Showing posts with label App. Show all posts
Showing posts with label App. Show all posts

Tuesday, September 1, 2015

Rabbit Converter Between Zawgyi and Unicode

iOS သမားများအတွက် ကိုစေတန် ရေးသားထုတ်ဝေသော "Rabbit" converter App Store တွင် အသစ်ထွက်ရှိလာပါပြီ...

မိမိရေးသားလိုသော စာကို အသုံးပြုနေသော (Zawgyi / Unicode) tab တစ်ခုခုမှာ ရေးသားပြီးပါက ဆန့်ကျင်ဘက် tab တစ်ခုကို နှိပ်လိုက်ရုံနှင့် အလွယ်တစ်ကူ ပြောင်းလဲပြီးသား ဖြစ်နေပါလိမ့်မည်..။

ထို့နောက် Messages App, Facebook တို့အပြင် စာသားအားလုံးကို Copy ယူ၍ စိတ်ကြိုက်နေရာတွင် Share လုပ်နိုင်ပါပြီ..

>> Rabbit Converter (App Store)










အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

iOS တွင် မြန်မာဖောင့် အလှများ စိတ်ကြိုက်သွင်းယူနည်း

iOS 7 နှင့်အထက် ကစလို့ မြန်မာစာကို ဖတ်ရှုနိုင်ဖို့ Jailbreak လုပ်ရန်မလိုတော့ပဲ Developer များ ဖန်တီးပေးထားသော font profile ကို install လုပ်ရုံနှင့် ဖတ်ရှု မြင်တွေ့နိုင်ခဲ့ပါပြီ…။

သို့သော် Developer က ပြုပြင်ပေးထားသော ဖောင့်ကိုသာ မြင်တွေ့ရတဲ့ အတွက် မိမိစိတ်ကြိုက် အလှအပ မြန်မာဖောင့်စတိုင်များ သွင်းယူရန်တော့ Jailbreak မလုပ်ထားပါက အခက်အခဲရှိနေပြီး Jailbroken iDevice များတွင်သာ ထည့်သွင်းလုပ်ဆောင်နိုင်ပါသည်။

ဇော်ဂျီဖောင့်ကိုသာ အသုံးပြုနေသူများအတွက် ဖောင့်စတိုင်များ Zawgyi-One မှလွဲ၍ ရွေးချယ်စရာ မရှိသော်လည်း မြန်မာယူနီကုဒ်စနစ် အသုံးပြုသူများအတွက်တော့ အလှအပ ဖောင့်စတိုင်ပေါင်း (၆၀) ကျော်ကို မိမိ iDevice တွင်သွင်းယူ၍ ရွေးချယ် အသုံးပြုနိုင်ပါသည်။

Developers များ ပြုလုပ်ပေးသော Font profile ကို စောင့်နေရန် မလိုပဲ .ttf (TrueTypeFont) ရှိယုံနှင့် “iFont” App က iDevice ထဲကို အလွယ်တစ်ကူ Install ပြုလုပ်ပေးပါလိမ့်မည်။

>> Install ‘iFont’ (AppStore)

Free App အဖြစ်ပေးထားသော “iFont” App ကို ဦးစွာ Install လုပ်ပါ။
(မှတ်ချက်။ ။ iPad အတွက် ရှာမတွေ့ပါက search option တွင် “iPhone Only” နှင့် ရှာပါ..။)

  • “iFont” App ကို ဖွင့်ပြီး အောက်ဆုံးရှိ “User Fonts” tab ကို သွားပါ။
  • ထို့နောက် “Import” ကို နှိပ်ပါ။


  • “Locations” ကို ထပ်သွားပါ။


  • Drive များတွင် “iCloud Drive”, “Drop Box”, "Google Drive” တို့ကို့ တွေ့ရပါမည်။ (မတွေ့ပါက More.. ကို နှိပ်၍ ON ပေးပါ။ )



ဖော်ပြပါ လုပ်ဆောင်ချက်များသည် “iFont” တွင် ပြင်ဆင်ထားရန် သက်သက်သာ ဖြစ်ပါသည်။ မိမိ၏ iCloud Drive, Drop Box, Google Drive စသည့် Cloud storage တွင် (.ttf) font များ သိမ်းဆည်းထားပါက ထိုနေရာများမှ တိုက်ရိုက် Install လုပ်နိုင်ရန် ဖြစ်ပါသည်…။

မိမိတွင် သိမ်းဆည်းထားသော (.ttf) font များ မရှိပါက(‘iFont’ App ကို install လုပ်ထားရုံမျှနှင့်) အောက်ပါအတိုင်း တိုက်ရိုက် Install လုပ်နိုင်ပါသည်…

နမူနာအဖြစ် ယူနီကုဒ်စနစ်သုံး “မြန်မာစကား” အလှဖောင့်ကို သွင်းယူပါမည်…

  • Safari မှနေ၍ ဤနေရာ (မြန်မာယူနီကုဒ်လမ်းညွှန်) ကိုသွားပါပြီး... "ဖောင့်များ" ကိုနှိပ်ပါ။



  • “မြန်မာစကားဖောင့်” ကို နှိပ်ပါ။
  • Open in “iFont” ကို နှိပ်ပါ။


  • ‘iFont' App ထဲရှိ ‘User Fonts’ တွင် “Myanmar Sagar” ရောက်သွားပြီး INSTALL လုပ်ပါ။



ယခုဆိုရင် မိမိရဲ့ profile ထဲတွင် “Myanmar Sagar” ရှိနေပြီး အသုံးပြုလိုပါက အခြား font profiles များကို Delete လုပ်ပစ်ပါ။ (မှတ်ချက်။ ။ ဇော်ဂျီ၊ ယူနီ နှစ်မျိုးလုံး အမှန်နီးပါး မြင်ရသော "NamKhoneWeb Pro” ကို ချန်ထားခဲ့နိုင်ပါသည်၊ အတားအဆီးမဖြစ်ပါ)

>> NamKhoneWeb Pro ကို သွင်းယူနည်း


Credit to : ခွန်မောင်မောင် (MUA)


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့ မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်ပေးကြပါ...


