file လေး ရလာမယ်။
အောက်မှာ Plug-in ထည့်နည်းလေးပါ ရေးပေးလိုက်ပါတယ်။

Photoshop CS4 (portable) သုံးတဲ့လူများအတွက် အရင်ပြောပေးလိုက်ပါ့မယ် . . .

1)  Photoshop CS4 Portable Folder ကိုသွားပါ ....







2)  Photoshop CS4 Portable --> App







3)  App --> Photoshop







4)  Photoshop --> Plug-ins







5)  Plug-ins --> Filters







6)  Filter folder ထဲကို ခုန download ချထားသော ExtractPlus Plug-in file ကိုကူးထည့်ပေးလိုက်ပါ။







အထက်ပါအတိုင်းတွေ့ ရမှာပါ ... ကဲ ဆံပင်တွေ Background တွေ ကို စိတ်ကြိုက် ဖြတ်ထုတ်လို့ ရပါပြီ။

Photoshop CS4 Full Version သုံးသူများ အတွက် အောက်ပါလမ်းကြောင်းတိုင်း သွားပါ . . .
(C:\Program Files\Adobe\Adobe Photoshop CS4\Plug-Ins\Filters) ထဲသို့ ကူးထည့်ပေးပါ။

 (Adobe Photoshop CS4 Portable Download Here!!!!)


ယခုကဲ့သို့ ပင် အခြား အခြား လိုအမ်မှုများရှိပါက Chat box သို့  comment box မှာ ရေးသား အကြံပြုစေလိုပါတယ် ခင်ဗျား . . .

မိုးသိကြား

Continue Reading....

Sunday, December 6, 2009

Camera Raw Format ဆိုတာ. . . .?

ခုတစ်လော ကျွန်တော့်ရဲ မိတ်ဆွေတွေက Digital SLR Camera ကြီးတွေတစ်ကားကားနဲ့ အပီအပြင် Outdoor တွေထွက်ရိုက်နေကြတာ အားကျတယ်ဗျာ ကိုယ့်မှာကတော့ မကပ်နိုင်သေးပါဘူး။ အားလုံးက တစ်မေးထဲ မေးနေကြတာကတော့ သူတို့ Camera မှာပါတဲ့ Raw file အကြောင်းပါပဲ File size ကျတော့လဲကြီးတယ် Photoshop နဲ့ ဖွင့်ကြတော့လဲ မရလို့ တဲ့ ကိုယ်ကလဲ Photoshop မတောက်တစ်ခေါက် ဆိုတော့ နဲနဲစိတ်ဝင်စားသွားတယ် ဟုတ်တယ်လေ Camera မှာပါတဲ့ Format တစ်ခုဖြစ်ပြီး Photoshop မှာ မရဘူးဆိုတော့ ကဲ..စမ်းကြည့်မယ်ကွာဆိုပြီး ကိုယ့်စက်မှာ ယူဖွင့်တာ တစ်ကယ်မရဘူးဗျာ Error message ပဲတက်လာတယ်.. ဒီတော့ သိအောင်လုပ်ရပီပေါ့ ထုံးစံအတိုင်း net မှာပတ်မွှေပီပေါ့...

ကဲမွှေလို့ သိရသမျှထဲက ပြန်ပြီးဖေါက်သည်ချပါရစေဗျာ....



Camera Raw ဆိုတာဘာလဲ...?
Camera Raw သည် အရည်သွေးမြင့် ပုံရိပ် File format တစ်ခုဖြစ်ပြီး Professional Camera များမှာ JPEG,TIFF တို့ အပြင် ထပ်ပေါင်းပါဝင်သော Format အမျိုးအစားတစ်ခုဖြစ်သည်။

Raw format ရဲ့ extention များကတော့ ... (.TIF,.CRW,.NEF,.RAF,.ORF,.MRW,.DCR,.MOS,.PEF,.SRF,.DNG,.X3F,
.CR2,.ERF,.SR2,.KDC,.MFW,.ARW,.NRW,.RW2,.RWL,.IIQ,.3FR)

