Saturday, October 22, 2011

Downgrade iTunes version For Any Reasons

iOS 5 ကို iTunes မှတစ်ဆင့် update လုပ်ပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် iOS 4.3.xx ကို Downgrade ပြန်ဆင်းချင်ကြသူများ နှင့် အခြား အကြောင်းများကြောင့် iTunes ကို Downgrade ဆင်းချင်ကြသူများ အတွက် လမ်းညွှန်ပါတယ်။

ဒီတစ်ခါတော့ iOS 5 ကနေ downgrade ဆင်းဖို့ ဆိုရင်၊ အရင်လို Firmware တစ်ခုထဲ သီးသန့်  တန်းပြီးဆင်းလို့  မရတော့ပါဘူး။ ပထမဦးဆုံး iTunes ကို Downgrade အရင် ဆင်းရပါလိမ့်မယ်။ မိမိရဲ့  iTunes version ကို စစ်ဆေးဖို့  ဆိုရင်တော့....

ပထမဦးစွာ iTunes ကိုဖွင့်ပြီး Help ကိုသွားပါ။ About iTunes ကို click နှိပ်ပေးလိုက်ပါ။



Pop up window ပေါ်လာပြီး iTunes ရဲ့  version ကို Scroll Text နဲ့ ပြသပေးပါလိမ့်မည်။


ကျွန်တော်ကတော့ Windows user ဖြစ်လို့  iTunes downgrade ဆင်းနည်းကို Windows အခြေပြုပြီး တင်ပြလိုက်ပါတယ်။
ှScreen Shot ပုံများမှာ Mac OS X Theme ပြောင်းထားလို့  Mac ဒီဇိုင်းဖြစ်နေပေမယ့် Windows ပါ။
လုပ်ငန်း မစမီ လိုအပ်တဲ့ iTunes version ကို Download ဦးစွာလုပ်ကြပါစို့ ...

>> Download iTunes 10.3.55 (Win 64 bit)
>> Download iTunes 10.3.55 (Win 32 bit)
>> CCleaner

အဆင့် (၁)
မိမိ Windows အလိုက် သက်ဆိုင်ရာ iTunes ကို Download အရင် ရယူပါ။

အဆင့် (၂)
မိမိ PC ထဲရှိ C:\Users\[your name]\My Music လမ်းကြောင်းမှ " My Music " folder ကို အခြားသင့်လျှော် လုံခြုံသော နေရာတွင် Copy ထပ်မံပွားယူထားပါ။


အဆင့် (၃)
Stat Menu -> Control panel -> Programs and Features (Add and Remove) ထဲကိုဝင်ပြီး လက်ရှိ PC ထဲမှ iTunes ကို အောက်ပါ အဆင့်များ အတိုင်း Remove လုပ်ပါ။
1. Apple Application Support
2. Apple Mobile Device Support
3. Apple Software Update
4. iTunes

အဆင့် (၄)
အဆင့်လိုက် အားလုံးကို Uninstall လုပ်ပြီးပါက CC Cleaner ကိုသုံးပြီး PC ကိုရှင်းလင်းပေးပါ။

အဆင့် (၅)
PC ကို Restart ချပါ။

ယခုအဆင့်တွင် iTunes ကို လှည့်ကွက် အနည်းငယ်ဖြင့် ကစားမှာဖြစ်ပါတယ်။ ဒီလို ကစားမှသာလျှင် iTunes ကို Downgrade ချလို့ ရပေမည်၊ နို့ ပါက iTunes version အမြင့်ကို တင်ထားဖူးခဲ့၍ အနိမ့်သို့  ပေးဆင်းလိမ့်မည် မဟုတ်ပါ။

အဆင့် (၆)
C:\Users\[your name]\My Music -> iTunes -> iTunes Library.itl ကိုတွေ့ ပါလိမ့်မည်။ တွေ့ ပါက
iTunes Library.itl ကို iTunes Library.itl.old ဟု အမည်ပြောင်းပေးလိုက်ပါ။


အဆင့် (၇)
အထက်ပါ လမ်းကြောင်းထဲမှာပင် ရှိသော "Privious iTunes Libraries" folder ကိုဖွင့်ပါ။


အတွင်းမှာ iTunes Library 2011-0 အစရှိသော ရက်စွဲများနှင့် File အချို့ ကို တွေ့ ရပါမည်။


နှစ်သက်ရာ File တစ်ခုခုကိုရွေးပြီး Copy လုပ်ပါ။


ပြီးရင်......
C:\Users\[your name]\My Music -> iTunes ထဲသို့  Paste ချပြီး File name ကို iTunes Library.itl အဖြစ်ပြောင်းပေးလိုက်ပါ။

အဆင့် (၈)
အခုဆိုရင် iTunes 10.3.55 ကို ထုံးစံအတိုင်း Install လုပ်နိုင်ပါပြီ။
Install လုပ်ပြီးပါက iOS 5 မှနေ၍ iOS 4.3xx သို့  Downgrade ဆင်းနိုင်ကြပါပြီ။

iTunes ၏ မည်သည့် အနိမ့် version ကိုမဆို ဤအဆင့်များအတိုင်း လုပ်ဆောင်ပြီး အဆင့် (၈) နေရာတွင် နှစ်သက်ရာ version အနိမ့်ကို အစားထိုး Install လုပ်ပါ။

7 comments :

  1. မိုက်တယ်ဗျို့... ကျေးဇူးပါဗျာ...

    ReplyDelete
  2. iTunes တော့ downgrade ဖြစ်သွားတယ် ဒါပေမယ့် ios 5 device လည်းသွယ်လိုက်ရော restore လုပ်ဖို့မပေါ်ဘူး itunes 10.5 ကိုပဲလုပ်ခိုင်းနေတယ် ကျနော်က itunes ကို 10.1 ထိ ချလိုက်တာပါ
    အဲ့ ဒါဘယ်လို restore လုပ်ရမလဲ????????

    ReplyDelete
  3. iTunes version သိပ်နိမ့်သွားလို ့ iOS 5 device ကို iTunes က လက်မခံတော့ပဲ iTunes ကိုသာ Update လုပ်ခိုင်းတာ ဖြစ်နိုင်ပါတယ်...

    ReplyDelete
  4. မရဘူးဗျို့
    iTunes 10.3.1.55 အထိ ပဲနှိမ့်ထားတာပဲ
    iTunes 10.5 ပဲမြှင့်ခိုင်းနေတယ် ကူညီပါဦး

    ReplyDelete
  5. ဟုတ်တေ အကိုရေ iTunes 10.5 ပဲ မြှင့်ခိုင်းနေတေ..ကျွန်တော်လေ့တိုင်ပတ်နေပီ လုပ်ပါအုံးအကိုရေ..

    ReplyDelete
  6. အဲ့တာက Ipad 2အတွက်ရော အဲ့နည်းနဲ့ ဆင်ိးလို့ရလားမသိဘူးဗျ

    ReplyDelete
  7. my iphone4 of weather icon is not working. how can i do it. please !!!

    ReplyDelete