မိုးသိကြား

Continue Reading....

Sunday, July 5, 2015

VPN Free For Four Years

တစ်ခါတုန်းက VPN Free ရယူနည်းကို ဤနေရာတွင် ရေးပေးခဲ့ဖူးတာ မှတ်မိကြပါလိမ့်ဦးမည်... အခုတစ်ခါတော့ အမှန်တစ်ကယ် Subscription လုပ်၍ လစဉ်ကြေးဖြင့် ဝယ်ယူသုံးစွဲရသော Professional VPN တစ်ခုကို အချိန် (၄) နှစ်တာ FREE Access လုပ်နိုင်မည့် နည်းလမ်း တစ်ခုကို ထပ်မံရေးသား ဖော်ပြလိုက်ပါတယ်...

"Avast" လို့ အမည်ရတဲ့ VPN sevice တစ်ခုက လုံခြုံပြီး မြန်နှုန်းမြင့်တဲ့ VPN service ကို စ,စခြင်း ခုနှစ်ရက်ကို Trial period အဖြစ် Free သုံးခွင့်ပြုပြီး ကျော်လွန်သွားတဲ့အခါမှာတော့ လစဉ်ကြေး $2.99 ၊ နှစ်စဉ်ကြေး $19.99 နဲ့ Subscraption လုပ်ပြီး သုံးစွဲနိုင်ပါတယ်။

အဆိုပါ VPN service ကို လေးနှစ်တာ ရယူသုံးစွဲနိုင်မယ့် တရားဝင် Subscription Codes လေးများကို ဝေမျှလိုက်ပါတယ်..။ iOS, Andriod နှစ်မျိုးလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်...။

>> Download and Install Avast (iOS)

၁) Install လုပ်ပြီးတဲ့အခါ App ကို ဖွင့်ပြီး ပထမဦးစွာ သူ့ရဲ့ Profile ကို install လုပ်ပါ။


၂) App ရဲ့ Setting ထဲသို့ ဝင်ပြီး Subscription ကို သွားပါ။ (Trial version 7 days ကို မြင်ရပါမယ်)

၃) အောက်ဆုံးနားက "Enter a subscription code" ကို နှိပ်ပါ။


၎) အောက်ပါ Code များထဲမှ နှစ်သက်ရာ တစ်ခုကို ရိုက်သွင်းပါ။

54DUPT21LICG
48D1SEJWPTH4
U4WXUCEDOJVC
LD2VJ61YJWLZ
9TEBFXATDZXY


၅) ပြီးသွားတဲ့အခါ Subscription period ပြောင်းလဲ သွားတာကို တွေ့ရပါလိမ့်မည်။


၆) အသုံးပြုရန် iDevice Settings > VPN > Personal VPN ကို Connect လုပ်ပါ။

အဆင်ပြေချောမွေ့နိုင်ကြပါစေ...





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Thursday, June 11, 2015

iOS App အသစ်များကို Apple ID မလိုပဲ သွင်းယူနိုင်တော့မည်

Apple က iOS developer များစွာ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကာ တစ်ကြိမ်တစ်ခါမျှ မပေးဖူးသော လွပ်လပ်ခွင့်အချို့ကို လျှောပေါ့ချလိုက်ပါပြီ...

iOS Application အသုံးပြုသူများလည်း မကြာမီတွင် Apple AppStore တွင် မရရှိနိုင်သော App များကိုပါ မိမိ၏ iPads, iPhones, iPodTouch, Apple Watch (iDevice) များအားလုံးတို့တွင် Apple ID မလိုပဲ တရားဝင် Install လုပ်နိုင်သွားပါတော့မည်။

Apple ၏ software engineers များက iDevice များတွင် Apple က အသိအမှတ်မပြုသည့် App မျာကို မသွင်းယူနိုင်အောင် နှစ်အတော်ကြာ ကာကွယ် ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့ပါတယ်။ ယခုတော့ iOS developers လက်သစ်များ ထပ်မံ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး iOS Applications များ ဖန်တီးရေးသားရသည့် အသစ်ထွက်လာမည့် Xcode 7 တွင် လွပ်လပ်မှုပေးလိုက်ပါသည်။

ယခင်က Xcode versions များတွင် Application ကို ဖန်တီးပြီးနောက် တစ်ကယ့် (Device) တွင် Install လုပ်ပြီး စမ်းသပ်ရန် အတွက်ဆိုပါက Apple ၏ Developer program တွင် $99 ပေးဆောင်ပြီးမှသာ မိမိ၏ Apple ID တွင် အသိမှတ်ပြု digital license ရရှိပြီးမှ Install လုပ်နိုင်ပါသည်။ သို့မဟုတ်ပါက Xcode software ထဲတွင် ပါရှိသော simulator နှင့်သာ test run လုပ်နိုင်ပါသည်။


ယခုအသစ်ထွက်လာမည့် Xcode 7 တွင်မှု Application ရေးသားပြီးနောက် တစ်ကယ့် Device နဲ့ တိုက်ရိုက်ချိပ်ဆက်၍ Install လုပ်နိုင်ပါလိမ့်မည်။ ထို့အပြင် Xcode 7 နှင့် ရေးသားထားသော မည်သည့် App ကို မဆို မိမိနှစ်သက်ရာ Hosting တွင် Upload တင်ပြီး အဆိုပါ နေရာမှ အခြား iOS device ကနေ download ချ၍လည်း လွပ်လပ်စွာ Install လုပ်နိုင်ပါလိမ့်မည်။

ယခုအစီအစဉ်ကြောင့် iOS Developers အသစ်များနှင့်အတူ ဖန်တီးထားသော App အသစ်များကို End user များ မကြာမီအချိန်တွင် ဖောဖောသီသီ ရရှိသုံစွဲနိုင်တော့မည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်...။

Developer လက်သစ်များအတွက် Apple ရဲ့ Xcode 7 (Beta version) ကို ဖော်ပြပါလင့်ခ်တွင် Free Download ယူပြီး ဒီနေ့ပဲ App တစ်ခု စတင် ဖန်တီးနိုင်ပါပြီ...။

>> Xcode 7 Beta Download

မှတ်ချက်။ ။ Xcode ကို သွင်းယူဖို့ဆိုရင် သင့်မှာ Mac တစ်လုံးလောက်တော့ ရှိဖို့လိုတယ်နော်...






