Showing posts with label JB Touch 2. Show all posts
Showing posts with label JB Touch 2. Show all posts

Tuesday, June 25, 2013

Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x)

Jailbreak လုပ်ထားသော iPhone, iPad, iPod အစရှိသည့် iDevices များမှာ အကြောင်းအမျိုးမျိုးကြောင့် ဘက်ထရီ အစားမြန်နေခြင်း၊ Safe mode တွင် တစ်ဝဲလည်လည်ဖြစ်နေခြင်းနှင့် ဘာမှ လုပ်မရပဲ ပန်းသီး Logo မှာ ရပ်နေခြင်း အစရှိသော ပြဿနာများ အခန့်  မသင့်ပါက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ဒီအခါမျိုးမှာ iDevice ကို Restore ပြန်လုပ်လိုက်ရင် Firmware update ဖြစ်သွားပြီး Jailbreak လည်းပြုတ်သွားပါတယ်။
မိမိ Update Restore လုပ်မိသော Firmware သည် လက်ရှိမှာ Jailbreak ရရှိနေပါက Jailbreak ပြန်လုပ်ရန် လွယ်ကူသော်လည်း၊ Jailbreak မရရှိသေးတဲ့ Firmware ဖြစ်ပါက ဘာမှ မတတ်နိုင်တော့ပါ။

အထူးသဖြင့် software ဖြင့် Unlocked လုပ်ထားသော Locked ဖုန်းများမှာ အကြီးအကျယ် ဒုက္ခရောက်ပါပြီ...
အဲဒီ ပြဿနာများကို Computer အကူညီမလိုပဲ တစ်ချက်ထဲနဲ့  ဖြေရှင်းနိုင်ဖို့  ဆိုရင်...
အထက်ပါပြဿနာများ ဖြစ်လာပါက မိမိလက်ရှိ အသုံးပြုနေသော Firmware version ကို Jailbreak မပြုတ်စေပဲ Restore လုပ်နိုင်တဲ့ Tweak လေးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ...

iLEX R.A.T လို့  အမည်ရပြီး Jailbreak သမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ Tweak လေးတစ်ခု ဖြစ်ပါတယ်။

iLEX R.A.T က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေက..
  • Battery အစားမြန်ခြင်း
  • Safe Mode မှာ ပါတ်နေခြင်း
  • Apple Logo မှာ တစ်နေခြင်း နှင့် အခြား ပြဿနာများလည်း ရှင်းပေးနိုင်ပါတယ်


iLEX R.A.T ကို iOS 4.x.x ကနေ iOS 6.x.x အထိ အသုံးပြုနေကြသော iPhone, iPad, iPad တို့ အားလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်..

iLEX R.A.T ၏ လက်ရှိနောက်ဆုံး Version အသစ်ဟာ (1.10-125) ဖြစ်ပြီး အရင် Version အဟောင်းနှင့် ကွာခြားချက်ကတော့ "Mobile Terminal" ရှိထားရန် မလိုတော့ပဲ တိုက်ရိုက် Restore လုပ်နိုင်သွားပါပြီ..
iLEX R.A.T ကို Run လိုက်တာနဲ့  "iLEX R.A.T" နှင့် "iLEX RESTORE" option နှစ်ခုကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။


ယင်း Option နှစ်ခုက တစ်ခုနှင့် တစ်ခု လုပ်ဆောင်ချက် အနည်းငယ် ကွားခြားပါတယ်။

"iLEX R.A.T"
  • မိမိ iDevice ထဲမှာ Install လုပ်ထားသော Cydia Tweaks တွေ အားလုံးကိုသာ ဖျက်ပစ်မှာဖြစ်ပါတယ်။
  • Settings နှင့် တစ်ကွ အခြားအရာများအားလုံး အရင်အတိုင်းပဲ မပျက်ပါ။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


"iLEX RESTORE"
  • မိမိ iDevice ထဲက အရာများများအားလုံးကို ဖျက်ပစ်ပြီး Stock firmware ဖြစ်အောင် Restore ပြန်လုပ်မှာ ဖြစ်ပါတယ်။
  • Reboot ပြန်တက်လာသည့် အခါ "Activation" ပါ အစ/ဆုံး ပြန်လုပ်ရန် လိုအပ်ပါတယ်။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


iLEX R.A.T ၏ Source " http://cydia.myrepospace.com/iLEXiNFO/ " ကို Cydia -> Edit -> Add နှင့် ထည်းသွင်းပြီး "iLEX R.A.T." ကိုသာ Install လုပ်ပါ။

"iLEX R.A.T" အသုံးပြုနည်း

နှစ်မျိုးရှိပါတယ် ပထမနည်းကတော့ မိမိ iDevice ၏ Home screen ရှိ "iLEX R.A.T" App ကိုနှိပ်ပြီး စိတ်ကြိုက် Option တစ်ခု ရွေးချယ်ပါက အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

ဒုတိယနည်းကတော့ PC ရှိ iFunBox ကို အသုံးပြုနည်းဖြစ်ပါတယ်..

၁) iDevice ကို PC နှင့် ချိပ်ဆက်လိုက်ပြီး "iFunBox" ကို Run ပါ။

၂) မိမိ Device ကို detect သိပါက ပုံတွင်ပြထားသည့်အတိုင်း (Quick Toolbox) tab ကို ရွေးလိုက်ပါ။


၃) ထို့ နောက် "SSH Terminal" ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Box တစ်ခုတက်လာပါက အနီနှင့် ပြထားသော နေရာတွင် " rat " ဟုရိုက်ပါ။


၎) နောက်ဆုံးမှာ (Option 1) " 1 " ဟုရိုက်ပါ (Apple Logo မှာ တစ်နေသူများအတွက်)

အခြား Option များကိုတော့ လိုအပ်သလို ရွေးချယ်ပါ။ Fully Restore လုပ်လိုလျှင် (Option 12) " 12 " ဟုရိုက်ပါ။

၅) ပြီးလျှင် "Enter" နှိပ်ပါ။

၆) " Y " ဟုရိုက်ပါ။

ဒါဆိုရင် လုပ်ငန်းစဉ်အားလုံးကို အလိုလို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပြဿနာအားလုံး ပြေလည်းသွားပါလိမ့်မည်။

** မှတ်ချက်။ ။ Restore လုပ်ပါက မိမိ Device တွင်းရှိ Data များအားလုံး ပျက်သွားမည်ကို သတိရှိပါ။ **




Credit to : iLEX R.A.T.


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

ကြော်ငြာ Banner များကို "Click" လုပ်ပေးခြင်းဖြင့် မေတ္တာတုံ့ ပြန် အသိအမှတ် ပြုနိုင်ပါတယ်

မိုးသိကြား

Continue Reading....

Tuesday, April 9, 2013

iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ

iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။

"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး...

"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။


"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။

ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်..

သင်၏ iOS ကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ...?




Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Monday, March 11, 2013

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?

iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။


နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...

iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို



iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb



Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Sunday, February 3, 2013

SHSH blobs တစ်ခုကို Save လုပ်ခြင်း

iDevice သုံးစွဲသူများ အနေနှင့် Jailbreak လုပ်ထးသည် ဖြစ်စေ မလုပ်ထားသည်ဖြစ်စေ Update လုပ်လိုက်သော iOS အတွက် မိမိ၏ SHSH blobs ကို အစဉ်တစ်စိုက် Save လုပ်ထားခြင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။
ယခုလို Shsh ကို မှန်မှန် save လုပ်ထားခြင်းဖြင့် အဆင်မပြေတာ တစ်ခုခု ကြုံကြိုက်လာပါက Downgrade ပြန်ဆင်နိုင်ဖို့  အတွက် အခွင့်ရေးတစ်ခု အမြဲရရှိနေမှာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ SHSH blobs ကို save ဖို့  သင့်သလဲဆိုရင်တော့ firmware တစ်ခုကို update လုပ်ပြီးတာနှင့် တစ်ပြိုင်နက် save သင့်ပါတယ်။

Apple က နောက်ထပ် firmware တစ်ခု အသစ်ထပ်ထုတ်လိုက်တဲ့ အချိန်မှာ လက်ရှိ firmware ကို မြန်မြန်ဆန်ဆန် ပိတ်ပစ်တာကြောင့် အဲဒီအချိန်ကျရင်တော့ Save လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