တို့ ပဲဖြစ်ပါတယ် Camera အမျိုးစားလိုက်ပြီး extention တွေကွာသွားနိုင်ပါတယ်။

Raw file format သည် ဘာနှင့်အလားသဏ0x081ဍန်တူသည်ဆိုရသော် နဂ0x081ဂတစ်ဖလင် ဓါတ်ပုံနည်းပညာနှင့် ရိုက်ယူပြီး မကူးဆေး ရသေးသော ဖလင်တစ်ခုကဲ့သို့ ပင် Digital Camera ၏ Sensor မှ တိုက်ရိုက်ဖမ်းယူလိုက်သော "raw pixel" များကို အပြည့်အစုံသိမ်းပေးထားနိုင်တဲ့ Format ဖြစ်လို့  Raw File format အနေနဲ့ သတ်မှတ်ထားပါတယ်။
ဒါကြောင့် File size ဟာဆိုရင်လဲ JPEG,TIFF တို့ ထက်စာရင် ပိုကြီးပါတယ်။

Digital sensor တြွေဖစ်တဲ့ CCD & CMOS တို့ အကြောင်း ဘယ်အရာကဘယ်လို သာတယ်ဆိုတာ သိလိုလျှင် ဒီမှာ အပြည့်အစုံ လေ့လာနိုင်ပါတယ်။

Raw File ဘယ်လို အသုံးဝင်သလဲ...?
သာမန်ရိုးရိုး Digital Camera များသည် ဓါတ်ပုံရိုက်ယူပြီးပါက Camera အတွင်းမှာပင် Raw data များအား အလိုလျှောက် ပုံရိပ်ပြောင်းစနစ်ဖြင့် ပုံရိပ်များကို JPEG/TIFF format များအဖြစ် အဆင့်ဆင့် ပြောင်းလဲပြီးနောက် (ကျွန်တော့် Canon PowerShot မှာဆိုရင် Menu function ထဲမှာ converter ရွေးပေးလို့ ရရုံလောက်ပဲ လုပ်လို့ ရပါတယ်) memory card ထဲသို့ သိမ်းဆည်းပေးလိုက်တဲ့ အတွက် ကျွန်တော်တို့ ဟာ Raw data တွေဆုံးရှုံးသွားပါတယ်။



ဆုံးရှုံးသွားတဲ့ အတွက်ရလာဒ်က JPEG/TIFF file တွေကို လိုချင်တဲ့ အလင်းအမှောင်က စလို့ Color tone တွေအပြင် အခြားစိတ်ကြိုက်ပြင်ဆင်နိုင်မှု့  အပိုင်းမှာ Raw file ထက်စာရင် အလွန်ကိုအားနည်းသွားတာလက်တွေ့ ပါ။

Adobe Photoshop CSs နှင့် Raw File
Raw file တစ်ခုကို Photoshop မှာဖွင့်မယ်ဆိုရင် Camera raw ဆိုတဲ့ plug-in မရှိမဖြစ်လိုအပ်ပါတယ်
မိမိ အသုံးပြုတဲ့ Photoshop Version အလိုက် plug-in version များဟာလဲ မတူတဲ့အတွက် ဒီမှာDownload စိတ်ကြိုက် ရယူပါ။ (Photoshop version နှင့် Plug-in version မှန်ကန်မှ အလုပ်လုပ်ပါတယ်)

Downloads

1) Adobe.com

2) Photoshop CS4 (Portable with Camera raw plug-in 5.0)

3) Only Camera raw plug-in for Photoshop CS4

Download Option 1),2),3) အနေနဲ့ ကျွန်တော် တင်ပေးထားပါတယ်၊ အဆင်ပြေသလိုသုံးပါ။

Download 1) ကတော့ မိမိသုံးနေတဲ့ version နှင့် ကိုက်ညီမယ့် plug-in ကို ရှာပြီး download လုပ်ပါ။
plug-in install လုပ်နည်း ကိုတော့ အောက်မှာ ဖော်ပြထားသည့် အတိုင်းလုပ်ဆောင်ပါ။

