Showing posts with label JB 5s. Show all posts
Showing posts with label JB 5s. Show all posts

Friday, October 24, 2014

iOS 8+ Jailbreak and Install CYDIA

iOS 8 နှင့် 8.1 တင်ထားသူများအတွက် Jailbreak ကို Pangu မှ ထုတ်ပေးလိုက်ပါပြီ၊ ပထမဆုံး ထွက်လာတဲ့ version 1.0.0 မှာ Jailbreak သာ လုပ်နိုင်သော်လည်း Cydia ပါမလာသေးတဲ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီနေ့တော့ Pangu version 1.0.0 ကို ပြန်လည် ရုပ်သိမ်းသွားခဲ့ပြီး Cydia ကို install လုပ်နိုင်မယ့် version 1.0.1 ကို ထပ်မံ ထုတ်ပေးလိုက်ပါတယ်၊ ယခုအချိန်ထိတော့ Windows အတွက်သာ ရရှိသေးပြီး Mac အတွက်တော့ မကြာမီ ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..

iOS 8 & 8.1 အတွက် Pangu Jailbreak ဟာ Untether jailbreak အမျိုးအစားဖြစ်ပြီး Jailbreak လုပ်ပြီးသွားတဲ့အခါမှ Cydia ကို သီးသန့် ထပ်မံသွင်းယူရမှာ ဖြစ်ပါတယ်။
iOS 8 & 8.1 သွင်းယူထားသော အောက်ပါ iDevice များအတွက် Jailbreak ပြုလုပ်နိုင်ပါတယ်။
  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5, iPhone 4S
  • iPad Air, iPad 4, iPad 3, iPad 2
  • iPad mini, Retina iPad mini
  • iPod touch 5G


**Jailbreak အတွက် လိုက်နာ ပြင်ဆင်ရန်**

- Jailbreak မပြုလုပ်မီ iDevice ၏ passcode ကို အရင်ဖြုတ်ပေးထားပါ။ (Settings -> General -> Passcode Lock On -> Turn Passcode Off)

- Pangu jailbreak သည် iOS 8/8.1 ကို OTA update (Over-The-Air) Device မှ တိုက်ရိုက် update လုပ်ထားခဲ့ပါက မအောင်မြင်နိုင်သည့်အတွက်၊ Device ကို iTunes နှင့် ချိပ်ဆက်ကာ iOS 8.1 ကို ကျကျနန update လုပ်ထားဖို့ လိုပါမည်။

- မိမိရဲ့ Data များကို iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။

- iTunes version သည် latest version ဖြစ်ထားရပါမည်။

အထက်ပါအချက်လက်များ ပြည့်စုံသွားပြီ ဆိုပါက စတင်နိုင်ပါပြီ..


>> Download Pangu Jailbreak for iOS 8 & 8.1 (Windows)

လုပ်ငန်းစဉ်

၁) Download လုပ်ခဲ့သော Pangu exe file ကို Right click ခေါက်ပြီး "Run as Administrator" ရွေးပြီး ဖွင့်ပါ။

၂) Program တက်လာသည့်အခါ ဘယ်ဖက်နားရှိ "PP" ဟု ဖော်ပြထားသည့် Box ကို အမှန်ခြစ်ဖြုတ် (uncheck) လုပ်ကာ အပြာရောင် "Jailbreak" button ကို နှိပ်ပါ။


၃) ယခုအခါ Jailbreak လုပ်နေသည်ကို မြင်နေရပါပြီ။ ကြားထဲတွင် အမှတ်အသားပြထားသောနေရာ အပြာရောင် ပေါ်လာပါက တစ်ချက်နှိပ်ပေးရန် လိုအပ်ပါသည်။


၎) Device တွင် Restore လုပ်နေသည့် ပုံစံမျိုး မြင်တွေ့နေရပြီး jailbreak လုပ်နေစဉ် device သည် မကြာခဏ အလိုလျှောက် Reboot လုပ်နေပါမည်။ Jailbreak လုပ်ငန်းစဉ် တစ်ခုလုံးအတွက် အချိန် ၅-၁၀ မိနစ်ခန့် ကြာမြင့်ပါလိမ့်မည်။

