Showing posts with label Errors. Show all posts
Showing posts with label Errors. Show all posts

Saturday, October 25, 2014

Fixed Cydia Bootloop in iOS 8+

iOS 8+ အတွက် Jailbreak သည် ယခုအချိန်တွင် Developer များအတွက် ရည်ရွယ်ထားသည့် version ဖြစ်သည့်အလျောက် သွင်းယူ သုံးစွဲရာတွင် အခက်အခဲလေးများ ရှိနေပါသေးသည်။

Cydia ကလည်း တစ်ဖြည်းဖြည်းခြင်း update ပေးလာသော်လည်း ယခုအထိတော့ ပုံမှန် Jailbreak များကဲ့သို့ စိတ်ကြိုက် ချောမွေ့စွာ အသုံးမပြုနိုင်သေးပါ.. ဖြစ်တတ်သည့် ပြဿနာများထဲတွင် အဆိုးဆုံးမှာ Reboot လုပ်လိုက်သည့်အခါ Apple logo တွင် တစ်နေပြီး ရှေ့မဆက်နိုင်သော ပြဿနာဖြစ်ပြီး အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်..

ယခုပြဿနာကို ဖြေရှင်းနိုင်ရန် Jailbreak စလုပ်စဉ်ကထဲက Cydia ကို သွင်းယူထားပေမယ့် "Cydia" ကို လုံးဝ မဖွင့်ထားဖူး (Setup) မလုပ်ထားရသေးသော အနေအထား ဖြစ်မှသာ အလုပ်လုပ်ပါလိမ့်မယ်။
ဒါကြောင့်မို့ ဤနည်းလမ်းကို အသုံးပြုလိုပါက (Restore, Rejailbreak, Reinstall Cydia) လုပ်ရန် လိုအပ်ပါသည်။

**လုပ်ငန်းစဉ်**

၁) move.sh file ကို ဤနေရာတွင် Download လုပ်ထားပါ။

၂) ထို့နောက် WinSCP နှင့် Cydia သွင်းခဲ့စဉ်ကအတိုင်း Device နှင့် ချိပ်ဆက်ပါ။

၃) ပုံတွင်ပြသထားသည့်အတိုင်း ညာဖက်တွင် "/ " ကို သွားလိုက်ပါ။


၎) ထို့နောက် " /usr/libexec/cydia " လမ်းကြောင်းသို့သွားပါ


၅) "Cydia" ထဲသို့ ဘယ်ဖက်ရှိ 'move.sh' file ကို Drag & drop ဆွဲပြီး REPLACE လုပ်လိုက်ပါ။


၆) Device ကို Reboot လုပ်ပါ။ Cydia ကို (လုံးဝ) မဖွင့်ပါနဲ့ဦး။

၇) Device ပြန်တက်လာတဲ့ အခါကျရင် Cydia ကို စတင် အသုံးပြုနိုင်ပါပြီ။

၈) Touch ID, Find My iPhone, Passcode စတာတွေကို ပြန်လည် "Enable" လုပ်နိုင်ပါပြီ။

ယခုနည်းဖြင့် Bootloop ကို ဖြေရှင်းထားနိုင်ပါပြီ...

မှတ်ချက်။ ။ Cydia ကို အသုံးပြုပြီးသားအတွက် Bootloop ဖြေရှင်းနည်းသည် ပိုမိုရှုပ်ထွေးပြီး System file များကို ပြုပြင်ရမှာ ဖြစ်လို့ အများအတွက် (တစ်ကယ် ပြဿနာတက်တာထက်စာရင် Restore,ReJB,Reinstall Cydia) လုပ်တာက ပိုမို လျှင်မြန်လွယ်ကူ ပါသောကြောင့် မသင့်လျှော်သည့်အတွက် ချန်လှပ်ထားခဲ့ပါသည်။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Tuesday, September 30, 2014

How To Fix ttKeyboard Error

iOS 8 အတွက် third-party မြန်မာကီးဘုတ် "ttKeyboard" ထွက်လာပြီးတဲ့နောက်မှာ မြန်မာစာတွေကို Jailbreak လုပ်စရာ မလိုတော့ပဲ အလွယ်တစ်ကူ ရေးသားနိုင်ပါပြီ..