ီDownload 2) ရယူသူများအနေနဲ့  ရလာမယ့် .rar file ကိုဖြည်ပြီး Photoshop portable icon လေးကို double click နှိပ်ပြီး License Agreement မှာ Accept လုပ်ရုံနဲ့ သုံးနိုင်ပါပြီ။ Camera raw plug-in အသင့်ထည်ပြီးသာပါ လက်တင်သုံးရုံပါပဲ။

Download 3) စက်ထဲမှာ CS4 အသင့်ရှိနေသူများအတွက် plug-in သီးသန့် ပါ။ အောက်ပါအတိုင်း install လုပ်ပါ။

Camera raw plug-in ထည့်သွင်းနည်း

1. Photoshop ကိုဖွင့်ထားလျှင်/ Run ထားလျှင် Exit လုပ်ပါ။
2. My Computer ကိုဖွင့်ပါ။
3. Local Disk (c): ကို double click နှင့်ဖွင့်ပါ။
4. ဒီလမ်းကြောင်း အတိုင်းသွားပါ (C:\Program Files\Common Files\Adobe\Plug-Ins\CS4\File Formats)
5. အထဲမှာ Camera Raw.8bi ဆိုတဲ့ plug-in လေးအသင့်ရှိနေပါတယ်။ အဲဒီ plug-in လေးကို Desktop မှာ Folder တစ်ခုဆောက်ပြီး အဲဒီ Folder ထဲ သို့ ဆွဲထည့်လိုက်ပါ(File Formats ဆိုတဲ့ Folder ထဲမှာ Camera Raw plug-in ပျောက်သွားပါပြီ)။
6. သင်ခုနက download ဆွဲထားတဲ့ (Camera Raw.8bi)ဆိုတဲ့ plug-in အသစ်ကို အဆင့်(၄)လမ်းကြောင်း အတိုင်း File Formats folder ထဲကို copy ကူးပေးလိုက်ပါ။
7. ခုဆိုရင် သင်ဟာ Photoshop CS4 နဲ့  Raw file တွေဖွင့်နိုင် ပြင်နိုင်ပါပြီ။

(စကားချပ်။ ။ အခြား version များလည်း အထက်ပါနည်းအတိုင်း လုပ်ဆောင်ကြပါ။)

Camera Raw ရဲ့ စွမ်းဆောင်ချက်တွေကို မကြာခင် Video အနေနဲ့ တင်ပေးသွားပါမယ်။


မိုးသိကြား

Continue Reading....

Thursday, December 3, 2009

သွားလေးတွေဖွေးဖွေးဖြူအောင် (P.S effect)

ပြုံးပြုံးလေးဓါတ်ပုံ အရိုက်ခံပြီး ပုံထွက်လာမှ အားလုံးတော့လှပါရဲ့ သွားတွေကနဲနဲ ဝါနေလို့ ဆိုပြီး သွားတိုက်ဆေးအကောင်းစား တွေဝယ်တိုက်နေရတယ်ဆိုရင်တော့ စိတ်မပူပါနဲ့ အချို့ လူတွေရဲ့ သွားတွေက အကောင်းစား သွားတိုက်ဆေး သွားတိုက်တံတွေ ဘယ်လောက်သုံးသုံး ပြန်မဖြူတော့တာရှိတယ် ဖြစ်နိုင်တာကတော့ ငယ်ငယ်က ဆေးပျင်းတွေသောက်ခဲ့ရင်ပေါ့ အချို့ သောက်ဆေးတွေက သွားတွေကိုဝါစေတယ်တဲ့ (ကြားဖူးနားဝနော်၊ အနော်က ဆရာဝန်ဟုတ်ဘူး)။
ဘာကြောင့်ပဲဝါဝါ စိတ်မပူနဲ့  Photoshop ရဲ့  trick လေးတစ်ခုသုံးလိုက်ရင် အားလုံး အိုကေသွားမယ်ဗျာ... ကဲပြောနေကြာတယ်.... လိုတိုရှင်းပဲရေးသွားမယ်ဗျာ.....



