Showing posts with label JB 4S. Show all posts
Showing posts with label JB 4S. Show all posts

Friday, October 31, 2014

iOS 8+ အတွက် Cydia ပါရှိသော Jailbreak ယနေ့ထွက်ရှိ

iOS 8 နှင့် 8.1 တင်ထားသူများအတွက် သတင်းကောင်း တစ်ခုအဖြစ် Cydia ကိုပါ တစ်ပါတည်း သွင်းယူနိုင်မည့် Jailbreak ကို Pangu မှ ယနေ့ပဲ ထုတ်ပေးလိုက်ပါပြီ။

အသစ်ထွက်လာတဲ့ Pangu version 1.1.1 ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Cydia ကို install လုပ်နိုင်သွားပါပြီ။ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..

iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။
  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G


**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်**

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off)

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။

- iTunes version သည် latest version ဖြစ်ထားရပါမည်။

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ..


>> Download Pangu Jailbreak for iOS 8 & 8.1 (Windows)

လုပ်ငန်းစဉ်

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။

၂) Program တက်လာသည့်အခါ အပြာရောင် "Start Jailbreak" button ကို နှိပ်ပါ။


၃) BackUp လုပ်းထားပြီးပြီလားဟု မေးလာပါမည် "Already did" button ကို နှိပ်ပါ။


၎) ယခုအခါ Pangu ကညစတင် Jailbreak လုပ်နေပါပြီ။



၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Home screen တွင် Pangu App နှင့် Cydia ကို တွေ့ရပါလိမ့်မည်၊ ဒါဆိုရင် Jailbreak ဖြစ်သွားပါပြီ။
အားလုံး ချောမွေ့ကြပါစေ..

>> iOS 8+ နှင့် အဆင်ပြေမည့် Tweaks များ



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Friday, October 24, 2014

iOS 8+ Jailbreak and Install CYDIA

iOS 8 နှင့် 8.1 တင်ထားသူများအတွက် Jailbreak ကို Pangu မှ ထုတ်ပေးလိုက်ပါပြီ၊ ပထမဆုံး ထွက်လာတဲ့ version 1.0.0 မှာ Jailbreak သာ လုပ်နိုင်သော်လည်း Cydia ပါမလာသေးတဲ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီနေ့တော့ Pangu version 1.0.0 ကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီး Cydia ကို install လုပ်နိုင်မယ့် version 1.0.1 ကို ထပ်မံ ထုတ်ပေးလိုက်ပါတယ်၊ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..

iOS 8 & 8.1 အတွက် Pangu Jailbreak ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Jailbreak လုပ်ပြီးသွားတဲ့အခါမှ Cydia ကို သီးသန့် ထပ်မံသွင်းယူရမှာ ဖြစ်ပါတယ်။
iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။
  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G


**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်**

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off)

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။

- iTunes version သည် latest version ဖြစ်ထားရပါမည်။

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ..


>> Download Pangu Jailbreak for iOS 8 & 8.1 (Windows)

လုပ်ငန်းစဉ်

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။

၂) Program တက်လာသည့်အခါ ဘယ်ဖက်နားရှိ "PP" ဟု ဖော်ပြထားသည့် Box ကို အမှန်ခြစ်ဖြုတ် (uncheck) လုပ်ကာ အပြာရောင် "Jailbreak" button ကို နှိပ်ပါ။


၃) ယခုအခါ Jailbreak လုပ်နေသည်ကို မြင်နေရပါပြီ။ ကြားထဲတွင် အမှတ်အသားပြထားသောနေရာ အပြာရောင် ပေါ်လာပါက တစ်ချက်နှိပ်ပေးရန် လိုအပ်ပါသည်။


၎) Device တွင် Restore လုပ်နေသည့် ပုံစံမျိုး မြင်တွေ့နေရပြီး jailbreak လုပ်နေစဉ် device သည် မကြာခဏ အလိုလျှောက် Reboot လုပ်နေပါမည်။ Jailbreak လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် ၅-၁၀ မိနစ်ခန့် ကြာမြင့်ပါလိမ့်မည်။

၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Device တွင် Pangu App ကို တွေ့ရပါလိမ့်မည်၊ ဒါဟာ Jailbreak ဖြစ်သွားပြီဆိုတဲ့ အမှတ် သင်္ကေတပါ။



ဲJailbreak ပြုလုပ်ခြင်း အဆင့်များ အောင်မြင်စွာ ပြီးဆုံးပါပြီ...
Cydia ကို ဆက်လက် သွင်းယူကြပါဦးစို့...

Insatll OpenSSH

၁) Cydia ကို install လုပ်နိုင်ရန် ပထမဦးစွာ Home screen ရှိ Pangu App ကို ဖွင့်လိုက်ပြီး "OpenSSH" ကို နှိပ်ပါ။


၂) ထို့နောက် Install လုပ်ပါ။



Cydia အတွက် မရှိမဖြစ် လိုအပ်သော .deb file နှစ်ခုကို အောက်တွင် Download လုပ်ထားပါ။

>> cydia-lproj_1.1.12_iphoneos-arm.deb
>> cydia_1.1.13_iphoneos-arm.deb

**Cydia သွင်းယူရန် လိုအပ်ချက်များ**

မိမိ Device နှင့် Computer နှစ်ခုစလုံးသည် တူညီသော Same Wi-Fi connection တွင် ချိပ်ဆက်ထားရမည်။
WinSCP software သွင်းယူထားရန် လိုအပ်သည်။ မရှိပါက..