SHSH blobs ကို အလွယ်ကူဆုံး နည်းနှစ်နည်းနဲ့  Save လုပ်ထားနိုင်ပါတယ်။

ပထမနည်း ကတော့ "Tiny Umbrella" အသုံးပြု၍ save လုပ်နိုင်ပြီး Jailbreak ဖြစ်ဖို့ လည်း မလိုပါဘူး။
ဒုတိယနည်း ကတော့ Cydia ရဲ့  tweak တစ်ခုဖြစ်သော "iSHSHit" နဲ့  save နိုင်ပြီး Jailbreak ဖြစ်ရန် လိုအပ်ပါတယ်။


Tiny Umbrella နှင့် Save နည်း

>> Download Tiny Umbrella (WIN, OSX)

အဆင့် ၁)
ပထမဦးစွာ Tiny Umbrella ၏ နောက်ဆုံး Update version (WIN, OSX) ကို download ရယူပါ။

အဆင့် ၂)
Desktop တွင် Folder တစ်ခု ဆောက်၍ "SHSH" ဟု အမည်ပေးထားပါ။

အဆင့် ၃)
Tiny Umbrella ကို Run လိုက်ပါ၊ Initialize ပြီးအောင် စောင့်ပါ။

အဆင့် ၄)
SHSH blobs ကို Save လိုသော သင်၏ iDevice (iPad, iPhone, iPod touch) ကို computer နှင့် ချိပ်ဆက်ပါ။

အဆင့် ၅)
Tiny Umbrellar window ထဲမှာ ဘယ်ဘက်ဒေါင့် နေရာရှိ "Connected device" အောက်တွင် ပေါ်နေသော သင်၏ device ကို ရွေးပါ။


အဆင့် ၆)
Tiny Umbrella တွင် ပါရှိသော "General, Log, Advance" tab များထဲမှ "Advance" ကိုသွားပြီး အောက်ဖော်ပြပါ option နှစ်ခုကို အမှန်ခြစ် ဖြုတ်လိုက်ပါ။

  • Save ALL Available SHSH
  • Request SHSH From Cydia


အဆင့် ၇)
"Save SHSH Directory" ကို Desktop ရှိ SHSH folder သို့  ရွေးချယ်ပေးလိုက်ပါ။


အဆင့် ၈)
အဆင်သင့်ဖြစ်ပါက "Save SHSH" ကို နှိပ်ပေးလိုက်ပါ၊ Tiny Umbrealla က သင်၏ iOS အတွက် SHSH blobs ကို save လုပ်သွားပါလိမ့်မည်။

Save လုပ်ပြီးပါ "Log" tab တွင် status ကို စစ်ဆေးပါ "SHSH SUCCESSFULLY saved!" ဟူသော စာတန်းကို အောက်ပါအတိုင်း တွေ့ ရပါမည်။


အဆင့် ၉)
"SHSH" folder ကို စစ်ဆေးကြည့်လိုက်ရင် Shsh blobs file ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်

Video Tutorial



ဤနေရာတွင် "Tiny Umbrella" နှင့် "Shsh blobs" save နည်း ပြီးဆုံးပါပြီ...



************************************************************



iSHSHit နှင့် Save နည်း

"iSHSHit" သည် Cydia ၏ tweaks တစ်ခု ဖြစ်သည့်အားလျှော်စွာ သင်၏ iDevice သည် Jailbreak ဖြစ်ရန်လိုပါသည်။


အဆင့် ၁)
ပထမဦးစွာ "iSHSHit" ကို Cydia တွင်ရှာ၍ install လုပ်ပါ။
Cydia Source: "http://cydia.xsellize.com/" ဖြစ်ပါတယ်။

အဆင့် ၂)
Home screen ရှိ "iSHSHit" ကို ဖွင့်ပြီး ညာဖက် အပေါ်ဒေါင့်ရှိ "Save" ကို နှိပ်လိုက်ရုံနဲ့  သင့် iOS ၏ Shsh blobs ကို လွယ်ကူစွာ Save နိုင်ပါပြီ..







Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Wednesday, January 2, 2013

Pirate App များသွင်းနိုင်ရန် Jailbreak လုပ်ရန်မလိုတော့

မကြာသေးမီ ရက်ပိုင်းခန့် က"Hackulous" ပိတ်သိမ်းသွားပြီးတဲ့နောက် "Installous" အသုံးပြုသူအချို့  အနေနဲ့  Cracked App တွေ အရင်လို လွယ်လွယ်ကူကူ မရတော့မှာကို စိုးရိမ် သူများရှိနေကြပါတယ်။ မစိုးရိမ်ပါနဲ့  Pirate App တွေကို ပေးတဲ့ နောက်ထပ် site နှစ်ခု ထပ်မံ ပေါ်ထွက်လာပါပြီ။

ဒီတစ်ခါ service ကတော့ ပိုလိုတောင် ကောင်းနေပါသေးတယ် iPhone, iPad တို့ ကို Jailbreak လုပ်စရာ မလိုပဲ Pirate App တွေကို သွင်းနိုင်အောင် စီစဉ်ထားပါတယ်...
Apple ၏ DRM (Digital Restriction Management) ကို ထိုးဖောက်၍ Pirate App များကို Jailbreak လုပ်ရန်မလိုပဲ သွင်းယူနိုင်အောင် လုပ်ပေးလိုက်တဲ့အတွက် လက်ရှိနာမည်ကြီးနေတာကတော့ "Zeusmos" "Kuaiyong" ဆိုတဲ့ တရုပ် site တွေပဲ ဖြစ်ပါတယ်။

အရင်က Jailbreak လုပ်ထားတဲ့ Device တွေမှသာ pirate App တွေကို သွင်းနိုင်ပေမယ့် အခုတော့ ဘယ် Device မဆို သွင်းယူနိုင်ကြပြီဖြစ်လို့  အထက်ပါ service နှစ်ခုလုံးဟာ Developer တွေအတွက် အလွန် စိုးရိမ်စရာ ကောင်းပါတယ်။

"Zeusmos" ကတော့ Jailbreak Device တွေအတွက် App တွေ Free သွင်းယူခွင့်ပေးပြီး Jailbreak မလုပ်ထာတဲ့ Device တွေကိုတော့ အခကြေးငွေ နဲ့  ဝန်ဆောင်ပေးနေပါတယ်။ ၁၅ နှစ်သားအရွယ် "Zeusmos" ကို ဖန်တီးသူ ကတော့ မဝယ်ခင် ဒီမှာ အလကား စမ်းသုံးကြည့်ပါ လို့ ပြောထားပါတယ်။ (လောလောဆယ်တော့ Under Maintenance ဖြစ်နေတာ တွေ့  ရပါတယ်)

နောက်ထပ် နာမည်ကြီး တရုပ် site တစ်ခုကတော့ "Kuaiyoun" ဖြစ်ပြီး သူကတော့ Windows အတွက် သူရဲ့  software ကို ဦးစွာ Download လုပ်ရပါလိမ့်မယ်။ သတိထားရမှာက Download လုပ်လိုက်တဲ့ အခါမှာ မိမိစက်မှာ Anti Virus သွင်းထားပါက "Untrusted Site" အနေနဲ့  warning ပေါ်လာမှာ ဖြစ်ပြီး download လုပ်ရန် မလုပ်ရန်ကို ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်စေလိုပါတယ်...

DOWNLOAD HERE!!