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Monday, April 27, 2015

အကောင်းဆုံး PlayBoxHD (No Jailbreak)

iOS device များတွင် internet connection အသင့်အတင့် ကောင်းရုံမျှဖြင့် နောက်ဆုံးထွက် ရုပ်ရှင်ကားများ၊ တီဗီဇာတ်လမ်းတွဲများကို စာတန်းထိုး (အချို့ရုပ်ရှင်များအတွက် မြန်မာစာတန်းထိုးပါ ရရှိ) နှင့်တစ်ကွ ရုပ်သံ အရည်အသွေး မျိုးစုံနှင့် ရွေးချယ် ကြည့်ရှု၊ Download လုပ်နိုင်မည့် Application တစ်ခုကို မိတ်ဆက်ပေးပါရစေ..

"Play Box" App သည် iOS သမားများနှင့် အကျွမ်းတစ်ဝင် ရှိထားပြီးသော "Movie Box" App ထက် ပိုမိုသာလွန် ကောင်းမွန်ပြီး Jailbreak လုပ်စရာမလို သွင်းယူနိုင်ပြီး iPhone, iPad, iPodTouch အားလုံးတို့တွင် ကောင်မွန်စွာ အလုပ်လုပ်နိုင်ပါတယ်....။

ဒီနေရာ "PlayBox" နဲ့ ပက်သက်တာလေး နည်းနည်း ပြောပြပါရစေ...
"Play Box" App စ, ပေါ်လာချိန်က Apple AppStore တွင် တရားဝင် download ရယူနိုင်ခဲ့ပါတယ်၊ သို့သော် Movies များကို Trailer အဖြစ်သာ ကြည့်ရှုနိုင်ပြီး ရုပ်ရှင်ကားများကို In App Purchase နည်းနဲ့ ရောင်းချဖို့ ရည်ရွယ်ခဲ့ပါတယ်...။

သိပ်မကြာခင်မှာ AppStore ကနေ ပယ်ဖျက်ခံလိုက်ရပါတယ်။ နောက်ပိုင်းမှာ PlayBox ရဲ့ Official website ကနေ တိုက်ရိုက် install လုပ်နိုင်အောင် ပြုလုပ်ပေးခဲ့ပြီး (Date & Time) ကို နောက်ပြန်လှည့်ခြင်း နည်းနဲ့ Install လုပ်ရပါတယ်။
သို့သော်လည်း နမူနာများသာ ကြည့်ရှုနိုင်ခဲ့တဲ့အတွက် အကျိုး သိပ်မရှိလို့ ကျွန်တော် ဒီအကြောင်းကို မတင်ပြဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာ Official website ကနေ၍လည်း Install လုပ်တာကို ပိတ်လိုက်ပြန်ပါတယ်...။

ထိုအချိန်က PlayBox ကို Install လုပ်ခဲ့နိုင်တဲ့ Jailbroken iDevice တွေမှာတော့ Official website က Install link ကို ဖျက်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ Full Movies, TV Series တွေအားလုံကို ကြည့်လို့ ရသွားခဲ့ပါတယ်..။
အဲဒီအချိန်က စပြီး Jailbreak မလုပ်ထားတဲ့ iDevice တွေ အတွက် PlayBox သွင်းယူနိုင်မယ့် နည်းလမ်းကို မျိုးစုံ ကြံစည်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး (ကြာခဲ့ပါပြီ) PlayBox နဲ့ ရုပ်ရှင်တွေ ကြည့်တိုင်း ပေးချင်လွန်းလို့ မနေ့ကထိ ကြံစည်နေဆဲပါ။

ယနေ့တော့ စိတ်ကူးရတာနဲ့ Official website ကို ဝင်ကြည့်တဲ့အခါ New version 2.0 ကို Install လုပ်ခွင့် ပေးထားတာကို တွေ့လိုက်ရတာနဲ့ ယခုဆောင်းပါးကို ချက်ခြင်း ထရေးလိုက်ရပါတယ်။

ဆိုလိုချင်သည်မှာ ဘယ်တော့ ပြန်ပိတ်သွားမယ်ဆိုတာ မသိတဲ့ အတွက် ယခုချက်ခြင်းသာ Install လုပ်ကြပါလို့ တိုက်တွန်းလိုတာပါ...။

**PlayBoxHD**

>> Install လုပ်ရန် ဤနေရာကို နှိပ်ပါ။ (Mobile Browser မှသာ)
>> Install ကို နှိပ်ပြီးနောက် အောက်ပါပုံအတိုင်း ပေါ်လာပါမည် "Trust" ကို နှိပ်ပါ။


>> PlayBox player တွင် အနီရောင်ပြထားသော "CC" ကို နှိပ်ပြီး လိုချင်သော စာတန်းထိုးများကို download ပြုလုပ်နိုင်ပါသည်။ မည်သည့် စာတန်းထိုးကို မဆို အရုပ်နှင့် မကိုက်ညီပါက timing ချိန်ညှိပေးနိုင်သည်။

အဝါရောင် နေရာတွင် ရုပ်သံအရည်အသွေးကို ရွေးချယ်နိုင်ပြီး Default မှာ "Auto" ဖြစ်ပါတယ်။