>> Download WinSCP


**Cydia ကို သွင်းယူခြင်း လုပ်ငန်းစဉ်**

၁) iPhone, iPad.. ၏ Settings -> Wi-Fi သို့သွားကာ "i" ကို နှိပ်ပြီး IP Address ကို မှတ်သားပါ။



၂) Computer တွင် WinSCP ကို Run ပါ။

၃) Host name တွင် မှတ်ထားခဲ့သော IP Address ကို ဖြည့်ပါ။ User name တွင် root ဖြစ်ပြီး Password တွင် alpine ဟု ရိုက်သွင်းပြီး Login နှိပ်ပါ။


၎) ချိပ်ဆက်သွားပြီး အောက်ပါပုံအတိုင်း browser တက်လာပါက၊ ဘယ်ဖက်အခြမ်းတွင် .deb file သိမ်းထားသော path ကိုရှာပြီးထားပါ။
ညာဖက်တွင် root folder လမ်းကြောင်းကို ဝင်ထားပါ။


၅) ထို့နောက် ဘယ်ဖက်က .deb file နှစ်ခုလုံးကို ရွေးပြီး ညာဖက်အခြမ်းထဲသို့ Drag & drop ဆွဲထည့်လိုက်ပါ။ (password တောင်းလာပါက alpine)


၆) ကီးဘုတ်က Ctrl + T ကိုနှိပ်ပါက ပုံပါအတိုင်း command box တက်လာပါမည်။


၇) Enter command: line ထဲတွင် အောက်ပါ စာကြောင်းကို ကူးယူ၍ တစ်ခါ Enter ခေါက်ပါ။
dpkg -i cydia-lproj_1.1.12_iphoneos-arm.deb cydia_1.1.13_iphoneos-arm.deb


၈) iDevice ကို Reboot/Restart လုပ်ပါ

၉) Device ပြန်တက်လာသောအခါ Cydia icon ကို Home screen တွင် မြင်ရပါလိမ့်မည်။




**UPDATE**

အထက်ပါနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သေည်လည်း "Cydia" လုံးဝ မရရှိသူများ အောက်ပါနည်းလမ်းဖြင့် ကြိုးစားနိုင်ပါသည်။

၁) Cydia သွင်းယူခြင်း လုပ်ငန်းစဉ် အမှတ် (၁) မှ (၄) ထိ ပြန်လည်ဆောင်ရွက်ပါ။

၂) "Media" folder ကို ဖွင့်လိုက်ပါ။

၃) "Media" folder ထဲတွင် Folder အသစ်တစ်ခု ဖွဲ့လိုက်ပြီး "Cydia" ဟု အမည်ပေးပါ။

၎) "Cydia" folder ထဲသို့ ထပ်ဝင်၍ Folder အသစ်တစ်ခု ဖွဲ့လိုက်ပြီး "AutoInstall" ဟု အမည်ပေးပါ။

၅) ထို့နောက် ညာဖက်ရှိ (.deb) file နှစ်ခုလုံးကို Drag & Drop နှင့် "AutoInstall" folder ထဲသို့ ဆွဲထည့်လိုက်ပါ။

၆) WinSCP ကို လုံးဝ ပိတ်လိုက်ပါ။

၇) Device ၏ Power+Home button ကို တွဲလျက် နှိပ်ထားပါ။ ပိတ်သွားပြီး Apple Logo တက်လာမှ နှစ်ခုလုံးကို လွှတ်ပေးလိုက်ပါ။

၈) Cydia ကို မြင်တွေ့ရပါပြီ (အကယ်၍ မတွေ့ရသေးပါက အဆင့်(၇) ကို ထပ်မံ ဆောင်ရွက်ပါ။

ယခုဆိုရင် iOS 8 - 8.1 ကို Jailbreak လုပ်ပြီး Cydia ထည့်သွင်းခြင်း လုပ်ငန်း ပြီးမြောက်သွားပါပြီ... ဒါပေမယ့် "Cydia" ကို (လုံးဝ) (လုံးဝ) မဖွင့်သေးပဲ အောက်က Bootloop ပြဿနာဖြေရှင်းနည်းကို ဆက်ကြပါဦးစို့...

>> Fixed Cydia Bootloop in iOS 8+

အားလုံး ချောမွေ့ကြပါစေ..


>> iOS 8+ နှင့် အဆင်ပြေမည့် Tweaks များ



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Tuesday, June 24, 2014

iOS 7.1.1 Untether Jailbreak

iOS 7.1 နှင့် အထက်များအတွက် Untether နည်းနဲ့ Jailbreak လုပ်နိုင်မယ့် Tool ကို 'Pangu Team' လို့ အမည်ရတဲ့ တရုပ် ဟက်ကာများ အဖွဲက ထုတ်ပေးလိုက်ပါပြီ..

Hacking သင်တန်းများကိုပဲ ပို့ချပေးပြီး Jailbreak tool မထုတ်ပေးတော့ဘူးလို့ ကြောငြာထားတဲ့ hacker တစ်ဦးဖြစ်သူ 'i0n1c' က "Pangu team အနေနဲ့ အားနည်းချက်များစွာ ရှိနေသေးတဲ့ Jailbraek ကို အများအတွက် ထုတ်ပေးလိုက်ပေမယ့် ဒါဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး" လို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားပါတယ်..

Jailbreak လုပ်နိုင်ရင်တောင် မိမိ device အတွက် လုံခြုံရေးဆိုင်ရာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် Safe ဖြစ်တာ သေချာမှ လုပ်ဆောင်ဖို့ သတိပြုရပါလိမ့်မယ်။

သို့ပေမယ့် 'sn0wbreeze' ကို တီထွင်သော 'iHSn0w' အဖွဲ့ကတော့ "Pangu" မှာ spyware မရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်..

ထို့ကြောင့် Jailbreak ရပြီ ဆိုသော်ငြားလည်း သတိထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်လိုပါတယ်။
ယခု Jailbreak ကို WINDOWS တစ်မျိုးအတွက်သာ ထုတ်ပေးထားပါတယ်..