အကယ်၍ Download / Install လုပ်ပြီး "Kuaiyong" software ကို Run လိုက်ပါက အောက်ပါပုံ အတိုင်း တွေ့ ရပါမည်၊ အားလုံး တရုပ်စာများဖြစ်လို့  ကျွန်တော် နားမလည်နိုင်ပါ။ ဒါပေမယ့် အလုပ်လုပ်နိုင်မယ့် အနေအထားလောက်ကိုတော့ Screen Shot နှင့် ကြိုးစားဖော်ပြပေးပါမည်။

** ကြိုတင်တောင်းပန်ချင်တာက ကျွန်တော် တရုပ်လို တစ်လုံးမျှ မတတ်ပါသောကြောင့် ရမ်းသမ်း ဘာသာပြန်မှုများ မှားကောင်း မှားနိုင်ပါလိမ့်မယ် ဒါပေမယ့် အလုပ်ဖြစ်တယ် ဆိုတာကိုတော့ ရဲရဲကြီး အာမခံပါတယ် **

၁) ပထမဦးဆုံးတွေ့ ရမည့် စာမျက်နှာ


iDevice ကို ချိပ်ဆက်ထားပြီး "App" tab တွင် မိမိလိုချင်သော App ကို ရွေးပြီး နှိပ်ပါ။


၂) ပုံတွင် ပြထားသည့် အတိုင်း Download ကို နှိပ်ပါ။


၃) "Download" tab တွင် App downloading လုပ်နေသည်ကို တွေ့ ရပါမည်။


၎) Download ပြီးသွားပါက ဘေးတွင် အမှန်ခြစ် အစိမ်းရောင်လေး ပေါ်နေမှာ ဖြစ်ပါတယ်။


၅) မိမိ iDevice တွင် Install လုပ်ရန် "Install" button ကို နှိပ်လိုက်ပါ။


၆) App install လုပ်နေသည်ကို အောက်ပါအတိုင်း တွေ့ ရပါလိမ့်မည်။




ကျွန်တော့် iPad 2 iOS 6.0.1 ဟာ ခုချိန်မှာ Jailbreak လုပ်လို့  မရသေးတာ အားလုံးသိကြပါလိမ့်မယ်။ အပေါ်က screen shot (၄) (၅) (၆) မှာ ပြထားသလို "Keynote" ကို ကျွန်တော် Download လုပ်ပြီး Jailbreak မလုပ်ထားတဲ့ iPad 2 မှာ အောင်မြင်စွာ အသုံးပြုနိုင်ကြောင်း screen shot တွေကို ဆက်လက် ရှုစားကြပါ။






အားလုံးပဲ မင်္ဂလာနှစ်သစ်မှာ ယခုဆောင်းပါးနဲ့  ကျေနပ်ပျော်ရွှင်ကြလိမ့်မယ်လို့  မျှော်လင့်မိပါတယ်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Thursday, August 9, 2012

iDevice Models and Country Region

လက်ရှိတွင် မိမိအသုံးပြုနေသော Apple iDevice မှာ မည်သည့် အမျိုးအစားဖြစ်သည်ကို တိတိကျကျ သိရှိနိုင်စေရန်၊ ထပ်မံဝယ်ယူလိုသော iDevice အမျိုးအစား၏ model number ကို မှတ်သား၍ ကြိုတင်သိရှိထားသောအခါ ပစ္စည်းဝယ်ယူရာတွင် အမှားနည်းစေရန်နှင့် အခြားသော အကြောင်းအမျိုးမျိုးများကြောင့် model number များကို သိရှိရန် လိုအပ်ခဲ့ပါက လွယ်ကူစွာ ရှာဖွေနိုင်ရန် ရည်ရွယ်၍ Apple iDevice များ၏ model များကို စုစည်း တင်ပြပေးလိုက်ပါသည်။


မိမိ iDevice Model number ကိုသိရှိရန် Home screen ရှိ Settings -> General -> About -> Model တွင် ရှာဖွေ တွေ့ ရှိနိုင်ပါသည်။
Model number ၏ နောက်ဆုံးရှိ အက္ခရာမှာ Device ၏ Region အမှတ်အသား ဖြစ်ပါသည်။ ဥပမာ Model number : MB489ZA တွင် MB489 သည် iPhone 3G (8G) အမျိုးစားဖြစ်ပြီး ZA မှာ (Singapore) ကိုရည်ညွှန်းသော ကုဒ်ဖြစ်ပါသည်။
သက်ဆိုင်ရာ Country Region ID များကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

>> iDevice Model Numbers <<
iPhone 2G
-FA501 (4GB)
-FA712 (8GB)
-FB384 (16GB)
-MA501 (4GB)
-MA712 (8GB)
-MB384 (16GB)
-PA501 (4GB)
-PA712 (8GB)
-PB384 (16GB)

iPhone 3G (Black)
-FB046 (8GB)
-FB489 (8GB)
-FB702 (8GB)
-FB048 (16GB)
-FB496 (16GB)
-FB704 (16GB)
-MB046 (8GB)
-MB489 (8GB)
-MB702 (8GB)
-MB048 (16GB)
-MB496 (16GB)
-MB704 (16GB)
-PB046 (8GB)
-PB489 (8GB)
-PB702 (8GB)
-PB048 (16GB)
-PB496 (16GB)
-PB704 (16GB)

iPhone 3G (White)
-FB499 (16GB)
-FB500 (16GB)
-FB705 (16GB)
-MB499 (16GB)
-MB500 (16GB)
-MB705 (16GB)
-PB499 (16GB)
-PB500 (16GB)
-PB705 (16GB)

iPhone 3GS (Black - Old Bootrom)
-FB715 (16GB)
-FB717 (32GB)
-MB715 (16GB)
-MB717 (32GB)
-PB715 (16GB)
-PB717 (32GB)

iPhone 3GS (White - Old Bootrom)
-FB716 (16GB)
-FB718 (32GB)
-MB716 (16GB)
-MB718 (32GB)
-PB716 (16GB)
-PB718 (32GB)

iPhone 3GS (Black - New Bootrom)
-FC131 (16GB)
-FC133 (32GB)
-FC135 (16GB)
-FC137 (32GB)
-FC555 (8GB)
-FC640 (8GB)
-MC131 (16GB)
-MC133 (32GB)
-MC135 (16GB)
-MC137 (32GB)
-MC555 (8GB)
-MC640 (8GB)
-PC131 (16GB)
-PC133 (32GB)
-PC135 (16GB)
-PC137 (32GB)
-PC555 (8GB)
-PC640 (8GB)

iPhone 3GS (White - New Bootrom)
-FC132 (16GB)
-FC134 (32GB)
-FC136 (16GB)
-FC138 (32GB)
-MC132 (16GB)
-MC134 (32GB)
-MC136 (16GB)
-MC138 (32GB)
-PC132 (16GB)
-PC134 (32GB)
-PC136 (16GB)
-PC138 (32GB)

iPhone 4 (Black - 8GB)
-FC128
-MD128
-PC128

iPhone 4 (White - 8GB)
-FC198
-MD198
-PC198

iPhone 4 GSM (Black)
-FC318 (16GB)
-FC319 (32GB)
-FC603 (16GB)
-FC605 (32GB)
-FC608 (16GB)
-FC610 (32GB)
-MC318 (16GB)
-MC319 (32GB)
-MC603 (16GB)
-MC605 (32GB)
-MC608 (16GB)
-MC610 (32GB)
-PC318 (16GB)
-PC319 (32GB)
-PC603 (16GB)
-PC605 (32GB)
-PC608 (16GB)
-PC610 (32GB)

iPhone 4 GSM (White)
-FC604 (16GB)
-FC606 (32GB)
-MC604 (16GB)
-MC606 (32GB)
-PC604 (16GB)
-PC606 (32GB)

iPhone 4 CDMA (Black)
-FC676 (16GB)
-FC678 (32GB)
-MC676 (16GB)
-MC678 (32GB)
-PC676 (16GB)
-PC678 (32GB)

iPhone 4 CDMA (White)
-FC677 (16GB)
-FC679 (32GB)
-MC677 (16GB)
-MC679 (32GB)
-PC677 (16GB)
-PC679 (32GB)

iPhone 4S (Black)
-FC918 (16GB)
-FC919 (32GB)
-FC923 (32GB)
-FD234 (16GB)
-FD235 (16GB)
-FD241 (32GB)
-FD257 (64GB)
-FD258 (64GB)
-FD269 (64GB)
-FD276 (16GB)
-FD278 (32GB)
-FD280 (64GB)
-FD377 (16GB)
-FD379 (32GB)
-FD381 (64GB)

-MC918 (16GB)
-MC919 (32GB)
-MC923 (32GB)
-MD234 (16GB)
-MD235 (16GB)
-MD241 (32GB)
-MD257 (64GB)
-MD258 (64GB)
-MD269 (64GB)
-MD276 (16GB)
-MD278 (32GB)
-MD280 (64GB)
-MD377 (16GB)
-MD379 (32GB)
-MD381 (64GB)

-PC918 (16GB)
-PC919 (32GB)
-PC923 (32GB)
-PD234 (16GB)
-PD235 (16GB)
-PD241 (32GB)
-PD257 (64GB)
-PD258 (64GB)
-PD269 (64GB)
-PD276 (16GB)
-PD278 (32GB)
-PD280 (64GB)
-PD377 (16GB)
-PD379 (32GB)
-PD381 (64GB)

iPhone 4S (White)
-FC920 (16GB)
-FC921 (32GB)
-FD237 (16GB)
-FD244 (32GB)
-FD260 (64GB)
-FD271 (64GB)
-FD277 (16GB)
-FD279 (32GB)
-FD281 (64GB)
-FD378 (16GB)
-FD380 (32GB)
-FD382 (64GB)