အပြာရောင် နေရာမှ အဆိုပါ ရုပ်ရှင်ကို Device တွင် Download သိမ်းထားရန်။




playBox နဲ့ ဆန္ဒပြည့်ဝကြပါစေ...။

Jailbrake သမားများ PlayBox ကို သွင်းယူရာတွင် ခက်ခဲနေကြောင်း တွေ့ရပါသည်။
ဤနေရာကို နှိပ်၍ Official Website သို့ သွားရောက် လေ့လာပါ။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Friday, January 2, 2015

Record iPhone screen (No Jailbreak)

iPhone, iPad screen ပေါ်က လှုပ်ရှားမှု မှန်သမျှကို Jailbreak လုပ်စရာမလိုပဲ video file အဖြစ် မှတ်တမ်းတင်နိုင်မယ့် နည်းလမ်းလေးကို ၂၀၁၅ နှစ်သစ်ကူး လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်..

(mp4, mov) format များ ရွေချယ်နိုင်ပြီး အရုပ်၏ အရည်အသွေးကို ယခုလက်ရှိ အမြင့်ဆုံး ဖြစ်သည့် 1080p အထိ ရိုက်ကူးနိုင်ပါသည်..

"Shou" လို့ အမည်ရတဲ့ Application ကို jailbreak လုပ်ထားသော device များနှင့် jailbreak မလုပ်ထားသော iOS 7 နှင့်အထက် iDevice များတွင် သွင်းယူ အသုံးပြုနိုင်ပါလိမ့်မည်။

Android အတွက်တော့ OS 4.1 + root လိုအပ်ပါလိမ့်မယ်။

>> Jailbreak အတွက် Bigboss repo တွင် သွင်းယူပါ။

>> No Jailbreak အတွက် <<

၁) iDevice ၏ Safari browser မှ ဤနေရာကို နှိပ်ပါ။

၂) ပုံပါအတိုင်း iOS version ကိုရွေးပါ။ "Emu4iOS Store" ကို install လုပ်ပါ။


၃) ပုံတွင် ဖော်ပြထားသည်အတိုင်း "Shou" ကို install လုပ်ပါ။


၎) Sign Up, Facebook, Google+ account တစ်ခုခုနှင့် ဝင်ရောက်နိုင်ပါပြီ။


၅) Settings တွင် portrait, landscape, video audio format တို့ကို စိတ်ကြိုက်ပြင်ဆင်ပြီး ရိုက်ကူးနိုင်ပါပြီ..


မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းကြပါစေ...






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Wednesday, December 3, 2014

သော့မလိုပဲ iPhone နှင့် တံခါးပွင့်စေမည်

Apple iPhone များသည် အနာဂါတ်တွင် လူတစ်ယောက်၏ အသုံးအဆောင်များထဲတွင် အရေးအကြီးဆုံး ထိန်းသိမ်းရမည့် ထိပ်တန်းပစ္စည်း တစ်ခု ဖြစ်လာနိုင်စရာ ရှိနေပါသည်...။

Apple ကလည်း ဤကဲ့သို့ ဖြစ်လာစေရန် သူ၏ ထုတ်ကုန် ပစ္စည်းများကို အဆက်မပြတ် အဆင့်မြှတင့် လျှက်ရှိပြီး ကဏ္ဍအသီးသီး နယ်ပယ်အစုံတွင် အသက်ဝင်နေစေရန် ရည်ရွယ် ဖော်ဆောင်နေပါသည်။

Apple ထုတ်ကုန်များကို သုံးစွဲကြသူတိုင်း Apple ID သည် မည်မျှ အရေးကြီးသည်ကို နားလည် သိရှိပြီး ဖြစ်သလို၊ ငွေကြေးဆိုင်ရာ Credit Card, Debit Card နှင့် ကိုယ်ရေး အချက်လက်များ အားလုံးနီးပါ ထည့်သွင်းထားသည်နှင့်အမျှ မိမိ၏ iPhone သည်လည်း ထပ်တူ အရေးကြီးလှပါသည်။

Apple ၏ co-founder တစ်ဦးဖြစ်သူ Steve Wozniak က Hollywood မှာ ရှိတဲ့ သူ့ရဲ့ ဟိုတယ်လ် အခန်းတံခါးကို မည်သည့် သော့မျှ မပါပဲ SPG App ကို သုံးပြီး iPhone 6 နှင့် ဖွင့်ပြသွားခဲ့ပါတယ်။

SPG App ကို Starwood Hotels လုပ်ငန်းအတွက် ရေးသားထားပြီး၊ အဆိုပါ Hotel သို့ လာရောက် တည်းခိုကြသော ဧည်သည့်များ Check-In ဝင်သည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ အခန်းသော့ကို Bluetooth စနစ်နှင့် ဧည်သည်၏ iPhone ထဲသို့ အလိုလျှောက် ပေးပို့တဲ့ SPG keyless system ဖြစ်ပါတယ်။

အဆိုပါစနစ်ကို iPhone 6 မှာ အသစ်ပါလာတဲ့ NFC chip ပေါ်မှာ အလုပ်လုပ်ခြင်း ဖြစ်ပြီး၊ ဧည့်သည်က သူ၏ အခန်းတံခါးပေါက်တွင် iPhone ကို ထိကပ်လိုက်တာနဲ့ တစ်ပြိုင်နက် အခန်းတံခါး ပွင့်သွားစေမှာပါ။

New York, Hong Kong, LA, Berlin နှင့် Dohaရှိ Starwood Hotel (၁၀)ခုတွင် SPG keyless ကို လွန်ခဲ့သောလမှ စတင်ကာ သုံးစွဲနေပြီး ၂၀၁၅ ခုနှစ် အစပိုင်းက စတင်ကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ Starwood Hotel ခွဲပေါင်း ၁၅၀ ကျော်မှာလည်း ဒီစနစ်ကို စတင် သုံးစွဲသွားပါလိမ့်မယ်...