** Jailbreak မလုပ်မီ ပြင်ဆင်ရန် **

- Passcode ကို ဖြုတ်ထားပါ
- Device က Date ကို "02.June.2014" (သို့) ထိုရက်ထက် စောထားပါ။
- iOS 7.1.1 သန့်သန့် ကိုတင်ထားပါ
- BackUp Phone

>> Download for WINDOWS

Software တွင် တရုပ်လိုသာ ရေးသား ဖော်ပြထားသောကြောင့် အောက်ပါပုံ၏ စာအညွှန်းအတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်ပါ...


Video Tutorial



Good Luck & Enjoy Jailbreaking !





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

Continue Reading....

Monday, February 24, 2014

iOS 7.0.6 Update without Restore (Fix Bug)

Apple က iOS 6.1.6 နှင့် iOS 7.0.6 ကို ပြီးခဲ့တဲ့ သောကြာနေ့ (21.02.2014) က Update ပေးခဲ့ပါတယ်...

ယခုထုတ်ပေးလိုက်တဲ့ iOS 7.0.6 update ဟာ အကြီးအကျယ် ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ Apple ရဲ့ SSL/TLS library HTTPS session မှာ အသုံးပြုသူတွေရဲ့ Data အချက်လက်များကို Hacker တွေ ကြားဖြတ်ယူနိုင်တဲ့ error တစ်ခုကို ပြုပြင်ချင်တာကြောင့် Update အနေနှင့် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

iOS 7.0.6 ကို Update လုပ်ကြဖို့ ထိထိရောက်ရောက် တိုက်တွန်းချင်ပါတယ်...

Jailbreak မလုပ်ထားသူများ အနေနှင့်တော့ iOS update လုပ်လိုက်ရင် အဆင်ပြေနိုင်သော်လည်း Jailbreaker များကတော့ iOS update လုပ်ပြီး၊ နောက်ထပ်တစ်ခါ Jailbreak ပြန်လုပ် မိမိအသုံးပြုလိုတဲ့ Tweaks တွေ App တို့ကို အစ/ဆုံး ပြန်လည် တစ်ခုခြင်းသွင်း၊ အခန့်မသင့်ရင် error, crash တို့ကို ကြုံနိုင်ပါသေးတယ်။

ဒါကြောင့် iOS update လုပ်ဖို့ဆိုတာ ဝန်လေးနေပါလိမ့်မယ်၊ တစ်ဖက်ကလည်း Error ရှိနေလို့ Update ပေးတယ်ဆိုတော့ ဘာလုပ်ရမှန်းမသိ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...
ဘာမှ စိုးရိမ်စိတ် မဖြစ်ပါနဲ့ iOS 7.0.6 ကို Update မလုပ်သော်ငြားလည်း iOS 7.0.6 တွင် error ကို ပြုပြင်လိုက်သည့်အတိုင်း iOS 7.0.5 device မှာ Fix လုပ်ပေးနိုင်မယ့် Tweak တစ်ခုကို Cydia Developer များက ထုတ်ပေးလိုက်ပါပြီ။


iOS 7.0.5 နှင့် အနိမ့်တွင် ဖြစ်ပေါ်နေသော SSL security bug ကို ပြုပြင်ပေးမယ့် Jailbreak tweak အဖြစ် "SSLPatch" ကို Cydia Developer ဖြစ်သူ Ryan Petrih က ထုတ်ပေးလိုက်ပါပြီ..


**"SSLPatch" ကို သွင်းယူခြင်း**
iOS 7.0 မှ iOS 7.0.5 Jailbreaker များအားလုံး လိုက်လံ သွင်းယူပါ
  • Cydia -> Sources -> Edit -> Add တွင် " http://repo.insanelyi.com/ " ကို ထည့်သွင်းပါ။ (BigBoss တွင်လည်း ရနိုင်ပါသည်)
  • ထို့နောက် "SSLPatch" ကို ရှာဖွေ၍ သွင်းယူခြင်းဖြင့် iOS 7.0.6 ကို Update လုပ်ရန် မလိုအပ်တော့ပေ...

သွင်းယူလိုက်သော Patch သည် အမှန်တစ်ကယ် Error ကို Fix လုပ်နိုင် မလုပ်နိုင်ကို လက်တွေ့ သိနိုင်ရန် Mobile Safari Browser မှနေ၍ "gotofail.com" သို့ ဝင်ရောက်ပါ။
အောက်ပါအတိုင်း Safe message ပေါ်လာပါက အမှန်တစ်ကယ် အလုပ်လုပ်ကြောင်း တွေ့ရပါလိမ့်မည်..


iOS 7.0.6 ကို အမှန်တစ်ကယ် Update လုပ်ရန် မလိုပဲ၊ Jailbreak မပျက်ပဲ iOS 7.0.6 အတိုင်း စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ကြပါပြီ..



Credit to : iPhone Hack

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Must INSTALL!! After iOS 7+ Jailbreak

iOS 7+ ကို Jailbreak လုပ်ပြီးနောက်တွင် အခြေခံအားဖြင့် မဖြစ်မနေ ဆက်လက်သွင်းယူရမည့် sources နှင့် App များကို ဖော်ပြပေးလိုက်ပါတယ်...