-MC920 (16GB)
-MC921 (32GB)
-MD237 (16GB)
-MD244 (32GB)
-MD260 (64GB)
-MD271 (64GB)
-MD277 (16GB)
-MD279 (32GB)
-MD281 (64GB)
-MD378 (16GB)
-MD380 (32GB)
-MD382 (64GB)

-PC920 (16GB)
-PC921 (32GB)
-PD237 (16GB)
-PD244 (32GB)
-PD260 (64GB)
-PD271 (64GB)
-PD277 (16GB)
-PD279 (32GB)
-PD281 (64GB)
-PD378 (16GB)
-PD380 (32GB)
-PD382 (64GB)

iPodTouch 1G
-FC623 (8GB)
-FC624 (8GB)
-FC839 (8GB)
-MA623 (8GB)
-MA624 (8GB)
-MA839 (8GB)
-PA623 (8GB)
-PA624 (8GB)
-PA839 (8GB)

-FA627 (16GB)
-FA628 (16GB)
-MA627 (16GB)
-MA628 (16GB)
-PA627 (16GB)
-PA628 (16GB)

-FA628 (32GB)
-MB376 (32GB)
-PB628 (32GB)

iPodTouch 2G
-FB525 (8GB)
-FC086 (8GB)
-MB525 (8GB)
-MB528 (8GB)
-MC086 (8GB)
-PB525 (8GB)
-PB528 (8GB)
-PB529 (8GB)
-PC086 (8GB)

-FB531 (16GB)
-FB532 (16GB)
-MB531 (16GB)
-MB532 (16GB)
-PB531 (16GB)
-PB532 (16GB)

-FC533 (32GB)
-FC534 (32GB)
-MB533 (32GB)
-MB534 (32GB)
-PB533 (32GB)
-PB534 (32GB)

iPodTouch 3G
-FC008 (32GB)
-MC008 (32GB)
-PC008 (32GB)

-FC011 (64GB)
-MC011 (64GB)
-PC011 (64GB)

iPodTouch 4G (Black)
-FC540 (8GB)
-MC540 (8GB)
-PC540 (8GB)

-FC544 (32GB)
-MC544 (32GB)
-PC544 (32GB)

-FC547 (64GB)
-MC547 (64GB)
-PC547 (64GB)

iPodTouch 4G (White)
-FC057 (8GB)
-MD057 (8GB)
-PC057 (8GB)

-FC058 (32GB)
-MD058 (32GB)
-PC058 (32GB)

-FC059 (64GB)
-MD059 (64GB)
-PC059 (64GB)

iPad 1 (WiFi)
-FB292 (16GB)
-MB292 (16GB)
-PB292 (16GB)

-FB293 (32GB)
-MB293 (32GB)
-PB293 (32GB)

-MB294 (64GB)
-PB294 (64GB)
-FB294 (64GB)

iPad 1 (GSM)
-FC349 (16GB)
-MC349 (16GB)
-PC349 (16GB)

-FC496 (32GB)
-MC496 (32GB)
-PC496 (32GB)

-FC497 (64GB)
-MC497 (64GB)
-PC497 (64GB)

iPad 2 (WiFi - Black)
-FC769 (16GB)
-MC769 (16GB)
-PC769 (16GB)

-FC770 (32GB)
-MC770 (32GB)
-PC770 (32GB)

-FC916 (64GB)
-MC916 (64GB)
-PC916 (64GB)

iPad 2 (WiFi - White)
-FC979 (16GB)
-MC979 (16GB)
-PC979 (16GB)

-FC980 (32GB)
-MC980 (32GB)
-PC980 (32GB)

-FC981 (64GB)
-MC981 (64GB)
-PC981 (64GB)

iPad 2 (GSM - Black)
-FC773 (16GB)
-MC773 (16GB)
-PC773 (16GB)

-FC774 (32GB)
-MC774 (32GB)
-PC774 (32GB)

-FC775 (64GB)
-MC775 (64GB)
-PC775 (64GB)

iPad 2 (GSM - White)
-FC982 (16GB)
-MC982 (16GB)
-PC982 (16GB)

-FC983 (32GB)
-MC983 (32GB)
-PC983 (32GB)

-FC984 (64GB)
-MC984 (64GB)
-PC984 (64GB)

iPad 2 (CDMA - Black)
-FC755 (16GB)
-MC755 (16GB)
-PC755 (16GB)

-FC763 (32GB)
-MC763 (32GB)
-PC763 (32GB)

-FC764 (64GB)
-MC764 (64GB)
-PC764 (64GB)

iPad 2 (CDMA - White)
-FC985 (16GB)
-MC985 (16GB)
-PC985 (16GB)

-FC986 (32GB)
-MC986 (32GB)
-PC986 (32GB)

-FC987 (64GB)
-MC987 (64GB)
-PC987 (64GB)

New iPad 3 (WiFi - Black)
-FC705 (16GB)
-MC705 (16GB)
-PC705 (16GB)

-FC706 (32GB)
-MC706 (32GB)
-PC706 (32GB)

-FC707 (64GB)
-MC707 (64GB)
-PC707 (64GB)

New iPad 3 (WiFi - White)
-FD328 (16GB)
-MD328 (16GB)
-PD328 (16GB)

-FD329 (32GB)
-MD329 (32GB)
-PD329 (32GB)

-FD330 (64GB)
-MD330 (64GB)
-PD330 (64GB)

New iPad 3 (CDMA - Black)
-FC733 (16GB)
-MC733 (16GB)
-PC733 (16GB)

-FC744 (32GB)
-MC744 (32GB)
-PC744 (32GB)

-FC756 (64GB)
-MC756 (64GB)
-PC756 (64GB)

New iPad 3 (CDMA - White)
-FD363 (16GB)
-MD363 (16GB)
-PD363 (16GB)

-FD364 (32GB)
-MD364 (32GB)
-PD364 (32GB)

-FD365 (64GB)
-MD365 (64GB)
-PD365 (64GB)

New iPad 3 (Global - Black)
-FD366 (16GB)
-MD366 (16GB)
-PD366 (16GB)

-FD367 (32GB)
-MD367 (32GB)
-PD367 (32GB)

-FD368 (64GB)
-MD368 (64GB)
-PD368 (64GB)

New iPad 3 (Global - White)
-FD369 (16GB)
-MD369 (16GB)
-PD369 (16GB)

-FD370 (32GB)
-MD370 (32GB)
-PD370 (32GB)

-FD371 (64GB)
-MD371 (64GB)
-PD371 (64GB)

Country Region IDs
AB Egypt, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
C Canada
CZ Czech Republic
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
J Japan
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TA Taiwan
TU Turkey
X Australia, New Zealand
Y Spain
ZA Singapore
ZP Hong Kong, Macau


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Saturday, July 7, 2012

iDevices Baseband List

iDevice များရဲ့  iOS version များနှင့် Baseband list များကို ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။ iPhone များတွင် Baseband ကန့် သတ်ချက်များကြောင့် Unlock မလုပ်နိုင်သူများ အနေနှင့် မိမိ iPhone ကို Downgrade ပြန်ဆင်းလိုသော အခါ Unlockable Baseband ရရှိရန် မည်သည့် iOS version ထိ ပြန်ဆင်းရန် ကို အလွယ်တစ်ကူ သိရှိနားလည်းစေရန် ရည်ရွယ်ပါတယ်....