၅) Jailbreak လုပ်ငန်းစဉ် ပြီးဆုံးသွားသည့်အခါ Device တွင် Pangu App ကို တွေ့ရပါလိမ့်မည်၊ ဒါဟာ Jailbreak ဖြစ်သွားပြီဆိုတဲ့ အမှတ် သင်္ကေတပါ။



ဲJailbreak ပြုလုပ်ခြင်း အဆင့်များ အောင်မြင်စွာ ပြီးဆုံးပါပြီ...
Cydia ကို ဆက်လက် သွင်းယူကြပါဦးစို့...

Insatll OpenSSH

၁) Cydia ကို install လုပ်နိုင်ရန် ပထမဦးစွာ Home screen ရှိ Pangu App ကို ဖွင့်လိုက်ပြီး "OpenSSH" ကို နှိပ်ပါ။


၂) ထို့နောက် Install လုပ်ပါ။



Cydia အတွက် မရှိမဖြစ် လိုအပ်သော .deb file နှစ်ခုကို အောက်တွင် Download လုပ်ထားပါ။

>> cydia-lproj_1.1.12_iphoneos-arm.deb
>> cydia_1.1.13_iphoneos-arm.deb

**Cydia သွင်းယူရန် လိုအပ်ချက်များ**

မိမိ Device နှင့် Computer နှစ်ခုစလုံးသည် တူညီသော Same Wi-Fi connection တွင် ချိပ်ဆက်ထားရမည်။
WinSCP software သွင်းယူထားရန် လိုအပ်သည်။ မရှိပါက..

>> Download WinSCP


**Cydia ကို သွင်းယူခြင်း လုပ်ငန်းစဉ်**

၁) iPhone, iPad.. ၏ Settings -> Wi-Fi သို့သွားကာ "i" ကို နှိပ်ပြီး IP Address ကို မှတ်သားပါ။



၂) Computer တွင် WinSCP ကို Run ပါ။

၃) Host name တွင် မှတ်ထားခဲ့သော IP Address ကို ဖြည့်ပါ။ User name တွင် root ဖြစ်ပြီး Password တွင် alpine ဟု ရိုက်သွင်းပြီး Login နှိပ်ပါ။


၎) ချိပ်ဆက်သွားပြီး အောက်ပါပုံအတိုင်း browser တက်လာပါက၊ ဘယ်ဖက်အခြမ်းတွင် .deb file သိမ်းထားသော path ကိုရှာပြီးထားပါ။
ညာဖက်တွင် root folder လမ်းကြောင်းကို ဝင်ထားပါ။


၅) ထို့နောက် ဘယ်ဖက်က .deb file နှစ်ခုလုံးကို ရွေးပြီး ညာဖက်အခြမ်းထဲသို့ Drag & drop ဆွဲထည့်လိုက်ပါ။ (password တောင်းလာပါက alpine)


၆) ကီးဘုတ်က Ctrl + T ကိုနှိပ်ပါက ပုံပါအတိုင်း command box တက်လာပါမည်။


၇) Enter command: line ထဲတွင် အောက်ပါ စာကြောင်းကို ကူးယူ၍ တစ်ခါ Enter ခေါက်ပါ။
dpkg -i cydia-lproj_1.1.12_iphoneos-arm.deb cydia_1.1.13_iphoneos-arm.deb


၈) iDevice ကို Reboot/Restart လုပ်ပါ

၉) Device ပြန်တက်လာသောအခါ Cydia icon ကို Home screen တွင် မြင်ရပါလိမ့်မည်။




**UPDATE**

အထက်ပါနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သေည်လည်း "Cydia" လုံးဝ မရရှိသူများ အောက်ပါနည်းလမ်းဖြင့် ကြိုးစားနိုင်ပါသည်။