အဆိုပါ App များကို သွင်းယူထားမှသာလျှင် Jailbreak လုပ်ခြင်း၏ အနှစ်အရသာကို အပြည့်အဝရရှိနိုင်မှာ ဖြစ်ပြီး ထပ်မံ၍ မိမိစိတ်ကြိုက် သွင်းယူလိုသော Tweaks များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အဆင်သင့် ဖြစ်နေပါလိမ့်မည်....

afc2Add
iOS 7+ တွင် Jailbreak လုပ်ပြီးသော်လည်း third-party software များဖြစ်ကြသော iTools, iFunBox, iExplorer အစရှိသော software များနှင့် ချိပ်ဆက်သော အခါတွင် Jailbreak မဖြစ်သေးပါဟု ပြသနေပြီး "Cydia App Install" မပေါ်တာမျိုး ဖြစ်ပါလိမ့်မည်။

Cydia -> Search တွင် "afc2Add" ဟု ရိုက်ရှာပြီး Install လုပ်ပါ။

Appsync for iOS 7.0+
Cracked App များကို မိမိ၏ Jailbreak device တွင် သွင်းယူ အသုံးပြုနိုင်ရန်နှင့် iTunes တွင်ထည့်သွင်းပြီး အဆင်ပြေပြေ Sync လုပ်ရန်နိုင်ရန် သွင်းထားရပါလိမ့်မည်။

Manage -> Sources -> Edit -> Add ( http://cydia.appaddict.org ) သွင်းယူပြီး "Appsync for iOS 7.0+" ကို Install လုပ်ပါ။

LocalIAPStore
App များ Games များအတွင်းတွင် ဆက်လက်ဝယ်ယူရသော In App Purchase တော်တော်များများကို ပိုက်ဆံမကုန်ပဲ ဝယ်ယူလိုသည့်အခါတွင် အသုံးဝင်ပါလိမ့်မည်။

Manage -> Sources -> Edit -> Add ( http://system.in-appstore.com/repo/ ) သွင်းယူပြီး "LocalIAPStore" ကို Install လုပ်ပါ။

>> မြန်မာဖောင့် သွင်းယူနည်း




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Sunday, February 23, 2014

iOS 7 to 7.0.6 Untethered Jailbreak for All

21/02/2014 : iOS 7.0.6 ကို Apple က Update လုပ်ပေးလိုက်ပြန်ပါပြီ...
တစ်ချိန်ထဲမှာပဲ Evasi0n အဖွဲ့ကလည်း iOS 7.0.6 ကို Jailbreak လုပ်နိုင်မယ့် evasi0n v1.0.6 ကို (Win,Mac) နှစ်မျိုးစလုံးအတွက် update ထုတ်ပေးလိုက်ပါတယ်..

06/02/2014 : iOS 7 ထွက်ခဲ့သော အချိန်ကတည်းက ယခု iOS 7.0.5 ရောက်လာသည်ထိ လပေါင်းများစွာ စောင့်စားခဲ့ရသော iOS 7+ အတွက် Untethered Jailbreak ကို evasi0n အဖွဲ့မှ ထပ်မံ၍ version 1.0.5 ကို ထုတ်ပေးလိုက်ပါပြီ။

evasi0n ရဲ့ Jailbreak Tool က iOS 6+ တုန်းကလိုပဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးစီးသွားနိုင်မယ့် အလွယ်ဆုံးသော Jailbreak နည်းလမ်းဖြစ်ပါတယ်။ ယခု evasi0n Jailbreak Tool နှင့် iOS 7 ကစလို့ iOS 7.0.5 တွင်သာမက Apple က Developer များအတွက် စမ်းသပ်နိုင်ရန် ထုတ်ပေးထားသော iOS 7.1 Beta 1,2 versions များကိုလည်း Untethered နည်းနဲ့ Jailbreak လုပ်ပေးနိုင်ပါပြီ...


  • evasi0n သည် iOS 7 နှင့်အထက် သွင်းထားသော iPhone, iPod touch, iPad and iPad mini များ အားလုံးတို့အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ပါလိမ့်မည်။
  • evasi0n ကို အသုံးပြုရန် Windows အတွက် (XP အနိမ့်ဆုံး) နှင့် Mac အတွက် (OSX 10.5/10.6/10.7/10.8) ရှိရန် လိုအပ်ပါသည်။

>> Download evasi0n v1.0.6 (Mac)
>> Download evasi0n v1.0.6 (Windows)
>> Download evasi0n v1.0.5 (Mac)
>> Download evasi0n v1.0.5 (Windows)
>> Evasi0n နှင့် Jailbreak ပြုလုပ်နည်း

** Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လုပ်ဆောင်ရန် **

ယခုဆိုလျှင် Cydia ကလည်း iOS 7+ အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ iOS 7+ မှာ Cydia က "Mobile Substrate" ကို "Cydia Substrate" အဖြစ် ပြောင်းလဲခေါ်ဝေါ် သုံးစွဲထားပါတယ်။ Tweaks တော်တော်များများက iOS 7+ အတွက် Update လုပ်လာကြပေမယ့် အချို့ Tweaks များကတော့ ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ဒါကြောင့် Tweaks များကို သတိပြု၍ သွင်းယူကြပါ။

>> Must INSTALL!! After iOS 7+ Jailbreak

>> ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

တစ်ဆက်ထဲမှာပဲ မြန်မာစာ နှင့် ကီးဘုတ်ကိုလည်း အဆင်ပြေပြေ သွင်းယူသုံးစွဲနိုင်ပါပြီ...

>> iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

Cydia အတွက် Error များ၊ Application Crash များဖြစ်ပေါ်ခဲ့ပါက အောက်ပါလင့်ခ်များတွင် ဖတ်ရှု၍ ဖြေရှင်းနိုင်ပါသည်...