List Of All iPhone and iPad Baseband Versions:

iPad 1G Basebands

> iPad 1G Baseband 06.15.00 [iOS 3.2, iOS 3.2.1 and iOS 3.2.]
> iPad 1G Baseband 07.10.00 [iOS 4.2.1]
> iPad 1G Baseband 07.11.00 [iOS 4.3]
iPad 1G Baseband 07.11.01 [iOS 4.3.1, iOS 4.3.2, iOS 4.3.3, iOS 4.3.4, iOS 4.3.5, iOS 5.0 and iOS 5.0.1]

iPad 2G GSM Basebands

> iPad 2G GSM Baseband 04.10.01 [iOS 4.3, iOS 4.3.1, iOS 4.3.2, iOS 4.3.3, iOS 4.3.4, iOS 4.3.5]
> iPad 2G GSM Baseband 04.11.08 [iOS 5.0, iOS 5.0.1]
> iPad 2G GSM Baseband 04.12.01 [iOS 5.1]

iPad 2G CDMA Basebands

> iPad 2G CDMA Baseband 2.0.04 [iOS 4.3, iOS 4.3.1, iOS 4.3.2, iOS 4.3.3, iOS 4.3.4, iOS 4.3.5]
> iPad 2G CDMA Baseband 3.0.03 [iOS 5.0 and iOS 5.0.1]
> iPad 2G CDMA Baseband 3.0.04 [iOS 5.1]

iPad 3 Global Basebands

> iPad 3 Global Baseband 1.0.10 [iOS 5.1]

iPad 3 CDMA Basebands

> iPad 3 CDMA Baseband 1.0.10 [iOS 5.1]

iPhone Basebands

> iPhone Baseband 03.06.01_G [iOS 1.0]
> iPhone Baseband 03.11.02_G [iOS 1.0.0]
> iPhone Baseband 03.12.06_G [iOS 1.0.1]
> iPhone Baseband 03.14.08_G [iOS 1.0.2]
> iPhone Baseband 04.01.13_G [iOS 1.1.1]
> iPhone Baseband 04.02.13_G [iOS 1.1.2]
> iPhone Baseband 04.03.13_G [iOS 1.1.3]
> iPhone Baseband 04.04.05_G [iOS 1.1.4]
> iPhone Baseband 04.05.04_G [iOS 2.0, iOS 2.0.1, iOS 2.0.2, iOS 2.1, iOS 2.2, iOS 2.2.1, iOS 3.0, iOS 3.0.1, iOS 3.1, iOS 3.1.2, iOS 3.1.1]

iPhone 3G Basebands

> iPhone 3G Baseband 01.45.00 [iOS 2.0]
> iPhone 3G Baseband 01.48.02 [iOS 2.0.1]
> iPhone 3G Baseband 02.08.01 [iOS 2.0.2]
> iPhone 3G Baseband 02.11.07 [iOS 2.1]
> iPhone 3G Baseband 02.28.00 [iOS 2.2]
> iPhone 3G Baseband 02.30.03 [iOS 2.2.1]
> iPhone 3G Baseband 04.26.08 [iOS 3.0 and iOS 3.0.1]
> iPhone 3G Baseband 05.11.07 [iOS 3.1 and iOS 3.1.2]
> iPhone 3G Baseband 05.12.01 [iOS 3.1.3]
> iPhone 3G Baseband 05.13.04 [iOS 4.0, iOS 4.0.1 and iOS 4.0.2]
> iPhone 3G Baseband 05.14.02 [iOS 4.1]
> iPhone 3G Baseband 05.15.04 [iOS 4.2.1]

iPhone 3GS Basebands

> iPhone 3GS Baseband 04.26.08 [iOS 3.0 and iOS 3.0.1]
> iPhone 3GS Baseband 05.11.07 [iOS 3.1 and iOS 3.1.2]
> iPhone 3GS Baseband 05.12.01 [iOS 3.1.3]
> iPhone 3GS Baseband 05.13.04 [iOS 4.0, iOS 4.0.1 and iOS 4.0.2]
> iPhone 3GS Baseband 05.14.02 [iOS 4.1]
> iPhone 3GS Baseband 05.15.04 [iOS 4.2.1]
> iPhone 3GS Baseband 05.16.01 [iOS 4.3]
> iPhone 3GS Baseband 05.16.02 [iOS 4.3.1, iOS 4.3.2, iOS 4.3.3, iOS 4.3.4 and iOS 4.3.5]
> iPhone 3GS Baseband 05.16.05 [iOS 5.0, iOS 5.0.1 and iOS 5.1]

iPhone 4 GSM Basebands

> iPhone 4 GSM Baseband 01.59.00 [iOS 4.0, iOS 4.0.1 and iOS 4.0.2]
> iPhone 4 GSM Baseband 02.10.04 [iOS 4.1]
> iPhone 4 GSM Baseband 03.10.01 [iOS 4.2.1]
> iPhone 4 GSM Baseband 04.10.01 [iOS 4.3, iOS 4.3.1, iOS 4.3.2, iOS 4.3.3, iOS 4.3.4 and iOS 4.3.5]
> iPhone 4 GSM Baseband 04.11.08 [iOS 5.0 and iOS 5.0.1]
> iPhone 4 GSM Baseband 04.12.01 [iOS 5.1]

iPhone 4 CDMA Basebands

> iPhone 4 CDMA Baseband 1.0.05 [iOS 4.2.5 and iOS 4.2.6]
> iPhone 4 CDMA Baseband 1.0.06 [iOS 4.2.7, iOS 4.2.8, iOS 4.2.9 and iOS 4.2.10]
> iPhone 4 CDMA Baseband 3.0.03 [iOS 5.0 and iOS 5.0.1]
> iPhone 4 CDMA Baseband 3.0.04 [iOS 5.1]

iPhone 4S Basebands

> iPhone 4S Baseband 1.0.11 [iOS 5.0]
> iPhone 4S Baseband 1.0.13 [iOS 5.0.1]
> iPhone 4S Baseband 1.0.14 [iOS 5.0.1]
> iPhone 4S Baseband 2.0.10 [iOS 5.1]


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Wednesday, May 9, 2012

iOS 5.1.1 Semi-Untether

iOS 5.1.1 Tethered Jailbreak လုပ်နည်းကို မနေ့ က ကျွန်တော် ဖော်ပြပေးခဲ့ပါတယ်၊ ဒီနေရာမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဒီနေ့ တော့ Tethered Jailbreak ဖြစ်ပြီးသား iOS 5.1.1 အတွက် Semi-Untethered လုပ်နိုင်မည့် နည်းလမ်းကို ထပ်မံ တင်ပြပေးလိုက်ပါတယ်။ iOS 5.1.1 အတွက် အမှန်အကန် Untethered Jailbreak မထွက်လာသေးခင် အထိ ထိန်းပြီး သုံးနိုင်ကြတာပေါ့ ...။

နည်းလမ်းလေးက လွယ်လွယ်လေးပါပဲ...

အဆင့် ၁)

Cydia -> Manage -> Sources ကိုသွားပြီး....



အဆင့် ၂)

Edit -> Add မှာ http://thebigboss.org/semitether ဆိုတဲ့ URL လေးကို ထည့်ပေးလိုက်ပါ။


အဆင့် ၃)

Cydia -> Search မှာ SemiTether ဟုရိုက်ရှာပြီး Install လုပ်ပေးလိုက်ပါ။


ကဲ... အခုဆိုရင် ဖုန်းပါဝါပိတ်သွားလို့  ပြန်ဖွင့်တိုင်း Apple Logo မှာ တစ်မနေတော့ဘူးပေါ့....

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

မိုးသိကြား

Continue Reading....

Monday, March 12, 2012

iOS 5.1 Tethered Jailbreak With snOwbreeze

iH8snOw က snOwbreeze 2.9.2 ကို iOS 5.1 အသုံးပြုထားသော iDevices များအတွက် Tethered Jailbreak လုပ်နိုင်ရန် ထုတ်ပေးလိုက်ပါပြီ။ လွန်ခဲ့သော ရက်အနည်းငယ်က redsnOw ကလည်း jailbreak tool တစ်ခု ထုတ်ပေးထားလို့ iOS 5.1 jailbreak လုပ်လိုသူများအတွက် နှစ်သက်ရာ Tool ကိုအသုံးပြုနိုင်ကြပါပြီ။
redsnOw, snOwbreeze နှစ်မျိုးလုံးကတော့ လောလောဆယ်မှာ Tethered Jailbreak ပဲ လုပ်ပေးနိုင်ပါသေးတယ်။

UltrasnOw နှင့် Unlock လုပ်ရန် လိုအပ်သူများ iOS 5.1 ကို iTunes မှ တိုက်ရိုက် Update မလုပ်ကြဖို့ အထူးသတိပေးပါရစေ...
ယခုအထိတော့ UltrasnOw သည် iOS 5.1 ကို unlocked လုပ်ပေးနိုင်ခြင်းမရှိသေးပါ။ Update ကို စောင့်ကြရပါဦးမည်။ (သို့သော်) Baseband Preserve လုပ်ရန်လိုပါသည်။
မိမိ၏ လက်ရှိ Baseband သည် unloack-able baseband ဖြစ်နေပါက snOwbreeze သုံးပြီး iOS 5.1 baseband preserve ဦးစွားပြုလုပ်ပြီးမှ Update လုပ်ကြပါရန် တိုက်တွန်းပါသည်။