၁) Cydia သွင်းယူခြင်း လုပ်ငန်းစဉ် အမှတ် (၁) မှ (၄) ထိ ပြန်လည်ဆောင်ရွက်ပါ။

၂) "Media" folder ကို ဖွင့်လိုက်ပါ။

၃) "Media" folder ထဲတွင် Folder အသစ်တစ်ခု ဖွဲ့လိုက်ပြီး "Cydia" ဟု အမည်ပေးပါ။

၎) "Cydia" folder ထဲသို့ ထပ်ဝင်၍ Folder အသစ်တစ်ခု ဖွဲ့လိုက်ပြီး "AutoInstall" ဟု အမည်ပေးပါ။

၅) ထို့နောက် ညာဖက်ရှိ (.deb) file နှစ်ခုလုံးကို Drag & Drop နှင့် "AutoInstall" folder ထဲသို့ ဆွဲထည့်လိုက်ပါ။

၆) WinSCP ကို လုံးဝ ပိတ်လိုက်ပါ။

၇) Device ၏ Power+Home button ကို တွဲလျက် နှိပ်ထားပါ။ ပိတ်သွားပြီး Apple Logo တက်လာမှ နှစ်ခုလုံးကို လွှတ်ပေးလိုက်ပါ။

၈) Cydia ကို မြင်တွေ့ရပါပြီ (အကယ်၍ မတွေ့ရသေးပါက အဆင့်(၇) ကို ထပ်မံ ဆောင်ရွက်ပါ။

ယခုဆိုရင် iOS 8 - 8.1 ကို Jailbreak လုပ်ပြီး Cydia ထည့်သွင်းခြင်း လုပ်ငန်း ပြီးမြောက်သွားပါပြီ... ဒါပေမယ့် "Cydia" ကို (လုံးဝ) (လုံးဝ) မဖွင့်သေးပဲ အောက်က Bootloop ပြဿနာဖြေရှင်းနည်းကို ဆက်ကြပါဦးစို့...

>> Fixed Cydia Bootloop in iOS 8+

အားလုံး ချောမွေ့ကြပါစေ..


>> iOS 8+ နှင့် အဆင်ပြေမည့် Tweaks များ



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Tuesday, June 24, 2014

iOS 7.1.1 Untether Jailbreak

iOS 7.1 နှင့် အထက်များအတွက် Untether နည်းနဲ့ Jailbreak လုပ်နိုင်မယ့် Tool ကို 'Pangu Team' လို့ အမည်ရတဲ့ တရုပ် ဟက်ကာများ အဖွဲက ထုတ်ပေးလိုက်ပါပြီ..

Hacking သင်တန်းများကိုပဲ ပို့ချပေးပြီး Jailbreak tool မထုတ်ပေးတော့ဘူးလို့ ကြောငြာထားတဲ့ hacker တစ်ဦးဖြစ်သူ 'i0n1c' က "Pangu team အနေနဲ့ အားနည်းချက်များစွာ ရှိနေသေးတဲ့ Jailbraek ကို အများအတွက် ထုတ်ပေးလိုက်ပေမယ့် ဒါဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး" လို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားပါတယ်..

Jailbreak လုပ်နိုင်ရင်တောင် မိမိ device အတွက် လုံခြုံရေးဆိုင်ရာ အန္တရာယ် ရှိလာနိုင်တဲ့အတွက် Safe ဖြစ်တာ သေချာမှ လုပ်ဆောင်ဖို့ သတိပြုရပါလိမ့်မယ်။

သို့ပေမယ့် 'sn0wbreeze' ကို တီထွင်သော 'iHSn0w' အဖွဲ့ကတော့ "Pangu" မှာ spyware မရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်..

ထို့ကြောင့် Jailbreak ရပြီ ဆိုသော်ငြားလည်း သတိထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်လိုပါတယ်။
ယခု Jailbreak ကို WINDOWS တစ်မျိုးအတွက်သာ ထုတ်ပေးထားပါတယ်..