>> Cydia Errors များနှင့် ဖြေရှင်းနည်း
>> Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း
>> Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း


Credit to : evasi0n


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Wednesday, February 12, 2014

How to Bypass iOS 7+ Activation for All iDevices

တစ်ဆင့်ပြန်လည် ဝယ်ယူထားသော iPhone, iPad တို့ကို iOS 7 နှင့် အထက် Update လုပ်ကြသောအခါ များသောအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာကြီး တစ်ရပ်ကတော့ Activation အဆင့်ကို မကျော်နိုင်တော့ပဲ မူလပိုင်ရှင်၏ Apple ID မှာတင် လမ်းဆုံးနေကြရတတ်ပါတယ်။
အနိမ့် iOS မျာကိုလည်း ပြန်ဆင်း၍ မရတော့သည့်အခါမှာ မိမိရဲ့ iDevice မှာ အရုပ်တစ်ရုပ်သဖွယ် ဖြစ်နေပြီး အကြံကုန် စိတ်ပျက်နေကြသူများအတွက် ကောက်ရိုးတစ်မျှင် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..

ကျွန်တော်သည် mobile ပြုပြင်သူတစ်ဦး မဟုတ်ပဲ Apple ချစ်သူများ၏ အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးနေသော Bolgger တစ်ဦး ဖြစ်သည့်အားလျှော်စွာ ယခုနည်းလမ်းကို လက်တွေ့ စမ်းသပ်ရန် Device အခက်အခဲကြောင့် တစ်ဆင့်ခြင်း ပိုမို ရှင်းလင်း နားလည်အောင် screen shot များနှင့်တစ်ကွ ပြန်လည်ရေးသားဖို့ အခက်အခဲရှိနေပါတယ်...

သို့ဖြစ်ပါ၍ မူရင်း Video Tutorial လေး အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။



**အရေးကြီး မှတ်ချက်**
ဖော်ပြပါ နည်းလမ်းသည် အမှန်တစ်ကယ် Apple ID ကို ဖယ်ရှားပေးသော နည်းလမ်း မဟုတ်ပဲ အသုံးပြုနိုင်ရုံ Bypass လုပ်သည့် နည်းဖြစ်ပါသည်။
အခြားသူ၏ Apple ID ကို မိမိ device မှ အပြီးတိုင် ဖယ်ရှားပြီး မိမိ၏ Apple ID နှင့် ပြန်လည် အသုံးပြုနိုင်ရန် Bypass ဖြစ်သွားပြီးနောက် FaceTime App မှာ မြင်ရသော email သို့ အမြန်ဆုံး ဆက်သွယ်၍ အောက်ပါနည်းအတိုင်း iCloud account မှ ဖယ်ရှားပေးရန် မေတ္တာရပ်ခံပါ...

>> Apple ID အား iCloud မှ ဖယ်ရှားနည်း


Credit to : YouTube


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Friday, January 10, 2014

Untether Jailbreak for iOS 6.1.3, 6.1.4, 6.1.5

iOS 7 ထွက်လာခဲ့ပေမယ့် အချို့ iDevice များဖြစ်ကြတဲ့ iPhone 3Gs, iPodTouch 4G တို့ဟာ iOS 7 ကို လိုက်တက်မလာနိုင်ကြတော့ပါဘူး၊ ဒါ့အပြင် iOS 6.1.3, 6.1.4, 6.1.5 တို့ကို နှစ်သက်စွာ သုံးစွဲနေကြဆဲ iDevice ပိုင်ရှင်များလည်း ရှိနေပါသေးတယ်...

iOS 6.1.3, 6.1.4, 6.1.5 ပိုင်ရှင်များအတွက် Untethered နည်းနှင့် Jailbreak လုပ်နိုင်မည့် Jailbreak Tool တစ်ခုကို "p0sixspwn" က (Windows, Mac) နှစ်မျိုးစလုံးအတွက် version 1.0.7 ကို ထုတ်ပေးလိုက်ပါပြီ။ "p0sixspwn" ရဲ့ Jailbreak Tool ဟာလည်း "evasi0n" ကဲ့သို့ပင် လွယ်ကူရိုးရှင်းသော "One Click Jailbreak" စနစ်ဖြစ်ပါတယ်..


"p0sixspwn" နှင့် Jailbreak လုပ်နိုင်မည့် iDevice များ

  • iPhone 3Gs
  • iPhone 4
  • iPhone 5
  • iPodTuoch 4G
  • iPodTuoch 5G
  • iPad 2
  • iPad 3
  • iPad 4
  • iPad Mini (1st Gen)

>> Download p0sixspwn (Windows)
>> Download p0sixspwn (Mac)


**လုပ်ငန်းစဉ်**

၁) Download ရယူထားသော zip file ကိုဖြည်ပြီး "p0sixspwn-v1.0.7-***.exe" file ကို Desktop ပေါ်သို့ ပြောင်းတင်ပြီးမှ Run ပါ။

၂) မိမိ၏ iDevice တွင် Passcode ခံထားပါက Passcode ပြန်ဖြုတ်ထားပေးပါ။

၃) iOS 6.1.3,4,5 တင်ထားသော iDevice ကို PC နှင့် ချိပ်ဆက်၍ "Jailbreak" ကို နှိပ်ပါ။


၎) Screen တွင် ဆက်လက် ဖော်ပြသည့် ညွှန်ကြားချက်များအတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်သွားပါ။

iOS 6.1.3,4,5 သွင်းထားသော iDevice မရှိတော့၍ ကိုယ်တိုင် မစမ်းသပ်ပေးနိုင်သော်လည်း ၁၀၀% အောင်မြင်စွာ Jailbreak လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်...
iOS 6+ iDevice များ ကံကောင်းနိုင်ကြပါစေ....


Credit to : p0sixspwn


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Monday, September 23, 2013

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း

iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. Jailbreak မလုပ်ထားတဲ့ iDevice တွေမှာ Cracked App တွေကို ဆက်ပြီးသုံးလို့ ရအောင် ဒီလို လုပ်လို့ရပါသေးတယ်..