Download

>> iOS 5.1 for all iDevices
>> snOwbreeze 2.9.2 (Windows)

မှတ်ချက်။ ။ snOwbreeze 2.9.2 သည် A5 Device များဖြစ်ကြသော iPhone 4S, iPad 2 မှလွဲ၍ အခြား iDevices များအတွက် tethered jailbreak ပြုလုပ်ပေးနိုင်သည်။

ထူးခြားချက်မှာ iPhone 3GS old bootrom အတွက် Untethered jailbreak ပြုလုပ်နိုင်ပါသည်။

snOwbreeze နှင့် Jailbreak ပြုလုပ်ခြင်းကို ကျွန်တော့် စာဖတ်ပရိဿတ် ကျွမ်းကျင်နေလောက်ပြီ ဖြစ်၍ အသေးစိတ် မဖော်ပြေပေးတော့ပါ။

နမူနာအနေနှင့် ဤနေရာတွင် လေ့လာနိုင်ပါသည်။

Continue Reading....

Friday, January 20, 2012

Install iOS 5 on iPhone 3G, 2G, iPod Touch 2G, 1G

iPhone 4, 3GS, iPod Touch 3G, 4G တို့မှာ iOS 5.0.1 version အသစ်လေးတွေ၊ လုပ်ဆောင်ချက် အသစ်လေးတွေနဲ့ လန်းနေချိန်မှာ iphone 3G, 2G, iPodTouch 2G, 1G တို့အတွက် Apple က iOS 4.2.1 မှာ ရက်ရက်စက်စက် ချန်ထားပစ်ခဲ့ပါတယ်။ ဒီတော့ သူတို့နဲ့ ယှဉ်သုံးတဲ့ အခါမှာ အလွန်မျက်နှာငယ်စရာပါပဲ။

ကဲ... ဒါတွေအားလုံးကို အခုတော့ ကျော်ဖြတ်လို့ရပါပြီ။
သင့်ရဲ့ iPhone, iPodTouch အဟောင်းလေးတွေမှာ Jailbreak လုပ်ပြီးသားလဲဖြစ်၊ မြန်နှုန်းမြင့်ပြီး iOS 5.0.1 ရဲ့ လုပ်ဆောင်ချက်များ အတိုင်း ထပ်တူနီးပါး အသုံးပြုနိုင်မယ် ဆိုရင် ဘယ်လို သဘောရပါသလဲ..?

သိပ်မတွေးပါနဲ့ Whited00r က အဖြေထုတ်ပေးထားပါတယ်။ သူရဲ့လုပ်ဆောင်ချက်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်..

Whited00r 5.1 features / Changelog:

> Cydia 1.1.3 Preinstalled (last stable release)
> YouTube certificates needed for hacktivated device
> PNGs optimization for native apps and global GUI
> Improved Brightness menu
> New Touch Menu for user with problems to touch screen
> Reset menu modded: reset a jailbroken device causes problems
> Custom whited00r Copyright page
> iOS5 animated Bootlogo ready for LogoMii (not installed by default)
> iOS5 shadows included in default wallpapers (good looking without slow down the device)
> Wallpaper on HomeScreen (thanks to Darlo770)
> iOS4 wallpapers set by default (ready at the first boot)
> iOS5.1 wallpapers included (ported from iPad firmware)
> Fake wallpaper preview menu (thanks to iHalo)
> Real multitasking: backgrounded apps keep in running state
> Keep home button pressed to background
> Old Backgrounder version without Activator dependance (faster and iOS3 stable)
> Phone and Mail app really could be kept closed if not used (no autolaunch in background)
> iPodControls on Multitasking dock (thanks to Darlo770)
> Rotation Lock button on Multitasking dock (thanks to Darlo770)
> Respring easter egg in Multitasking dock (swipe dock to extreme left)
> Respring toggle in Settings-General menu
> System sounds sounds from iOS5
> All ringtones from iPhone4
> TipToes and Calypso SMS sound from iOS4
> Character Count for Message app
> Custom carriers bundles (thanks to stbox for collaboration)
> Carrier Bundles from iOS5
> CommCenter patched to run Unsigned carrier bundles (thanks to stbox for collaboration)
> CommCenter patched on iPhone 2G to enable MMS and Tethering
> Custom tethering APN thanks to the possibility to use unsigned carrier bundles
> GUI modded as much as possible to suite iOS4/iOS5 one without slow down the device
> PNG in other.artwork modded (thanks to iHalo)
> App glossy mask from iOS4 (thanks to iHalo)
> iCould copy to save your App and Games saves on Dropbox and sync with other device
> iCloud menu is Settings to provide quick usage instructions
> Share on Twitter in Safari bookmarks
> Reader (as iOS5 one) in Safari bookmarks
> Find on Page in Safari Bookmarks
> Safari Bookmarks to launch Official Apple AppStore
> Many Bookmarklets in Safari Bookmarks
> Alphanumeric Passcode Installer in Safari Bookmarks (Tools folder)
> Shake to shuffle for iPod disabled by default
> Mobile Terminal preinstalled
> /var/mobile/Configurator custom script to enable/disabled features and speed up the device
> /var/mobile/RemoveLanguages custom script to remove unused languages and get free space
> /var/mobile/RemoveRetina custom script to remove all useless retina images and get free space
> /var/mobile/RestoreInstalld custom script to restore App-In Purchase
> /var/mobile/PatchInstalld custom script to restore AppSync patch (3Store)
> Cycorder application preinstalled (thanks to Saurik) for the best video record quality
> Video Editing for Video moved to Camera Roll
> Reminders app preinstalled (thanks to Soltmeal)
> Newsstand web oriented app to keep in touch with Whited00r community
> Default icon position on first boot according to iOS5 one
> No unified iPod for iPhone like in iOS5
> Whited00r.deb for automatic script running post installation
> Installd (AppSync) patch to enabled 3Store apps installation (we don’t support piracy)
> 3Store alternative AppStore to find iOS3 compatible apps

မှတ်ချက်။ ။ ကျွန်တော်၏ iPhone 3G အဟောင်းလေးနှင့် စမ်းသပ်ရာတွင် အထက်တွင် ဖော်ပြထားသော အချက်အခိျု့သာ ရရှိပါသည် ဥပမာ (Remiders, Newsstand, iCloud, Video) တို့ရရှိပြီး၊ New Touch Menu ဖြစ်သော Accessibility တို့မပါရှိပါ။ အရေးကြီးသော အချက်ကတော့ iOS 5.0.1 ပုံစံဖြစ်သော်လည်း တစ်ကယ် အသုံးပြုသော iOS မှာ 3.1.3 သာလျှင်ဖြစ်ပါသည်။

Cydia မှ App များသွင်းယူပြီး Restart Springboard လုပ်ရာတွင် Loading စက်ဝိုင်းမှ ပြန်မထွက်နိုင်ပါ (DFU mode တစ်ဝက် ဝင်ပြီး ပြန်လည်နှိုးမှသာ ရသည်)။

လက်တည့်စမ်းချင်သူများအတွက် www.whited00r.com တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

Continue Reading....