** Jailbreak မလုပ်မီ ပြင်ဆင်ရန် **

- Passcode ကို ဖြုတ်ထားပါ
- Device က Date ကို "02.June.2014" (သို့) ထိုရက်ထက် စောထားပါ။
- iOS 7.1.1 သန့်သန့် ကိုတင်ထားပါ
- BackUp Phone

>> Download for WINDOWS

Software တွင် တရုပ်လိုသာ ရေးသား ဖော်ပြထားသောကြောင့် အောက်ပါပုံ၏ စာအညွှန်းအတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်ပါ...


Video Tutorial



Good Luck & Enjoy Jailbreaking !





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား Side bar တွင် "Donate" လုပ်ခြင်းဖြင့် မေတ္တာတုံပြန်နိုင်ပါသည်...

မိုးသိကြား

Continue Reading....

Monday, February 24, 2014

iOS 7.0.6 Update without Restore (Fix Bug)

Apple က iOS 6.1.6 နှင့် iOS 7.0.6 ကို ပြီးခဲ့တဲ့ သောကြာနေ့ (21.02.2014) က Update ပေးခဲ့ပါတယ်...

ယခုထုတ်ပေးလိုက်တဲ့ iOS 7.0.6 update ဟာ အကြီးအကျယ် ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ Apple ရဲ့ SSL/TLS library HTTPS session မှာ အသုံးပြုသူတွေရဲ့ Data အချက်လက်များကို Hacker တွေ ကြားဖြတ်ယူနိုင်တဲ့ error တစ်ခုကို ပြုပြင်ချင်တာကြောင့် Update အနေနှင့် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

iOS 7.0.6 ကို Update လုပ်ကြဖို့ ထိထိရောက်ရောက် တိုက်တွန်းချင်ပါတယ်...

Jailbreak မလုပ်ထားသူများ အနေနှင့်တော့ iOS update လုပ်လိုက်ရင် အဆင်ပြေနိုင်သော်လည်း Jailbreaker များကတော့ iOS update လုပ်ပြီး၊ နောက်ထပ်တစ်ခါ Jailbreak ပြန်လုပ် မိမိအသုံးပြုလိုတဲ့ Tweaks တွေ App တို့ကို အစ/ဆုံး ပြန်လည် တစ်ခုခြင်းသွင်း၊ အခန့်မသင့်ရင် error, crash တို့ကို ကြုံနိုင်ပါသေးတယ်။

ဒါကြောင့် iOS update လုပ်ဖို့ဆိုတာ ဝန်လေးနေပါလိမ့်မယ်၊ တစ်ဖက်ကလည်း Error ရှိနေလို့ Update ပေးတယ်ဆိုတော့ ဘာလုပ်ရမှန်းမသိ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...
ဘာမှ စိုးရိမ်စိတ် မဖြစ်ပါနဲ့ iOS 7.0.6 ကို Update မလုပ်သော်ငြားလည်း iOS 7.0.6 တွင် error ကို ပြုပြင်လိုက်သည့်အတိုင်း iOS 7.0.5 device မှာ Fix လုပ်ပေးနိုင်မယ့် Tweak တစ်ခုကို Cydia Developer များက ထုတ်ပေးလိုက်ပါပြီ။


iOS 7.0.5 နှင့် အနိမ့်တွင် ဖြစ်ပေါ်နေသော SSL security bug ကို ပြုပြင်ပေးမယ့် Jailbreak tweak အဖြစ် "SSLPatch" ကို Cydia Developer ဖြစ်သူ Ryan Petrih က ထုတ်ပေးလိုက်ပါပြီ..


**"SSLPatch" ကို သွင်းယူခြင်း**
iOS 7.0 မှ iOS 7.0.5 Jailbreaker များအားလုံး လိုက်လံ သွင်းယူပါ
  • Cydia -> Sources -> Edit -> Add တွင် " http://repo.insanelyi.com/ " ကို ထည့်သွင်းပါ။ (BigBoss တွင်လည်း ရနိုင်ပါသည်)
  • ထို့နောက် "SSLPatch" ကို ရှာဖွေ၍ သွင်းယူခြင်းဖြင့် iOS 7.0.6 ကို Update လုပ်ရန် မလိုအပ်တော့ပေ...