အခုသင်ခန်းစာကို အားလုံးအဆင်ပြေအောင် CS version ပဲသုံးကြစို့ ဗျာ ။

၁) မိမိပြုပြင်လိုတဲ့ ဓါတ်ပုံကို File --> Open ထဲက ခေါ်ဖွင့်ဗျာ ။



၂) Zoom tool ကို အသုံးပြုပြီး အလုပ်လုပ်မယ့် area နားကို အကြီးချဲ့ ပေးပါ ။




၃) သွားများကို selection ပေးရန် Tool box မှ selection tool တစ်ခုခုကိုသုံးပါ ၊ Pen tool ကိုအသုံးပြုပါက ပိုမိုလွယ်ကူတိကျစေနိုင်သည်။



၎) အထက်ပါအတိုင်း Selection ပေးပြီးပါက ကီးဘုတ်မှ Ctrl+Enter နှိပ်ပေးပါက အောက်ပါပုံအတိုင်း တွေ့ ရမည်။



၅) ထိုနောက် Menu bar ရှိ Select --> Modify --> Feather (Alt+Ctrl+D) ကို click ပေးပါ။ (Feather ပေးခြင်းဖြစ်သည် selection area နှင့် selection မဟုတ်သော area တို့ ရဲ့ ခြားနားချက်ပြေပြစ်စေရန်)



၆) Feather Radius box ကျလာပါက 1 pixel ဟုရိုက်ထည့်ပြီး ok နှိပ်ပေးပါ။

ရ) Layer --> New Adjustment layer --> Hue/Saturation ကအောက်ပါပုံအတိုင်း ရွေးပါ ။( Effect ထည့်ရန် Layer အသစ်တစ်ခုယူခြင်း)



၈) New Layer box ပေါ်လာပါက Ok နှိပ်ပါ ။



၉) Hue/Saturation box ရှိ Edit တွင် Yellow ရွေးပေးပြီး Saturation ကို သင့်တော်သလို လျှော့ချပေးပါ (ဒါဆိုရင် သွားဝါနေတာလေးတွေ ကနေဖြူသွားတောတွေ့ ရမှာပါ။)



၁၀) သွားလေးတြွေဖူပြီး ဝင်းနေစေဖို့ ဆိုရင် Hue/Saturation box ရှိ Edit တွင် Master ကို ရွေးပြီး Lightness ကို နဲနဲတင်ကြည့်လိုက်ပါ....



၁၂) Layer မှာ အောက်ပါ ပုံအတိုင်း layer တစ်ခုရှိနေမယ် အဲဒီ Layer က ခုန effect တွေထည့်ထားတဲ့ layer ပါ layer မျက်စိကို ဖွင့်/ပိတ် လုပ်ကြည့်ရင် ခြားနားမှုကိုတွေ့ ရမှာပါ၊



ကဲ ဒါဆိုရင် OK ပြီပေါ့ . . .

ပိုပြီးရှင်းသွားအောင် Video Tutorial လေးကြည့်လိုက်နော် . . .



မိုးသိကြား

Continue Reading....

Thursday, November 26, 2009

Easy Learning Photoshop E-book


Photoshop နဲ့ ပက်သက်ပြီး လူတော်တော်များများကတော့ တီးမိခေါက်မိကြမှာပါ.... အထူးသဖြင့် ဓါတ်ပုံဝါသနာရှင်တွေပေါ့  ဘာပဲဖြစ်ဖြစ် သိပြီးသားလူတွေရော သိချင်တတ်ချင် စိတ်ဝင်စားကြမယ့် ကျွန်တော့် မိတ်ဆွေများအတွက် အလွယ်တစ်ကူသင်ယူနိုင်မယ့် မြန်မာဗားရှင်း "လွယ်ကူလေ့လာ Photoshop သင်ခန်းစာများ" ဆိုတဲ့ e_book လေးကို ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ဝေငှလိုက်ပါတယ်...... ဒီမှာclick ၍ download ရယူပါ.....

Continue Reading....