ပထမ လုပ်ငန်းစဉ်

**Downloads**
>> iFile
>> Tongbu for iPhone
>> Tongbu for iPad


အဆင့် ၁)
ပထမဦးစွာ "iFile" ကို PC မှာ install လုပ်ပြီး Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ၊ iTunes တက်လာပါက ပိတ်ပစ်ပါ။

အဆင့် ၃)
iFunBox ၏ "iFunBox Classic" tab သို့သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


ထို့နောက် "Install App" button ကို နှိပ်ပြီး အထက်တွင် download လုပ်ခဲ့သော "Tongbu" file ကို ရွေးပေးလိုက်ပါ။

အဆင့် ၄)
Install လုပ်ပြီးပါက သင်၏ iDevice တွင် "Tongbu" icon လေးကို တွေ့ရပါမည်။ Update လုပ်ခိုင်းပါက update လုပ်ပါ။



အဆင့် ၅)
"Tongbu" App တွင် မိမိလိုချင်သော App ကို "Search" မှာ ရိုက်၍ ရှာယူနိုင်ပြီး "Manage" တွင် Download status တို့ကို တွေ့မြင်နိုင်ပါမည်။

အဆင့် ၆)
Download လုပ်ပြီးသား App ကို Install လုပ်ပြီးသော အခါ App ကို ဖွင့်လိုက်တဲ့ အချိန်မှာ Apple ID နှင့် password ကို တောင်းပါလိမ့်မည်။


App ကို ပြန်ပိတ်လိုက်ပြီး (ဒုတိယ လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါ)

***************************

ဒုတိယ လုပ်ငန်းစဉ်

**Download**
>> iClover for (Windows / Mac)

အဆင့် ၁)
"iClover" ကို PC မှာ Install လုပ်ပြီး။ Run ပါ။

အဆင့် ၂)
iDevice ကို PC နှင့် ချိပ်ဆက်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမည်။


အဆင့် ၃)
"Genuine App" button ကို နှိပ်ပါ။ အောက်ပါပုံအတိုင်း "Start" ကို နှိပ်ပါ။


အဆင့် ၄)
"Complete" နှိပ်ပါ။ App Genuine လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးပါပြီ။


ခုနက Apple ID တောင်းနေသော App ကို ပြန်ဖွင့်ပါ။ ဘာမှ မလိုတော့ပဲ App ကို အသုံးပြုနိုင်ပါပြီ..

ယခုလို App Genuine ဖြစ်သွားပြီဆိုရင်တော့ နောက်ထပ် မည်သည့် App ကို မဆို Install လုပ်ပြီးတာနှင့် တိုက်ရိုက်ချောမွေ့စွာ အသုံးပြုနိုင်သွားပါပြီ..

အခုဆိုရင် iOS 7 မှာ Jailbreak မရသေးသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေပြေ iDevice ကို သုံးနိုင်သွားပါပြီ။
နည်းပညာ တင်ပြသူအဖြစ် မိမိသိရှိထားသည်ကို ပြန်လည် မျှဝေရပါတယ်။ သို့သော် ဤနေရာတွင် အထူးမေတ္တာရပ်ခံလိုသည်မှာ တတ်နိုင်သလောက် App များကို ဝယ်ယူ သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Tuesday, June 25, 2013

Jailbreak မပျက်ပဲ iOS ကို Restore လုပ်ကြရအောင် (iOS 4.x.x > iOS 6.x.x)

Jailbreak လုပ်ထားသော iPhone, iPad, iPod အစရှိသည့် iDevices များမှာ အကြောင်းအမျိုးမျိုးကြောင့် ဘက်ထရီ အစားမြန်နေခြင်း၊ Safe mode တွင် တစ်ဝဲလည်လည်ဖြစ်နေခြင်းနှင့် ဘာမှ လုပ်မရပဲ ပန်းသီး Logo မှာ ရပ်နေခြင်း အစရှိသော ပြဿနာများ အခန့်  မသင့်ပါက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

ဒီအခါမျိုးမှာ iDevice ကို Restore ပြန်လုပ်လိုက်ရင် Firmware update ဖြစ်သွားပြီး Jailbreak လည်းပြုတ်သွားပါတယ်။
မိမိ Update Restore လုပ်မိသော Firmware သည် လက်ရှိမှာ Jailbreak ရရှိနေပါက Jailbreak ပြန်လုပ်ရန် လွယ်ကူသော်လည်း၊ Jailbreak မရရှိသေးတဲ့ Firmware ဖြစ်ပါက ဘာမှ မတတ်နိုင်တော့ပါ။

အထူးသဖြင့် software ဖြင့် Unlocked လုပ်ထားသော Locked ဖုန်းများမှာ အကြီးအကျယ် ဒုက္ခရောက်ပါပြီ...
အဲဒီ ပြဿနာများကို Computer အကူညီမလိုပဲ တစ်ချက်ထဲနဲ့  ဖြေရှင်းနိုင်ဖို့  ဆိုရင်...
အထက်ပါပြဿနာများ ဖြစ်လာပါက မိမိလက်ရှိ အသုံးပြုနေသော Firmware version ကို Jailbreak မပြုတ်စေပဲ Restore လုပ်နိုင်တဲ့ Tweak လေးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ...

iLEX R.A.T လို့  အမည်ရပြီး Jailbreak သမားတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ Tweak လေးတစ်ခု ဖြစ်ပါတယ်။

iLEX R.A.T က ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေက..
  • Battery အစားမြန်ခြင်း
  • Safe Mode မှာ ပါတ်နေခြင်း
  • Apple Logo မှာ တစ်နေခြင်း နှင့် အခြား ပြဿနာများလည်း ရှင်းပေးနိုင်ပါတယ်


iLEX R.A.T ကို iOS 4.x.x ကနေ iOS 6.x.x အထိ အသုံးပြုနေကြသော iPhone, iPad, iPad တို့ အားလုံးမှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်..