"ttKeyboard" နဲ့ အစစအရာရာ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဖြစ်နေကြသေးတဲ့ သူအချို့လည်း ရှိနေပါသေးတယ်။ အခုရက်ပိုင်းအတွင်း အများဆုံး ဖြေရှင်းပေးနေရသော ပြဿနာမှာ "ttKeyboard" ကို သွင်းယူလိုက်ပြီးနောက် Keyboard မတက်ပဲ 'Blank' သာ ဖြစ်နေပြီး ဘာမှ ရိုက်လို့မရတဲ့ပြဿနာ ဖြစ်ပါတယ်..

ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့ပြီး အဆင်ပြေသွားစေတဲ့ နည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်..

နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဒါပေမယ့် သတိထားရမှာလေးတွေကို အရင်ပြောပါမယ်...
  • လက်တစ်လော မိမိ Device နဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးတွေရှိရင် iCloud နဲ့ BackUp လုပ်ပါ (သို့) Computer နဲ့ ချိပ်ဆက်ပြီး "DCIM" folder တစ်ခုလုံးကို copy ကူးယူထားပါ။
  • Mail, Contects အစရှိသည်တို့ကို iCloud နဲ့ BackUp လုပ်ပါ။
  • မိမိ Device Activation အတွက် Apple ID နဲ့ Password ကို မှတ်သား သိရှိထားပြီး ဖြစ်ရပါမယ်။
  • Wi-Fi connection (သို့) iTunes နဲ့ ချိပ်ဆက်ရန် Internet connection ရှိနေရပါမယ်။


**လုပ်ငန်းစဉ်**

အထက်ပါ အချက်အလက်များ အားလုံးပြီးပြည့်စုံပြီ ဆိုပါက...

Settings -> General -> Reset -> Erase All Content & Setting ကို နှိပ်ပြီး Reset ချလိုက်ပါ။


Apple Reset ချပြီးနောက် Activate လုပ်ပါ။ အားလုံးပုံမှန် ဖြစ်သွားပြီးနောက်တွင်

၁) မြန်မာစာဖောင့်ကို MyFont install လုပ်ပြီး သွင်းပါ။

၂) မြန်မာစာကီးဘုတ် ttKeyboard install လုပ်ပြီး သွင်းပါ။

>> How To Install Third-Party Keyboard

"ttKeyboard" ပြဿနာကို ဖြေရှင်းနိုင်သွားပါပြီ..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Saturday, August 16, 2014

Home Screen တွင် App များ ပျောက်ဆုံးခြင်း

iOS 7+ Jailbreak iDevice တွေမှာ တစ်ခါတစ်ရံ အကြောင်းအရင်း သေချာမသိရပဲ မိမိသွင်းယူထားတဲ့ Applications တွေ ပျောက်ကုန်တာမျိုးကို ကြုံဖူးကြပါသလား...?
ကျွန်တော် ကတော့ ကြုံတွေ့တာ နှစ်ခါသုံးခါလောက်ရှိပါပြီ၊ ပထမဦးဆုံး တစ်ခေါက်က ညဘက်ဖုန်းကို ဘက်ထရီအားသွင်းပြီးနောက် ပိတ်ထားလိုက်ပြီး မနက်ရောက်လို့ ပြန်ဖွင့်လိုက်တဲ့ အခါမှာ (Native Apps နှင့် Cydia Apps) များသာ ကျန်ခဲ့ပြီး သွင်းယူထားသော အခြား App များ လုံးဝ မရှိတော့တာကို တွေ့လိုက်ရပါတယ်။

Spotlight search မှာ ဝင်ရှာသော်လည်း မတွေ့ရတော့ပါ၊ ညကများ မှားပြီး Sync လုပ်မိသလား မရေရာသောကြောင့် လိုအပ်သော App များကို ပြန်လည် Install လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဖြင့် နှစ်ရက်သုံးရက်လောက်နေတော့ အရင်တုန်းက App တွေ အားလုံး Home Screen မှာ ပြန်ပေါ်လာပါတယ်။ အချို့ App တွေကို ထပ်မံ၍ သွင်းယူထားတာကြောင့် နှစ်ခုထပ်တွေ ဖြစ်ကုန်ပါတယ်။
ဒီလို အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့အခါမှာတော့....