Tuesday, November 30, 2010

Jailbreak For iOS 4.2.1 (Tethered)


Apple ရဲ့  iOS 4.2.1 ကို update လုပ်မိကြတဲ့ iPad အပါအဝင် iPhone 4,3G,3GS (New Bootrom) နှင့် iPodTouch များအတွက် Jailbreak Tool အသစ်ဖြစ်တဲ့ redsn0w 0.9.6 b4 ကို Dev-Team ကနေပြီးတော့ update လုပ်ပေးလိုက်ပါပြီ... ** Ultrasnow နဲ့  unlock လုပ်ဖို့  လိုတဲ့ Device များအနေနဲ့ တော့ လက်ရှောင်စေချင်ပါတယ်... **

Jailbreak လုပ်နိုင်မယ့် Device များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်


* iPhone 3GS (New Bootrom)
* iPhone 3G
* iPhone 4
* iPod Touch 2G (MC Model)
* iPod Touch 3G
* iPod Touch 4G
* iPad

လိုအပ်သော Software နဲ့  Firmware များကို Download အရင်ရယူပါ

RedsnOw Download
* RedsnOw 0.9.6 b4 (Win)
* RedsnOw 0.9.6 b4 (Mac)

Firmware Download
* iPhone 3GS (New Bootrom)
* iPhone 3G
* iPhone 4
* iPod Touch 2G (MC Model)
* iPod Touch 3G
* iPod Touch 4G
* iPad

မိမိ Device နှင့်သက်ဆိုင်သော Firmware (IPSW) ကိုသာ ရယူပါ
***************

လုပ်ငန်းစဉ်

၁) Device ကို PC နှင့်ချိပ်ဆက်ထားပါ

၂) Restore လုပ်ရန် iTune တွင် keyboard မှ Ctrl/Shift တွဲပြီး Restore button ကိုနှိပ်ပေးပါ
အပေါ်တွင် download လုပ်ထားခဲ့သော သက်ဆိုင်ရာ Firmware(IPSW) ကိုရွေးပေးလိုက်ပါ
Device Restore လုပ်နေပါပြီ

၃) Jailbreak လုပ်ငန်း စတင်ရန် RedsnOw ကို Run ပေးလိုက်ပါ

၎) RedsnOw တက်လာပါက Browse ကိုနှိပ်ပြီး စောစောက Restore လုပ်ပေးခဲ့သော Firmware(IPSW)ကိုပဲ Open ဖြင့် ထပ်မံရွေးချယ်ပေးလိုက်ပါ...ပြီးရင် Next ကိုနှိပ်ပါ...

၅) ပေါ်လာသော Box တွင် Cydia ကိုသာ အမှန်ဖြစ်ရွေးပေးပြီး Next ကိုနှိပ်ပါ...

၆) နောက်တစ်ခါ Next မနှိပ်ခင် Device ကို OFF ပေးလိုက်ပါ

၇) DFU mode ပြောင်းရန် သင့်ရဲ့  လက်ကို Power နှင့် Home button တို့ ကိုနှိပ်ရန် အသင့်ပြင်ထားပါ ပြီးမှ Next ကိုနှိပ်ပါ

၈) RedsnOw ကသင့်ရဲ့  Device ကို DFU mode လုပ်ရန် ညွှန်ကြားပါလိမ့်မည်... ညွှန်ကြားချက် အတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်ပါ

၉) DFU mode အတွက် လုပ်ဆောင်ချက်မှန်ကန်ပါက RedsnOw သည်အလိုလျှောက် Jailbreak လုပ်ဆောင်သွားပါလိမ့်မည်..

၁၀) အားလုံးပြီးစီးသွားပါက Device ပြန်လည်တက်လာပြီး Home screen တွင် Cydia ကိုတွေ့  ရှိမှာဖြစ်ပါတယ်

iPhone 4, 3GS (New Bootrom), iPod touch 4G / 3G / 2G, iPad များကသာ အောက်ပါ အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေပါတယ်

အဆင့် (၁၀) ထိအောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး Home screen တွင် Cydia ကို တွေ့ နေရသော်လည်း Cydia ကို ဝင်လို့  မရပါ (tethered jailbreak) ကြောင့်ပါ...အောက်ပါအတိုင်း ဆက်လုပ်ပါ

၁၁) RedsnOw ကိုပြန် Run လိုက်ပါ

၁၂) အခု တစ်ကြိမ်မှာတော့ (just boot tethered right now) တစ်ခုကိုပဲ အမှန်ခြစ်ရွေးပေးပြီး Next နှိပ်ပေးလိုက်ပါ

၁၃) ပြီးသွားတဲ့ အချိန်မှာ နာနတ်သီပုံ လေးနဲ့  Boot ပြန်တက်လာမှာဖြစ်ပါတယ် အခုဆိုရင် Cydia က လုံးဝ အလုပ်လုပ်သွားပါပြီ...

အောက်က VIDEO လေးကို ကြည့်ပြီး လုပ်ဆောင်ကြပါကုန်...



မှတ်ချက်။ ။ ဒီတစ်ခါ ပုံများနှင့် တစ်ဆင့်ခြင်း မတင်ပေးတော့ပါဘူးနော် အရင် iOS တွေကို RedsnOw နဲ့  Jailbreak လုပ်ရာမှာ ပြည့်စုံစွာ ဖော်ပြပေးခဲ့ပါပြီ ဒီနေရာမှာ ပြန်လည် လေ့လာလို့ ရပါတယ် အဆင့်များ အားလုံး အတူတူပါ...

မိုးသိကြား

Continue Reading....

Sunday, October 24, 2010

iOS4.1 iDevices များအားလုံးအတွက် Jailbreak Tool အသစ် GreePoison


မကြာသေးမှီကမှ အသစ်ထွက်လာတဲ့ GreenPoison(RC4)Jailbreak Tool ကို Chronic Dev Team က Developed လုပ်လိုက်တာဖြစ်ပြီး LimeRa1n မှာအဆင်မပြေဖြစ်ခဲ့ကြတဲ့ iPod Touch 2G (MC,MB) မော်ဒယ်လ် နှစ်မျိုးစလုံးကို untethered နည်းဖြင့် Jailbreak ချနိုင်အောင် ထပ်မံဆောင်ရွက်ပေးခဲ့ကြတာပါ ဒီအပြင် iPhone များကိုလည်း အောင်မြင်စွာ Jailbreak ချနိုင်ပါတယ်လို့  ကတိပေးထားပါတယ်



Jailbreak လုပ်ရန် အဆင့်များ

၁) GreenPoison ကို ဒီမှာ Download ရယူပါ

၂) Download မှ ရလာသော Zip File ကို Desktop တွင် ဖြည်ပေးလိုက်ပါ

၃) Folder ထဲမှာပါလာသော GerrnPoison ရဲ့  .Exe File ကို Run ပေးပါ

၎) Device ကို PC နှင့် ချိပ်ဆက်ပြီးပါက Prepare to Jailbreak(DFU)
ကိုနှိပ်ပေးပါ



၅) GreenPoison က DFU mode လုပ်ရန် ညွှန်ကြားသည်အတိုင်း လုပ်ဆောင်ပါ
(Press the Power button for two seconds, press Home + Power for 10 seconds, release the Power button and keep pressing Home).



၆) ညွှန်ကြားချက်အတိုင်း မှန်ကန်စွာဆောင်ရွက်နိုင်ပါက Jailbreak လုပ်ရန် DFU mode အနေထားသို့ 
ရောက်ရှိပါလိမ့်မည် (အကယ်၍အဆင်မပြေဖြစ်ပါက အစမှနေ၍ ပြန်လည်ဆောင်ရွက်ပါ)။

၇) အထက်ပါအတိုင်း အဆင်ပြေသွားပါက နောက်အဆင့်များကို Jailbreak ဖြစ်သည်အထိ အလိုလျှောက်ဆောင်ရွက်သွားပါလိမ့်မည်


မှတ်ချက်။ ။ DFU mode ပြုလုပ်ရာတွင် အနည်းငယ် အခက်ခဲရှိ နိုင်ပါတယ်။

Continue Reading....

Sunday, October 3, 2010

Jailbreak iOS4.1 with snOwbreeze


Apple ရဲ့  Latest firmware ဖြစ်တဲ့ iOS4.1 အသုံးပြုနေသူများ အတွက် iPhone,iPodTouch တွေကို snOwbreeze 2.0 ကိုအသုံးပြုပြီး Jailbreak
လုပ်လို့ ရပါပြီ ဆိုတဲ့ သတင်းကောင်းလေး ပေးလိုက်ပါရစေ...

ကျွန်တော် အခုဖော်ပြပေးမှာက Window user များအတွက်သာဖြစ်ပါတယ်၊ Post တွေကိုရေးသားရာမှာ ကိုယ်ကိုယ်တိုင် စမ်းသပ်ပြီးလို့  အဆင်ပြေမှသာ ဖော်ပြပေးတာ ဖြစ်တဲ့အတွက် ကျွန်တော့် Post တွေအနည်းငယ် နောက်ကျတာရယ် Mac user များအတွက် မသေချာပဲ မဖော်ပြပေးနိုင်တာတော့ စိတ်မကောင်းပါဘူး...

Jailbreak လုပ်နိုင်ရန်အတွက် လိုအပ်တဲ့ Software များကို Download link များကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်... ပထမဦးစွာ လိုအပ်တဲ့ Software များကို သင့် PC မှာ အသင့်ရှိနေရန်ပြင်ဆင်ပါ...