သွင်းယူလိုက်သော Patch သည် အမှန်တစ်ကယ် Error ကို Fix လုပ်နိုင် မလုပ်နိုင်ကို လက်တွေ့ သိနိုင်ရန် Mobile Safari Browser မှနေ၍ "gotofail.com" သို့ ဝင်ရောက်ပါ။
အောက်ပါအတိုင်း Safe message ပေါ်လာပါက အမှန်တစ်ကယ် အလုပ်လုပ်ကြောင်း တွေ့ရပါလိမ့်မည်..


iOS 7.0.6 ကို အမှန်တစ်ကယ် Update လုပ်ရန် မလိုပဲ၊ Jailbreak မပျက်ပဲ iOS 7.0.6 အတိုင်း စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ကြပါပြီ..



Credit to : iPhone Hack

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Must INSTALL!! After iOS 7+ Jailbreak

iOS 7+ ကို Jailbreak လုပ်ပြီးနောက်တွင် အခြေခံအားဖြင့် မဖြစ်မနေ ဆက်လက်သွင်းယူရမည့် sources နှင့် App များကို ဖော်ပြပေးလိုက်ပါတယ်...

အဆိုပါ App များကို သွင်းယူထားမှသာလျှင် Jailbreak လုပ်ခြင်း၏ အနှစ်အရသာကို အပြည့်အဝရရှိနိုင်မှာ ဖြစ်ပြီး ထပ်မံ၍ မိမိစိတ်ကြိုက် သွင်းယူလိုသော Tweaks များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အဆင်သင့် ဖြစ်နေပါလိမ့်မည်....

afc2Add
iOS 7+ တွင် Jailbreak လုပ်ပြီးသော်လည်း third-party software များဖြစ်ကြသော iTools, iFunBox, iExplorer အစရှိသော software များနှင့် ချိပ်ဆက်သော အခါတွင် Jailbreak မဖြစ်သေးပါဟု ပြသနေပြီး "Cydia App Install" မပေါ်တာမျိုး ဖြစ်ပါလိမ့်မည်။

Cydia -> Search တွင် "afc2Add" ဟု ရိုက်ရှာပြီး Install လုပ်ပါ။

Appsync for iOS 7.0+
Cracked App များကို မိမိ၏ Jailbreak device တွင် သွင်းယူ အသုံးပြုနိုင်ရန်နှင့် iTunes တွင်ထည့်သွင်းပြီး အဆင်ပြေပြေ Sync လုပ်ရန်နိုင်ရန် သွင်းထားရပါလိမ့်မည်။

Manage -> Sources -> Edit -> Add ( http://cydia.appaddict.org ) သွင်းယူပြီး "Appsync for iOS 7.0+" ကို Install လုပ်ပါ။

LocalIAPStore
App များ Games များအတွင်းတွင် ဆက်လက်ဝယ်ယူရသော In App Purchase တော်တော်များများကို ပိုက်ဆံမကုန်ပဲ ဝယ်ယူလိုသည့်အခါတွင် အသုံးဝင်ပါလိမ့်မည်။

Manage -> Sources -> Edit -> Add ( http://system.in-appstore.com/repo/ ) သွင်းယူပြီး "LocalIAPStore" ကို Install လုပ်ပါ။

>> မြန်မာဖောင့် သွင်းယူနည်း




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Sunday, February 23, 2014

iOS 7 to 7.0.6 Untethered Jailbreak for All

21/02/2014 : iOS 7.0.6 ကို Apple က Update လုပ်ပေးလိုက်ပြန်ပါပြီ...
တစ်ချိန်ထဲမှာပဲ Evasi0n အဖွဲ့ကလည်း iOS 7.0.6 ကို Jailbreak လုပ်နိုင်မယ့် evasi0n v1.0.6 ကို (Win,Mac) နှစ်မျိုးစလုံးအတွက် update ထုတ်ပေးလိုက်ပါတယ်..