iLEX R.A.T ၏ လက်ရှိနောက်ဆုံး Version အသစ်ဟာ (1.10-125) ဖြစ်ပြီး အရင် Version အဟောင်းနှင့် ကွာခြားချက်ကတော့ "Mobile Terminal" ရှိထားရန် မလိုတော့ပဲ တိုက်ရိုက် Restore လုပ်နိုင်သွားပါပြီ..
iLEX R.A.T ကို Run လိုက်တာနဲ့  "iLEX R.A.T" နှင့် "iLEX RESTORE" option နှစ်ခုကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။


ယင်း Option နှစ်ခုက တစ်ခုနှင့် တစ်ခု လုပ်ဆောင်ချက် အနည်းငယ် ကွားခြားပါတယ်။

"iLEX R.A.T"
  • မိမိ iDevice ထဲမှာ Install လုပ်ထားသော Cydia Tweaks တွေ အားလုံးကိုသာ ဖျက်ပစ်မှာဖြစ်ပါတယ်။
  • Settings နှင့် တစ်ကွ အခြားအရာများအားလုံး အရင်အတိုင်းပဲ မပျက်ပါ။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


"iLEX RESTORE"
  • မိမိ iDevice ထဲက အရာများများအားလုံးကို ဖျက်ပစ်ပြီး Stock firmware ဖြစ်အောင် Restore ပြန်လုပ်မှာ ဖြစ်ပါတယ်။
  • Reboot ပြန်တက်လာသည့် အခါ "Activation" ပါ အစ/ဆုံး ပြန်လုပ်ရန် လိုအပ်ပါတယ်။
  • Jailbreak မပျက်ပါ (Cydia) icon ကို Home screen တွင် တွေ့ ရပါလိမ့်မည်။


iLEX R.A.T ၏ Source " http://cydia.myrepospace.com/iLEXiNFO/ " ကို Cydia -> Edit -> Add နှင့် ထည်းသွင်းပြီး "iLEX R.A.T." ကိုသာ Install လုပ်ပါ။

"iLEX R.A.T" အသုံးပြုနည်း

နှစ်မျိုးရှိပါတယ် ပထမနည်းကတော့ မိမိ iDevice ၏ Home screen ရှိ "iLEX R.A.T" App ကိုနှိပ်ပြီး စိတ်ကြိုက် Option တစ်ခု ရွေးချယ်ပါက အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။

ဒုတိယနည်းကတော့ PC ရှိ iFunBox ကို အသုံးပြုနည်းဖြစ်ပါတယ်..

၁) iDevice ကို PC နှင့် ချိပ်ဆက်လိုက်ပြီး "iFunBox" ကို Run ပါ။

၂) မိမိ Device ကို detect သိပါက ပုံတွင်ပြထားသည့်အတိုင်း (Quick Toolbox) tab ကို ရွေးလိုက်ပါ။


၃) ထို့ နောက် "SSH Terminal" ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း Box တစ်ခုတက်လာပါက အနီနှင့် ပြထားသော နေရာတွင် " rat " ဟုရိုက်ပါ။


၎) နောက်ဆုံးမှာ (Option 1) " 1 " ဟုရိုက်ပါ (Apple Logo မှာ တစ်နေသူများအတွက်)

အခြား Option များကိုတော့ လိုအပ်သလို ရွေးချယ်ပါ။ Fully Restore လုပ်လိုလျှင် (Option 12) " 12 " ဟုရိုက်ပါ။

၅) ပြီးလျှင် "Enter" နှိပ်ပါ။

၆) " Y " ဟုရိုက်ပါ။

ဒါဆိုရင် လုပ်ငန်းစဉ်အားလုံးကို အလိုလို လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပြဿနာအားလုံး ပြေလည်းသွားပါလိမ့်မည်။

** မှတ်ချက်။ ။ Restore လုပ်ပါက မိမိ Device တွင်းရှိ Data များအားလုံး ပျက်သွားမည်ကို သတိရှိပါ။ **




Credit to : iLEX R.A.T.


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

ကြော်ငြာ Banner များကို "Click" လုပ်ပေးခြင်းဖြင့် မေတ္တာတုံ့ ပြန် အသိအမှတ် ပြုနိုင်ပါတယ်

မိုးသိကြား

Continue Reading....

Tuesday, April 9, 2013

iOS 6.1.3 နှင့် အထက် iOS များကို Update လုပ်ရန် စဉ်းစားပါ

iOS 6.1.3 ထွက်လာတာ နှစ်ပတ်နီးပါးမျှ ကြာမြင့်လာခဲ့ပေမယ့် ယခုအချိန်ထိတော့ Jailbreak မလုပ်နိုင်သေးပါဘူး၊ အဲဒီ အခြေနေကို အခွင့်ကောင်းယူလျှက် iOS 6 တုန်းကလိုပဲ iOS 6.1.3 ကို Jailbreak လုပ်နိုင်ပြီ ဆိုတဲ့ Fake Jailbreak တွေ Online ပေါ်မှာ ပျံ့ နှံ့ လျှက် ရှိနေပါတယ်။

"evasi0n" ဟာ ဆက်တိုက်နီးပါး Apple က update လုပ်ခဲ့တဲ့ iOS နှစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး iDevice သန်းနှစ်ဆယ်နီးပါး Jailbreak လုပ်နိုင်ခဲ့ပါတယ်၊ သို့ ပေမယ့် iOS 6.1.3 အတွက် Jailbreak ကို ထုတ်ပေးမယ့် အလားအလာကို ခုချိန်ထိ မတွေ့ မြင်ရသေးပါဘူး...