Apple Pay စနစ် ပေါ်လာခဲ့ပြီး စီးပွားရေး လုပ်ငန်း များစွာကလည်း ပူပေါင်း ဆောင်ရွက်ခဲ့ကြသလို၊ SPG keyless system ကလည်း မကြာမီ အားလုံး မျက်စိကျ သဘောတွေ့လာစေမည့် စနစ်တစ်ခု ဖြစ်လာနိုင်ပါတယ်...
ဒါကြောင့်မို့ iPhone တွေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်သော အသုံးအဆောင် တစ်ခုအဖြစ် ထိပ်တန်းနေရာကို ချဉ်းကပ်လာနေခဲ့ပါပြီ...။

>> SPG App (Download AppStore)






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Sunday, November 30, 2014

Log In to your Mac with iPhone Touch ID

Mac ကွန်ပျူတာ အသုံးပြုနေသူများအတွက် မိမိရဲ့ iPhone Touch ID fingerprint ကို အသုံးပြုပြီး iPhone မှ တိုက်ရိုက် Mac computer ကို unlock လုပ်နိုင်ပါပြီ..။

ယခင်က Mac computer ကို Log In ဝင်တိုင်း password ကို keyboard မှ ရိုက်သွင်းခဲ့ကြရသော်လည်း ယခုအခါ Touch ID sensor third party App တစ်ခု ဖြစ်တဲ့ "FingerKey" ကို အသုံးပြုပြီး iPhone 5s, 6 နှင့် 6Plus တို့ရဲ့ fingerprint ID ကို အသုံးပြုပြီး ဝင်နိုင်ပါပြီ..

"FingerKey" App က တစ်လုံးထက် ပိုသော Mac computers တွေကို unlock လုပ်ပေးနိုင်ရုံသာမက၊ 256-bit AES encryption နဲ့ Notification Center မှာပါ Widget တစ်ခုအဖြစ် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်အောင် ထည့်သွင်းထားလို့ ရပါတယ်။


Bluetooth connection နဲ့ အပြန်လှန် ချိပ်ဆက် အသုံးပြုရတဲ့ "FingerKey" ကို ဖနိတီးသူ developer က နောက်ထပ် ထွက်လာမယ့် version မှာ Windows, Linux တို့ အတွက်ပါ စွမ်းဆောင် နိုင်လိမ့်မယ်လို့ အသိပေးထားခဲ့ပါတယ်။

"FingerKey" ကို App Store မှာ $1.99 နဲ့ ရောင်းချထားပါတယ်။ "FingerKey" အလုပ်လုပ်ပုံကို ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။

>> Download FingerKey








အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

iPad ကနေ ဖုန်းခေါ်ကြမယ်

iPad ကနေ ဖုန်းခေါ်လို့ မရဘူးလားလို့ တစ်မေးထဲ မေးနေကြသူတွေ အတွက် အခုဆိုရင် iPad ကနေ နိုင်ငံတစ်ကာကို 3G, 4G, WiFi connection များ အသုံးပြုပြီး တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်မည့် Application တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်..

"RingCredible" လို့ အမည်ပေးထားတဲ့ iPad Free Application က iPad မှနေ၍ နိုင်ငံတစ်ကာရှိ မိုဘိုင်းလ်ဖုန်း၊ ကြိုးဖုန်းတို့ကို ဖုန်းခေါ်ဆိုနိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။

iOS 6.0 နှင့်အထက် iPad များမှာ သွင်းယူ အသုံးပြုနိုင်ပြီး..
ပထမဦးစွာ Application ကို Download/Install လုပ်ပြီးနောက် မိမိအသုံးပြုနေတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့နှင့် SingUp လုပ်ရမှာဖြစ်ပါတယ်။ Verification code ကို မိမိပေးထားတဲ့ ဖုန်းနံပါတ်ကို ပြန်လည် ပေးပို့လာပါလိမ့်မယ်။ မြန်မာနိုင်ငံမှ ဖုန်းနံပါတ်များနှင့်လည်း ပြုလုပ်နိုင်ပါတယ်။


SingUp ပြုလုပ်ပြီးနောက် နမူနာသုံးစွဲခွင့် ၁ မိနစ် ခွင့်ပြုထားပြီး ပိုမို သုံးစွဲလိုပါက Balance ဝယ်ယူ ဖြည့်တင်းရမှာဖြစ်ပါတယ်။


စင်ကာပူကနေ မြန်မာနိုင်ငံဖုန်းကို ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို SG$0.40 မှာဖြစ်ပြီး ခေါ်ဆိုတဲ့ မိနစ်စုစုပေါင်းအပေါ်မှာ connection ချိပ်ဆက်ခ $0.07 ထပ်ပေါင်းမှာ ဖြစ်ပါတယ်။ (ဥပမာ ၁၀ မိနစ်ခေါ်ဆိုခအတွက် SG$4.07 ပါ။) မိမိရဲ့ call plan ထဲက နုတ်ယူသွားမှာ မဟုတ်ပါဘူး..။


မိမိအတွက် အသုံးတည့်မည် ဆိုပါက AppStore မှနေ၍ Free Download Install လုပ်နိုင်ပါပြီ..