06/02/2014 : iOS 7 ထွက်ခဲ့သော အချိန်ကတည်းက ယခု iOS 7.0.5 ရောက်လာသည်ထိ လပေါင်းများစွာ စောင့်စားခဲ့ရသော iOS 7+ အတွက် Untethered Jailbreak ကို evasi0n အဖွဲ့မှ ထပ်မံ၍ version 1.0.5 ကို ထုတ်ပေးလိုက်ပါပြီ။

evasi0n ရဲ့ Jailbreak Tool က iOS 6+ တုန်းကလိုပဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးစီးသွားနိုင်မယ့် အလွယ်ဆုံးသော Jailbreak နည်းလမ်းဖြစ်ပါတယ်။ ယခု evasi0n Jailbreak Tool နှင့် iOS 7 ကစလို့ iOS 7.0.5 တွင်သာမက Apple က Developer များအတွက် စမ်းသပ်နိုင်ရန် ထုတ်ပေးထားသော iOS 7.1 Beta 1,2 versions များကိုလည်း Untethered နည်းနဲ့ Jailbreak လုပ်ပေးနိုင်ပါပြီ...


  • evasi0n သည် iOS 7 နှင့်အထက် သွင်းထားသော iPhone, iPod touch, iPad and iPad mini များ အားလုံးတို့အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ပါလိမ့်မည်။
  • evasi0n ကို အသုံးပြုရန် Windows အတွက် (XP အနိမ့်ဆုံး) နှင့် Mac အတွက် (OSX 10.5/10.6/10.7/10.8) ရှိရန် လိုအပ်ပါသည်။

>> Download evasi0n v1.0.6 (Mac)
>> Download evasi0n v1.0.6 (Windows)
>> Download evasi0n v1.0.5 (Mac)
>> Download evasi0n v1.0.5 (Windows)
>> Evasi0n နှင့် Jailbreak ပြုလုပ်နည်း

** Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း လုပ်ဆောင်ရန် **

ယခုဆိုလျှင် Cydia ကလည်း iOS 7+ အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ iOS 7+ မှာ Cydia က "Mobile Substrate" ကို "Cydia Substrate" အဖြစ် ပြောင်းလဲခေါ်ဝေါ် သုံးစွဲထားပါတယ်။ Tweaks တော်တော်များများက iOS 7+ အတွက် Update လုပ်လာကြပေမယ့် အချို့ Tweaks များကတော့ ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ဒါကြောင့် Tweaks များကို သတိပြု၍ သွင်းယူကြပါ။

>> Must INSTALL!! After iOS 7+ Jailbreak

>> ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

တစ်ဆက်ထဲမှာပဲ မြန်မာစာ နှင့် ကီးဘုတ်ကိုလည်း အဆင်ပြေပြေ သွင်းယူသုံးစွဲနိုင်ပါပြီ...

>> iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

Cydia အတွက် Error များ၊ Application Crash များဖြစ်ပေါ်ခဲ့ပါက အောက်ပါလင့်ခ်များတွင် ဖတ်ရှု၍ ဖြေရှင်းနိုင်ပါသည်...

>> Cydia Errors များနှင့် ဖြေရှင်းနည်း
>> Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း
>> Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း


Credit to : evasi0n


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....

Wednesday, February 12, 2014

How to Bypass iOS 7+ Activation for All iDevices

တစ်ဆင့်ပြန်လည် ဝယ်ယူထားသော iPhone, iPad တို့ကို iOS 7 နှင့် အထက် Update လုပ်ကြသောအခါ များသောအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာကြီး တစ်ရပ်ကတော့ Activation အဆင့်ကို မကျော်နိုင်တော့ပဲ မူလပိုင်ရှင်၏ Apple ID မှာတင် လမ်းဆုံးနေကြရတတ်ပါတယ်။
အနိမ့် iOS မျာကိုလည်း ပြန်ဆင်း၍ မရတော့သည့်အခါမှာ မိမိရဲ့ iDevice မှာ အရုပ်တစ်ရုပ်သဖွယ် ဖြစ်နေပြီး အကြံကုန် စိတ်ပျက်နေကြသူများအတွက် ကောက်ရိုးတစ်မျှင် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..