ဒီတစ်ခါတော့ မရတော့ပါဘူး၊ System ရဲ့ storage ကို ဝင်စစ် လိုက်တဲ့အခါမှာ လျှော့မသွားတာကို တွေ့ရတဲ့ အတွက် App တွေအားလုံး ရှိနေပြီး Hidden အဖြစ် ပုန်းကွယ်နေတာကို သိလိုက်ရပါတယ်။ ဒီလိုအဖြစ်မျိုးက Tweak တွေကို သွင်းပြီးနောက် Springboard Restart လုပ်တဲ့အခါမျိုး၊ iDevice ကို ကြာရှည်စွာ Sync မလုပ်တဲ့ အခါမျိုး၊ ပြီးပြည့်စုံသော Reboot မဖြစ်တဲ့ အခါမျိုးတွေမှာ အခန့်မသင့်ရင် ကြုံတွေ့ရတတ်သော (Bug) ဖြစ်ပါတယ်။

အကယ်၍ ယခုလိုအဖြစ်အပျက်မျိုး မိမိဆီမှာ တွေ့ကြုံရလာတဲ့အခါ အောက်ပါအတိုင်း ရှင်းလင်းခြင်းဖြင့် သွင်းယူထားသော App တွေ ပြည်လည် ပေါ်လာမှာဖြစ်ပါတယ်..

၁) iFile ကို ဖွင့်ပါ။ (မရှိသေးပါက Cydia မှ သွင်းယူပါ)
၂) /var/mobile/Library/Caches လမ်းကြောင်းအတိုင်းသွားပြီး "com.apple.mobile.installation.plist" ကို Delete လုပ်ပါ။
၃) iPhone, iPad ကို Power button အသုံးပြု၍ Power Off လုပ်ပါ။
၎) Power ပြန်ဖွင့်၍ တက်လာသောအခါ ပုံမှန်အတိုင်း သွင်းယူထားသော App များအားလုံးကို မြင်တွေ့ရပါမည်။


အကယ်၍ မမြင်တွေ့ရသေးပါက အဆင့် (၂) အတိုင်း ပြန်သွား၍ "com.apple.mobile.installation_backup.plist" ကိုပါ Delete လုပ်ပါ။
Reboot ပြန်လုပ်သောအခါတွင် အားလုံးပုံမှန် ပြန်လည်၍ အလုပ်လုပ်ပါလိမ့်မည်...




အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား မေတ္တာတုန့်ပြန်လိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Friday, February 7, 2014

iTunes cannot detect iPhone ပြဿနာ ဖြေရှင်းနည်းများ

iPhone, iPad အစရှိသော iDevices များကို အသုံးပြုနေသူများ တစ်ခါတစ်ရံ အခန့်မသင့်သည့် အခါမျိုးတွင် မိမိကွန်ပျူတာရှိ iTunes က မိမိ၏ iPhone, iPad တို့ကို မသိတော့ပဲ "iTunes cannot detect iPhone device" အဖြစ်မျိုး၊ Detect သိသော်လည်း App များကို Sync လုပ်၍မရသော အဖြစ်မျိုးများကို ကြုံတွေ့ရတတ်ပါတယ်...

ယခုလိုဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်၊ Connection Cable ၏ ချို့ယွင်းမှုကြောင့်သော်၎င်း၊ မိမိ၏ ကွန်ပျူတာတွင် Driver သွင်းယူမှု မမှန်ကန်ခြင်း၊ Device ၏ Hardware ပိုင်းမှာ ပြဿနာရှိနေခြင်း စတဲ့ မတူနိုင်တဲ့ အခြေအနေတွေများကြောင့် ယခုလို Detect မသိတော့တဲ့ ပြဿနာ ဖြစ်ပေါ်တတ်ပါတယ်။

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် Hardware ပြဿနာက လွဲ၍ "iTunes cannot detect iPhone device" ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အစုံစုံကို စုစည်း၍ ဖော်ပြပေးလိုက်ပါတယ်...

ပြဿနာ (၁)
iPhone ကို iTunes နှင့် ချိပ်ဆက်လိုက်သောအခါ iTunes က Detect သိနေသေည်လည်း Applications များကို "Sync" လုပ်၍မရခြင်း

အကြောင်းရင်း : iPhone ၏ Setting တွင် Applications restriction ကို ဖွင့်ထားသောကြောင့် ဖြစ်ပါသည်။

ဖြေရှင်းရန်
Settings -> General -> Restrictions -> Disable Restrictions



ပြဿနာ (၂)
iTunes က မိမိ၏ iPhone ကို Detect မသိတော့ခြင်း

အကြောင်းအရင်း : iPhone တွင် Cydia ထဲမှနေ၍ Tweak တစ်ခုခုသော်၎င်း၊ Tool တစ်ခုခုသော်၎င်း သွင်းယူထားမိ၍ ဖြစ်ပါသည်။

ဖြေရှင်းရန်
အဆိုပါ Tewak / Tool ကို Cydia မှ ပြန်လည် Remove/Uninstall လုပ်ပါ။


ပြဿနာ (၃)
iTunes က မိမိ၏ iPhone ကို လုံးဝ Detect မသိတော့ခြင်း

ဖြေရှင်းရန်
Temp file များကို ဖျက်ပစ်ခြင်းနှင့် ပြေလည်နိုင်ပါလိမ့်မည်။

Window XP အတွက်
မိမိ Computer ၏ (C:\Documents and Settings\Username \Local Settings\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် (အချို့ ဖျက်မရသော File များရှိနေပါက Skip လုပ်ပါ) iTunes ကို ပြန်ဖွင့်ပါ။

Window 7 & Vista အတွက်
မိမိ Computer ၏ (C:\Users\Username\AppData\Local\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် iTunes ကို ပြန်ဖွင့်ပါ။
မှတ်ချက်။ ။ "AppData" folder ကို မြင်နိုင်ရန် Folder Options -> View တွင် Show hidden files and.... ကို ရွေးထားပေးရန်လိုသည်။


ပြဿနာ (၄)
တစ်စုံတစ်ခုကြောင့် iPhone ကို Detect မသိတော့ခြင်း

ဖြေရှင်းရန်
iFunBox, iFile, iTool အစရှိသော third party software များကို အသုံးပြု၍ (/var/mobile/Media/iTunes_Control) တွင်းမှ Files & Folders များကို ဖျက်ပစ်ပါ။


ပြဿနာ (၅)
iPhone က အခြား Computer များတွင် Detect လုပ်နိုင်သော်လည်း မိမိ Computer တွင်မသိခြင်း

ဖြေရှင်းရန်
အောက်ပါ အဆင့်များအတိုင်း iTunes ကို Uninsatll လုပ်ပါ။
     1. iTunes
     2. QuickTime
     3. Apple Software Update
     4. Apple Mobile Device Support
     5. Bonjour
     6. Apple Application Support
     7. Restart PC

ပြီးပါက iTunes နောက်ဆုံး ဗားရှင်းကို ဤနေရာတွင် Download လုပ်ပြီး Install ပြန်လုပ်ပါ။

iTunes Detect မသိခြင်း ပြဿနားများကို ချောမွေ့စွာ ဖြေရှင်းနိုင်ကြပါစေ...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Monday, January 27, 2014

iPhone Passcode ကို ပြန်လည် ရယူနည်း

ယနေ့ခေတ်တွင် iDevice ကို အသုံးပြုသူ လူတိုင်းနီးပါးက မိမိ၏ အရေးကြီးသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို iDevice အတွင်းမှာ သိမ်းဆည်းထားတတ်ကြပြီး.. အခြား တစ်စုံတစ်ယောက် အလွယ်တစ်ကူ အသုံးမပြုနိုင်စေရန် ကိုယ်ပိုင် Passcode လေးများနှင့် Lock လုပ်ထားတတ်ကြပါတယ်..