"evad3rs" အဖွဲ့ ဝင် တစ်ဦးဖြစ်သူ "pod2g" က
"iOS 6.1.3 Jailbreak အတွက် အလုပ်မလုပ်တော့ပါဘူး၊ Apple အသေးအဖွဲ update လုပ်တာတွေနောက် အားစိုက်လိုက်ရတာ မတန်တော့လို့  နောက်ထပ် ထွက်လာမယ့် major iOS အတွက်သာ စောင့်မျှော်နေပါတယ်" လို့  သူ့ ရဲ့  Twitter မှာ ပြောကြားသွားခဲ့ပါတယ်။


"pod2g" ဆိုလိုတဲ့ "major iOS" ဟာ "iOS 7" ဖြစ်နိုင်ဖွယ်ရှိပြီး Apple ကလည်း ပြုလုပ်နေကျ သူရဲ့  "WWDC event" မှာ "iOS 7" ကို ပွဲထုတ်နိုင်ဖို့  မျှော်လင့်ထားပါတယ်။ "WWDC event" ကလည်း ထုံစံအတိုင်း ဇွန်လ အလယ်လောက်မှာ ဖြစ်မှာမို့  နောက်ထပ် နှစ်လနီးပါးလောက် စောင့်စားရဦးမှာဖြစ်ပါတယ်။

ဒီတော့ Jailbreaker များ အနေနဲ့  Apple ရဲ့  iOS update တိုင်းကို ခြေမြန်လက်မြန် update မလုပ်မိဖို့ ကို အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုလက်ရှိ iOS 6.x ကို Jailbreak ဖြစ်ထားသူများလည်း မိမိ iOS ကို မပျောက်ပျက်သွားအောင် ကာကွယ်ထားဖို့ လည်းလိုအပ်ပါတယ်..

သင်၏ iOS ကို ဘယ်လို ကာကွယ်ထိန်းသိမ်းကြမလဲ...?




Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Monday, March 11, 2013

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?

iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။


နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...

iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို



iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb



Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Tuesday, February 5, 2013

iOS 6.x ကို Untether Jailbreak ပြုလုပ်ခြင်း

iOS 6.x အတွက် Untether Jailbreak ပြုလုပ်နိုင်သည့် "evasi0n" ကို ဖေဖော်ဝါရီ ၅ ရက်နေ့  ညဦးပိုင်းက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်ပါတယ်။

Jailbreak ဖန်တီးသော အဖွဲ့  "evad3rs" က ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပေးနိုင်မည်ဟု ကြေငြာထားခဲ့သော်လည်း Final Testing အချောသတ် ပြုလုပ်မှုများကြောင့် ယနေ့ မှ ထွက်ရှိလာခဲ့နိုင်တာဖြစ်ပါတယ်..

** Jailbreak မပြုလုပ်မီ ပြင်ဆင် သတိပြုရမည့် အချက်များ **

  • Device သည် iOS 6.1 update လုပ်ထားပြီးသား ဖြစ်ရပါမည်။
  • မိမိ၏ iOS device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။
  • "evasi0n" ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။
  • Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်၊ Jailbreak လုပ်နေစဉ်တွင် computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။


>> Download Evasi0n (Windows, Mac OS X, Linux)

လုပ်ငန်းစဉ်

အဆင့် ၁)
ပထမဦးစွာ မိမိ၏ iOS Device ကို PC နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။


အဆင့် ၂)
Backup လုပ်ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ (device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)

အဆင့် ၃)
အထက်တွင် Download ရယူခဲ့သော "evasi0n.exe" ကို Run ပါ။

အဆင့် ၄)
"Jailbreak" button ကိုနှိပ်ပါ။ (Jailbreak လုပ်နေစဉ်အတွင်း မည်သည့် program မှ အသုံးမပြုပါနှင့်)


အဆင့် ၅)
အောက်ပါပုံအတိုင်း Jailbreak ပြုလုပ်နေသည်ကို တွေ့ ရပါမည်။


- Jailbreak လုပ်နေစဉ်အတွင်း Device သည် အလိုလျှောက် reboot လုပ်ပါလိမ့်မည်
- passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ passcode ကို ရိုက်သွင်းပါ။



အဆင့် ၆)
ဤအဆင့်တွင် ပုံပါအတိုင်း "Jailbreak" icon ကို နှိပ်ရန် ညွှန်ကြားလာပါလိမ့်မည်။


ထိုအခါ သင့် Device ၏ Home screen တွင် "evasi0n" icon လေးကို အောက်ပါပုံအတိုင်း တွေ့ ရပါလိမ့်မည်။ နှိပ်ပေးလိုက်ပါ။


အဆင့် ၇)
ဆက်လက်၍ "Injecting" အလိုလျှောက် လုပ်နေပါမည်။


အဆင့် ၈)
နောက်ဆုံးတွင် သင့် Device Reboot ပြန်လုပ်နေပါမည်။ Program တွင် Jailbreak Complete! ကို တွေရပါမည် "Exit" နှိပ်ပေးလိုက်ပါ။


Device ပြန်တက်လာပါက Home screen တွင် စောစောက "evasi0n" icon လေးနေရာတွင် "Cydia" icon လေးပြောင်းသွားသည်ကို တွေ့ မြင်ရပါမည်။


အခုဆိုရင် သင့် Device iOS6.1 ကို Untethered Jailbreak အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ...
အားလုံးပဲ iOS 6.1 အတွက် Jailbreak ကို စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်....

**UPDATE**
Appsync iOS 6 အတွက် Cydia Source "http://cydia.myrepospace.com/Bl00dra1n/" (ဘီအယ်(လ်)သုညသုည) ဖြစ်ပါတယ်...


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....