>> Download RingCredible (App Store)





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Monday, November 24, 2014

မြန်မာ ဘောလုံးပွဲ Fox Sports နဲ့ တိုက်ရိုက် ကြည့်ရအောင်

ယခုလာမယ့် (၂၆)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဆူဇူကီးဖလား ၂၀၁၄ ၊ မြန်မာ - စင်ကာပူ ပွဲစဉ်ကို အခြေနေအမျိုးမျိုးကြောင့် ကွင်းထဲမရောက်နိုင်ပဲ iOS Mobile မှ တစ်ဆင့် Online မှ အာပေးကြမည့် နိုင်ငံတစ်ကာမှ မြန်မာ ပရိသတ်ကြီးအတွက် အထူးဆောင်းပါး အနေနဲ့ အလျှင်အမြန် ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိတွင် Online မှ အားပေးသူ ၁၀၀% နီးပါး MRTV channel မှ တစ်ဆင့် ပြန်လည် လွှင့်ထုတ်သော အရည်သွေးနိမ့် ပုံရိပ်မျာနှင့် စိတ်ညစ်ငြူးစရာ နောက်ခံ အားကစားသတင်း ကြေငြာသူများ၏ ဒဏ်ကို သီးခံနားဆင် ကြည့်ရှုနေကြရသည့် အခက်အခဲကို ကျော်လွှားနိုင်ပြီး အရည်အသွေးမြင့် ပုံရိပ်များနှင့် ကမ္ဘာ့အဆင့်မီ ခံစားနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။

ဆူဇူကီးဖလား တိုက်ရိုက်ထုတ်လွှင့်မှုကို ကမ္ဘာ့နာမည်ကြီး ချန်နယ် တစ်ခုဖြစ်သည့် "Fox Sports" မှလည်း တိုက်ရိုက် ထုတ်လွှင့် ပြသလျှက်ရှိပါသည်။
သို့သော် သက်ဆိုင်ရာ TV line များတွင် ( ဥပမာ စင်ကာပူမှာဆို Star Hub, Sing Tel ) ပိုက်ဆံပေးသွင်းပြီး subscribe လုပ်ထားသူများသာ TV, Mobile တို့မှ သက်ဆိုင်ရာ Log In, password အသုံးပြုပြီးမှ ကြည့်ရှုနိုင်ပါသည်။

အဆိုပါ "Fox Sports" channel ကို မည်သည့်နိုင်ငံမှ မဆို အခမဲ့ ကြည့်ရှုနိုင်မည့် နည်းလမ်းလေးကို တင်ပြပေးလိုက်ပါရစေ...

နည်းလမ်းလေးက ရိုးရှင်းသည် ဆိုသော်ငြားလည်း မိမိဘက်မှ၊ လမ်းညွှန်ထားသော အထောက်အကူပြု ဆင့်ပွား ဆောင်းပါးများမှ စာကို နားလည်အောင် ဖတ်ပြီး ကိုယ်တိုင် လုပ်ကြည့်ရမည့် ကိစ္စဖြစ်သည်၊ Plug & Play, Drag & Drop လောက်တော့ မလွယ်ကူ။
(Beginner များအား အသိပေးခြင်းသာ ဖြစ်ပါသည်)

သို့သော် ရလာမည့် အကျိုးအမြတ်က ဆူဇူကီး ပွဲစဉ် တစ်ခုထဲသာမက ကမ္ဘာပေါ်ရှိ နိုင်ငံတစ်ကာ အားကစားပွဲများ အားလုံး (Premier League) တို့ အပါအဝင် ကို တိုက်ရိုက် အခမဲ့ ကြည့်ရှုနိုင်သွားပါလိမ့်မည်။

ထို့ကြောင့် မိမိကိုယ်တိုင် ကျိုးစားကြည့်ပါလို့ တိုက်တွန်းလိုပါသည်...

- လိုအပ်ချက်များ -
- Jailbroken iPhone, iPad, iPodTouch
- Installed FLEX 2
- VPN Application

**Install Fox Sports Play**
ပထမဦးစွာ "Fox Sports Play" ကို App Store တွင် Free ရယူပါ။
"Fox Sports Play" ကို ရယူရန် သင်၏ Apple ID သည် US Store ဖြစ်ရန် လိုအပ်ပါသည်။ မဖြစ်သေးပါက အောက်ပါ လင့်ခ်အတိုင်း စတိုး အရင် ပြောင်းပေးပါ။

>> Apple ID တစ်ခုထဲနှင့် ကမ္ဘာပါတ်နည်း

>> Fox Sports Play (App Store)

>> VPN One Click (iOS)

>> VPN One Click (Android)

"Fox Sports Play" ကို သွင်းယူပြီးနောက် ဖွင့်ကြည့်လိုက်သော အခါ အောက်ပါ ပုံအတိုင်း သက်ဆိုင်ရာ TV channel ကိုရွေးပြီး Log In လုပ်ရန်သာ ပြသနေပါမည်။ (ဤအဆင့်ကို patch နှင့် ကျော်မှာ ဖြစ်ပါတယ်)
ပြန်ထွက်ပြီး App ကို ပိတ်ထားလိုက်ပါ။


**Install FLEX 2**
Cydia မှတစ်ဆင့် "FLEX 2" ၏ latest version ကို သွင်းယူနိုင်ရန် "http://repo.insanelyi.com/" ကို source တွင် Add လုပ်ပါ။ FLEX 2 ကို Install လုပ်ပါ။

**Making Patch with FLEX"
Applications များကို Flex နှင့် hack လုပ်ရသည့် နည်းလမ်းကို ရေးသားဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောက်ပါ ဆောင်ပါး လင့်ခ်ထဲမှ ဗီဒီယို သင်ခန်းစာနှင့် "Flex နဲ့ patch တစ်ခု ဖန်တီးကြည့်ရအောင်" ဆိုတဲ့ ဆောင်းပါးကို နားလည်အောင် ဖတ်ရှု ကြည့်စေလိုပါတယ်။

>> Flex 2 အခြေခံသုံးပြုနည်း နှင့် Patch များဖန်တီးခြင်း

**Patch for Fox Sports Play**
အထက်ပါ ဆောင်းပါး လင်ခ့်မှနေပြီး You Tube video အတွက် patch ဖန်တီးခဲ့ပုံ အဆင့်ဆင့်ကို သဘောပေါက် နားလည်ပြီ ဆိုပါက၊ ထိုနည်းလမ်းအတိုင်းပင် "Fox Sport play" App အတွက် patch ကို အောက်ပါပုံ၏ data များကို ရှာဖွေ၍ အဆင့်ဆင့် လုပ်ဆောင်ပါ...။