Software Download

1> iTunes 10.0.1 for Windows

2> .NET Framework 3.5 (required to run Sn0wbreeze)

3> Sn0wbreeze 2.0 (Windows Only)

4> iREB4.0 (for iPhone3G and iPodTouch1G/2G[MB])

အထက်ပါ software များကို မိမိ Desktop မှာ Folder တစ်ခုအဖြစ် သီးသန့် သိမ်းထာပြီး INSTALL လုပ်ပါ...
မိမိအသုံးပြုနေသော iDevice (iPhone3G,3Gs/ iPodTouch1G,2G,3G)ပေါ်မူတည်ပြီး သင့်တော်ရာ Firmware ကို အောက်တွင်ရွေးချယ်၍ Download လုပ်ပါ...

Download Firmware FOR;

1> iOS 4.1 for iPhone 3G

2> iOS 4.1 for iPhone 3Gs

3> iOS 4.1 for iPod Touch 2G

4> iOS 4.1 for iPod Touch 3G



အားလုံးပြီးပြည့်စုံပြီဆိုရင်တော့ လုပ်ငန်းလေး စလိုက်ကြရအောင်....
ပုံနှင့်တစ်ကွ တစ်ဆင့်ခြင်းဖော်ပြပေးသွားပါမယ်

ပထမဦးစွာ snOwbreeze ကို Run လိုက်ပါ For Vista (Run as administrator)



OK ကိုနှိပ်ပြီး NEXT ကိုနှိပ်ပါ...




Expert Mode ကိုရွေးပြီး NEXT နှိပ်ပါ...
(ဒီနေရာမှာ Simple Mode ကိုရွေးချယ်မယ် ဆိုရင်တော့ snOwbreeze က သင့်ဖုန်းကို Activate (hacktivation) လုပ်မလားလို့ မေးပါလိမ့်မယ်... အကယ်၍ သင်အသုံးပြုနေသော ဖုန်းလိုင်းသည် supported carrier ဖြစ်နေမယ် ဆိုရင်တော့ No လုပ်လိုက်ပါ... မြန်မာပြည်မှာ သုံးမယ်ဆိုရင်တော့ Yes ပေါ့)
Expert Mode နဲ့  Simple Mode ကွာခြားချက်ကတော့ iPhone3G အနေနဲ့  Simple Mode မှာဆိုရင် multitasking,Battery Percentage,Background Wallpaper တွေမရနိုင်တော့ပါဘူး၊ ဒါ့အပြင် ပန်းသီး logo လေး အစား snowbreeze logo လေးက အစားဝင်သွားပါလိမ့်မယ် (ဒါကတော့ အခြား Device များလည်း အတူတူပါ)



Browse ကိုနှိပ်ပြီး Download လုပ်ထားသော သက်ဆိုင်ရာ Firmware ကိုရွေးချယ်ပေးလိုက်ပါ...
ကျွန်တော်ကတော့ iPhone3G user မို့  3G firmware 4.1 ကိုရွေးပေးလိုက်ပါတယ် ဒါဆိုရင်အောက်ပါအတိုင်း Processing လုပ်ပြီးတော့ နောက်ဆုံးမှာ Verified ဖြစ်သွားပါမယ်...



iPhone 3Gs/iPodTouch3G



Next ကိုနှိပ်ပါ General ကိုရွေးပြီး Next ထပ်နှိပ်ပါ...



ဒီအခါမှာ ရွေးချယ်စရာလေးတွေ ပေါ်လာပါလိမ့်မယ်...
သင်ဟာ iPhone3G user ဆိုရင်တော့ အောက်ဆုံးတစ်ခု (Make IPSW NOR-Only) ကလွဲရင် အားလုံးကို အမှန်ခြစ်ရွေး ပေးလိုက်ပါ Activation ကတော့ သင့်ပေါ်မူတည်ပါတယ် အထက်မှာရှင်းပြခဲ့ပြီးပါပြီ...



iPhone3Gs/iPodTouch3G user အတွက်ကတော့ အောက်ဆုံးက (Use iBooty Method(3.1.2 Installation Required!)
ကို အမှန်ခြစ်ရွေးပေးလိုက်ပါ...



Next ကိုနှိပ်သွားပေးပါ Boot Logo နှင့် Recovery Logo တို့ ကို စိတ်ကြိုက်ပုံလေးတွေတင်လို့ ရပါတယ် မတင်ချင်ရင်တော့ အမှန်ခြစ်လေးတွေ ဖြုတ်ထားပြီး အောက်ပါပုံပြန်ရောက်တဲ့ အထိ Next နှိပ်သွားပါ...



Build IPSW ကိုရွေးပေးပြီး Next နှိပ်လိုက်ပါ.. ဒါဆိုရင် snOwbreeze က သင့်အတွက် firmware တစ်ခုစတင် ဆောက်နေပါပြီ...




အားလုံးပြီးသွားရင် သင့်ရဲ့ Desktop ပေါ်မှာ အောက်ပါပုံအတိုင်း Jailbroken firmware file ဖြစ်သွားပါပြီ...
ဒီ firmware က သင့်ရဲ့  iTune နဲ့  Restore လုပ်ရမှာဖြစ်ပါတယ်...

အခုဒီအဆင့်ထိ လုပ်ဆောင်လာတာ iPhone/iPod Touch နဲ့  PC လုံးဝ ချိပ်ဆက်ဖို့ မလိုသေးဘူးနော်
နောက်လာမယ့် အဆင့်တွေကမှ စပြီး PC နဲ့ ချိပ်ရတော့မယ်...



iPhone 3G နှင့် iPod Touch 2G(MB model only)အသုံးပြုသူများသာဆက်လက်လုပ်ဆောင်ရန်

iPhone 3G/iPodTouch 2G အသုံးပြုသူများမှ လွဲ၍ အခြား iDevice အသုံးပြုသူများ အောက်ပါ အဆင့်များ ကိုကျော်လိုက်ပါ...

1> Download iReb V4.0 (for window)

2> iReb ကို Run ပြီး Online Mode ကိုရွေးချယ် နှိပ်ပါ



3> သင့်ရဲ့  Device ကိုရွေးချယ်ပါ





iReb က ဆက်လက်၍ သင့် Phone/Touch ကို DFU mode ပြောင်းတဲ့အထိ လမ်းညွှန်ပါလိမ့်မယ် Step by Step follow လုပ်ပါ... နောက်ဆုံးမှာ အောက်ပါပုံ အတိုင်း ပေါ်လာလျှင် iTune မှ တစ်ဆင့် firmware Restore လုပ်ပေးပါ။



Restore with iTune For All Devices

ယခုအဆင့်မှစ၍ iDevice များအားလုံး ဆက်လက်လုပ်ဆောင်ကြပါ
သင့်ရဲ့  Phone ကို DFU mode ပြောင်းရန် အောက်ပါအဆင့်များ အတိုင်းလုပ်ဆောင်ပါ
- Phone ကို သင့်ရဲ့  PC နှင့်ချိပ်ဆက်ပြီး Power OFF ထားပါ
- Power button နဲ့  Home button ကို အတူတစ်ကွ တစ်ပြိုင်ထဲ ၁၀စက0x081ကန့် လောက်နှိပ်ထားပါ
- Power button ကိုလွှတ်လိုက်ပြီး Home button ကိုတော့ copmuter က new USB device ကိုသိတဲ့
အထိနှိပ်ထားပါ
- iTune က သင့် iPhone ကို သိပြီး အောက်ပါ အတိုင်းပေါ်လာပါမယ်



Firmware Restore လုပ်ရန် iTune တွင် Restore button ကို Shift/Alt(keyboard) တွဲပြီး နှိပ်ပေးပါ
ထိုအခါ Browse ကနေတစ်ဆင့် အထက်တွင် SnOwbreeze နှင့် ပြုလုပ်ခဲ့သော Desktop ပေါ်ရှိ firmware ကိုရွေးပေးလိုက်ပါ....

အားလုံးပြီးသွားတဲ့ အခါမှာ သင့် iPhone 3G,3Gs/iPod Touch များဟာ firmware iOS4.1 jailbreak ဖြစ်သွားပါပြီ....

အဆင်ပြေနိုင်ကြပါစေ

မိုးသိကြား

Continue Reading....