ကျွန်တော်သည် mobile ပြုပြင်သူတစ်ဦး မဟုတ်ပဲ Apple ချစ်သူများ၏ အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးနေသော Bolgger တစ်ဦး ဖြစ်သည့်အားလျှော်စွာ ယခုနည်းလမ်းကို လက်တွေ့ စမ်းသပ်ရန် Device အခက်အခဲကြောင့် တစ်ဆင့်ခြင်း ပိုမို ရှင်းလင်း နားလည်အောင် screen shot များနှင့်တစ်ကွ ပြန်လည်ရေးသားဖို့ အခက်အခဲရှိနေပါတယ်...

သို့ဖြစ်ပါ၍ မူရင်း Video Tutorial လေး အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။



**အရေးကြီး မှတ်ချက်**
ဖော်ပြပါ နည်းလမ်းသည် အမှန်တစ်ကယ် Apple ID ကို ဖယ်ရှားပေးသော နည်းလမ်း မဟုတ်ပဲ အသုံးပြုနိုင်ရုံ Bypass လုပ်သည့် နည်းဖြစ်ပါသည်။
အခြားသူ၏ Apple ID ကို မိမိ device မှ အပြီးတိုင် ဖယ်ရှားပြီး မိမိ၏ Apple ID နှင့် ပြန်လည် အသုံးပြုနိုင်ရန် Bypass ဖြစ်သွားပြီးနောက် FaceTime App မှာ မြင်ရသော email သို့ အမြန်ဆုံး ဆက်သွယ်၍ အောက်ပါနည်းအတိုင်း iCloud account မှ ဖယ်ရှားပေးရန် မေတ္တာရပ်ခံပါ...

>> Apple ID အား iCloud မှ ဖယ်ရှားနည်း


Credit to : YouTube


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Sunday, October 13, 2013

iPhone 5s တွင် Blue screen error တက်နေ..

iPhone 5s တွင် Windows ကွန်ပျူတာမျာတွင် ဖြစ်တတ်သော Blue screen error ပေါ်လာပြီး iDevice ကို forced reboot လုပ်တာကို သုံးစွဲသူအချို့ ကြုံတွေနေရကြောင်း သတင်းပေးပို့ထားပါတယ်။


အပြာရောင်မျက်နှာပြင် Blue Screen Of Death (BSOD) ဟာ iPhone 5s တစ်မျိုးထဲမှာ ဖြစ်နေပြီး၊ Apple ရဲ့ နောက်ဆုံးထုတ် မော်ဒယ်များမှာ Free ထည့်သွင်းပေးထားတဲ့ "iWork" App ထဲက Apps တွေအချင်းချင်း အပြန်အလှန် အကူးအပြောင်း (Multitasking) လုပ်နေတဲ့ အချိန်များမှာ မကြာခဏဆိုသလို blue screen ပေါ်လာပြီး အလိုလျှောက် reboot ဖြစ်နေတတ်တယ်လို့ သတိပြုမိသူတွေက Apple ကို report လုပ်ထားပါတယ်။

Apple က iOS 7.0.2 ကို Lock screen security bugs တွေက် ပြန်လည်ပြုပြင်ပြီး ထုတ်ပေးထားပေမယ့် reboot ဖြစ်နေတဲ့ပြဿနာ အတွက်တော့ မပါသေးပါဘူး။ လောလောဆယ် Blue screen error က သက်သာစေဖို့အတွက် ဆိုရင် Pages, Keynote နှင့် Numbers Apps တွေကို iCloud နဲ့ Sync လုပ်တာကို ပိတ်ထားဖို့ အကြံပြုထားပါတယ်။




Credit to : iC


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

Continue Reading....