- Unit for -(BOOL) isLive
- Unit for -(BOOL) isAirPlayActive
- Unit for -(BOOL) isUserVideoSessionVilid
သုံးမျိုး တို့၏ Return Value (BOOL) -> Override Value တွင် "TRUE" ဟု ရွေးပေးပါ။



- Unit for -(BOOL) isJailbroken
၏ Return Value (BOOL) -> Override Value တွင်မူ "FALSE" ဟု Set လုပ်ပေးပါ။

အခုဆိုရင် ပုံတွင်ဖော်ပြထားသည့် အတိုင် "Fox Sports" ၏ အချိန်ဇယားတွင် မြန်မာ - စင်ကာပူပွဲကို ကြည့်ရှုနိုင်ရန် အသင့် ဖြစ်နေကြောင်းတွေ့ရပါလိမ့်မည်...။



iPhone ၏ Settings တွင် VPN ကို Enable/ON ပြီး ကြည့်ရှုနိုင်ပါပြီ...

>> VPN One Click Settings





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Tuesday, November 18, 2014

Message ကနေ ငွေလွှဲနိုင်မည့် Snapchat

iOS, Android Smart Phone အသုံးပြုသူများအတွက် နှစ်မျိုးစလုံးမှာ အလုပ်လုပ်နိုင်တဲ့ App လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မိတ်ဆက်ပေးချင်တယ် ဆိုလို့ Application အသစ်တစ်ခုလို့တော့ မမှတ်ယူစေချင်ပါဘူး၊ မြန်မာအသိုင်းအဝိုင်းမှာ လူသုံးမများသေးတဲ့ Application လေးတစ်ခုဖြစ်လို့ပါပဲ။ Viber, Tango, WhatsApp တို့လို့ application လေးတစ်ခု ဖြစ်ပါတယ်...

ဒါပေမယ့်သူ့မှာ အများနဲ့ မတူတဲ့ လုပ်ဆောင်ချက်လေးက သင့်ကို နှစ်ခြိုက်သွားစေနိုင်ပါလိမ့်မယ်..

"Snapchat" လို့ အမည်ရတဲ့ App က အခြား chatting App များကဲ့သို့ Text, photo, video message များ ပေးပို့နိုင်ရုံသာမက Tango ကဲ့သို့ Video Call လဲ ခေါ်နိုင်ပါသေးတယ်..

ဒီအထိ ဘာထူးဆန်းသေးလို့လဲနော်... ဟုတ်ပါတယ်..။

ဒါပေမယ့် မကြာခင် အခုရက်ပိုင်းလေး အတွင်းမှာ Update ပေးလာတော့မယ့် "Snapchat" version အသစ်မှာ Text, Photos, Videos များကို အချင်းချင်း ပေးပို့နိုင်ယုံသာမက ပိုက်ဆံကိုပါ ပေးပို့နိုင်ပါတော့မယ်...

စိတ်ဝင်စားစရာပါပဲ.. ဘယ်လို ပိုက်ဆံပေးပို့ကြမလဲ...?
မိမိရဲ့ "Snapchat" App မှာ မိမိရဲ့ Debit Card number ကို ဖြည့်သွင်းထားသူ အချင်းချင်း (မည်သူ့ကိုမဆို) အပြန်အလှန် ပေးပို့နိုင်ပါလိမ့်မယ်..။

သာမန်အားဖြင့် "Snapchat" ရဲ့ 'Send' button ဟာ အဝါရောင်လေး ဖြစ်ပေမယ့် ငွေကြေးပမာဏ ဥပမာ ($30) လို့ ရိုက်ထည့်လိုက်တာနဲ့ အစိမ်းရောင် အဖြစ်ပြောင်းသွားပြီး screen ပေါ်က ပိုက်ဆံပုံ ဂရပ်ဖစ်ကို တွန်းပွတ်ပေးလိုက်ရုံပါပဲ..။

ဖော်ပြပါ ပိုက်ဆံပေးပို့နိုင်မည့် လုပ်ဆောင်ချက် Feature ကို မကြာမီလာတော့မည့် Update version မှာ ပါဝင်လာမှာ ဖြစ်ပြီး၊ Android အတွက် အရင် ရရှိပါလိမ့်မယ်၊ iOS အတွက်တော့ Android နှင့် အချိန်သိပ်မခြားပဲ ရရှိလာပါလိမ့်မယ်..။

"Snapchat" ကို eMail နှင့် SignUp လုပ်ရပြီး verification လုပ်ပုံမှာ Viber နှင့်ဆင်တူပါတယ်။ ဝမ်းသာစရာ တစ်ခုက Country မှာ "Myanmar" ကိုရွေးထားနိုင်ပြီး မြန်မာပြည် ဖုန်းနံပါတ်နှင့်လည်း အဆင်ပြေမည်ဟု မျှော်လင့်ပါတယ်။



ဒါကြောင့် အဆိုပါ လုပ်ဆောင်ချက်ကို သဘောကျ အသုံပြုလိုသူများအတွက် သတင်းထူး သတင်းဦးကို ဖော်ပြပေးလိုက်ပါတယ်..။ အောက်တွင် "Snapchat" ရဲ့ ကြော်ငြာ ဗီဒီယိုကို ရှုစားနိုင်ပါသည်။

>> Snapchat (Official App Store Free)

Snapchat Video






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Wednesday, October 29, 2014

iOS 8 New Feature : Find My iPhone

Apple product မျာရဲ့ အားသာချက် တစ်ခုမှာ iOS 7 မှ စတင်ကာ ပြောင်းလဲတိုးမြှင့်လိုက်သော Activation စနစ်နှင့် Find My iPhone တို့ကြောင့် လုံခြုံရေး ပိုမိုကောင်းမွန်လာပြီး ဖုန်းစောရများကလည်း iDevice များဆိုရင် လက်ရှောင်လာကြပါတယ်။

မိမိရဲ့ iDevice ပျောက်ဆုံးသွားသည့်အခါ "Find My iPhone" အသုံးပြုပြီး Device ၏ တည်နေရာကို ရှာဖွေနိုင်ခြင်း၊ message လှမ်းပို့နိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်..

ထိုအခါ မိမိ Device ကို ရရှိထားသူနှင့် ချိပ်ဆက်မိပြီး ပြန်လည် ရရှိဖို့ အခွင့်အလမ်းများပါသည်။

ယခင်က Find My iPhone သုံး၍ ပျောက်ဆုံးသွားသော ဖုန်း၏ တည်နေရာကို ရှာဖွေနိုင်သော်လည်း အဆိုပါဖုန်း ဘက်ထရီအား ကုန်သွားသည့် အခါမျိုးတွင်တော့ ရှာဖွေနိုင်တော့မည် မဟုတ်ချေ။

ယခု iOS 8 မှာတော့ Find My iPhone ရဲ့ လုပ်ဆောင်ချက်ကို ထပ်မံမြှင့်တင်လိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ iPhone ရဲ့ ဘက်ထရီအား ကုန်ခါနီးမှာ နောက်ဆုံး တည်နေရာ Last Location ကို Apple သို့ အလိုလျှောက် ပေးပို့မှာဖြစ်ပါတယ်။

ဒီ Feature ကို အသုံးပြုဖို့ဆိုရင် Settings > iCloud > Find My iPhone ကို "ON" ပေးထားပြီး Send Last Location ကိုပါ "ON" ထားလိုက်ပါ။



အကယ်၍ iPhone ကို Airplane mode "ON" ထားခြင်း၊ WiFi, Cellular connection မရှိရင်တော့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

ပျောက်ဆုံးသွားတဲ့ မိမိရဲ့ iPhone ကို ရှာဖို့ဆိုရင် Computer ကနေ iCloud dot com သို့ ဖြစ်စေ၊ မိမိ၏ အခြား iDevice မှ Find My iPhone App ကို အသုံးပြုပြီး ပျောက်ဆုံးသွားတဲ့ ဖုန်းကို ရွေးချယ်ပါ။ ထိုအခါ နောက်ဆုံး တည်နေရာ Last location ကို ဖော်ပြပေးနေပါလိမ့်မည်။

ဒါဟာ ပျောက်ဆုံးသွားတဲ့ iPhone တွေ အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်...






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Thursday, October 2, 2014

Popcorn Time for iOS

MovieBox ကဲ့သို့ iOS မှာ HD Movies တွေ အခမဲ့ကြည့်ရှုနိုင်မယ့် "Popcorn Time" ဆိုတဲ့ App တစ်ခု အသစ်ရရှိလာပါပြီ။

Windows, Mac, Linux နဲ့ Android တို့မှာ ရရှိနေခဲ့ပြီး ယခုအခါ iOS အတွက်ကိုပါ အသစ်ထပ်မံ ထုတ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
"Popcorn Time" App ကို iOS 7.0 နှင့်အထက် Jailbreak Device များမှာ သွင်းယူ ကြည့်ရှုနိုင်ပါပြီ..


"Popcorn Time" ကိုသွင်းယူရန် Cydia ၏ source တွင် "http://cydia.time4popcorn.eu/" ကို သွင်းယူပြီး "Popcorn Time" ကို ရှာ၍ install လုပ်ပါ။


>> Download Popcorn Time for (Win/Mac/Linux)

iOS 8 အတွက် Jailbreak ထွက်လာဖို့ အချိန်နီးကပ်လာပြီဖြစ်လို့ မကြာမီမှာ iOS 8 သမားများလည်း သွင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Wednesday, September 24, 2014

How To Install Essential Apps FREE In iOS 8

ယခုအကြောင်းအရာကို Breaking News လို့ပဲ သဘောထားပေးကြပါ။
iOS 8 အတွက် မရှိမဖြစ်လိုအပ်တဲ့ မြန်မာကီးဘုတ် Apps တွေ ဖြစ်တဲ့ "Black Keys", "SarYay" နဲ့ "MovieBox" App တွေကို အခမဲ့ သွင်းယူနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

iOS 8 သွင်းထားသော iDevice ၏ Settings > Date & Time တွင် ရက်စွဲကို September 12 ရက်ထက် စောစွာ ပြောင်းပေးထားပါ။
ပြီးနောက် Safri Browser မှ နေ၍ အောက်ပါလင်ခ့်များကို သွားရောက် Install လုပ်နိုင်ပါတယ်..

>> Install Black Keys

>> Install Sar Yay

>> Install MovieBox




မှတ်ချက်။ ။ "Sar Yay" App installation မအောင်မြင်သေးပါ၊ iPhone 6 မှသာ ရတာလား (သို့) Link problem လားဆိုတာ သေချာ မသိသေးပါ။
နောက်တစ်ခုက "MovieBox" က Reboot လုပ်လိုက်ရင် ပြန်ပြုတ်ကျနေတဲ့ ပြဿနာကို "Tongbu" မှာ "Genuine" လုပ်ပေးရင် ပြေလည်မယ် ထင်ပါတယ်။ နောက်တစ်ခုက VPN လဲလိုအပ်နိုင်ပါလိမ့်မယ်။

>> Tongbu အသုံးပြု၍ App Genuine လုပ်နည်း


Tongbu အသုံးပြု၍ iOS 8 တွင် Jailbreak လုပ်ရန် မလိုပဲ Paid App များကို "Tongbu Site" တွင် Free သွင်းယူနိုင်ပါသည်..


Credit to : Polaris Cynosūra


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....