မိမိကိုယ်တိုင် Set up လုပ်ထားတဲ့ Passcode ကို မေ့သွားခဲ့မယ်ဆိုရင်တော့...
အရင်ကဆိုရင် Restore ပြန်လုပ်ရုံကလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပါဘူး။
ယခုတော့ iDevice ကို Restore ပြန်လုပ်ရန် မလိုပဲနှင့် Passcode ကို ပြန်လည်ရှာဖွေနိုင်မယ့် Toolkit တစ်ခုကို iPhone Dev Team က ဖန်တီးပေးလိုက်ပါပြီ...

"Gecko Toolkit" လို့ အမည်ရတဲ့ Tool ဟာ iDevice ရဲ့ Passcode ကို ပြန်ရှာပေးနိုင်ရုံမျှမကပဲ အကြောင်းကြောင်းကြောင့် 'Disable' ဖြစ်နေတဲ့ iPhone ကိုပါ ပြန်လည် ကုစားပေးနိုင်ပါတယ်၊ ဒါ့အပြင် Apple logo မှာ တစ်နေခြင်း ပြဿနာကိုလည်း ဖြေရှင်းပေးပါလိမ့်မယ်...

Features
      -Bypass iDevice's (A4) Lock Code
      -Bypass iDevice's (A4) "iPhone Disabled" after failed attempts
      -Fix stuck on Apple logo problems
      -And more!


ဖော်ပြပါ လုပ်ဆောင်ချက်များကိုတော့ (A4) iDevice များဖြစ်တဲ့...
  • iPodTouch 1, 2, 3, 4
  • iPhone1G, 2G, 3G, 3GS, 4
  • iPad 1
    တို့မှာသာ ရရှိနိုင်ပါသေးတယ်...


Bypassing the Lock Code

မိမိရဲ့ မေ့သွားတဲ့ Passcode ကို ပြန်လည်ရယူနိုင်ရန် အတွက်:
      ၁) iDevice ကို PC နှင့် ချိပ်ဆက်၍ "Gecko Toolkit" ကို Run လိုက်ပါ
      ၂) "Read lockscreen password" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Boot" ကိုနှိပ်ပါ။
      ၄) iDevice ၏ iOS version (ipsw) ကို ရွေးပေးပါ (မရှိသေးပါက ဤနေရာတွင် Download လုပ်ပါ။
      ၅) အလိုလျှောက် ဆောင်ရွက်နေပြီး "Launch" ကို နှိပ်ရန် ပြောလာပါက နှိပ်ပါ။
      ၆) Pascode ကို ရှာဖွေပေးနေပါပြီ

Starting the Process:


Process Results:


Bypassing the "iPhone Disabled" Function

      ၁) "Disable" ဖြစ်နေသော iPhone ကို ဖြေရှင်းရန်:
      ၂) Bypass "phone disabled" tab ကိုသွားပြီး မိမိ iDevice အမျိုးအစားကိုရွေးပါ
      ၃) ထို့နောက် "Bypass" ကို နှိပ်ပါ။


Other Fix

Cydia မှ သွင်းယူလိုက်သော sources များကြောင့်ဖြစ်စေ၊ အခြားအကြောင်း အမျိုးမျိုးကြောင့် Apple logo တွင် ရပ်နေသော iDevice များအတွက် ဖြေရှင်းရန် နည်းလမ်း နှစ်ခု ရွေးချယ်ခွင့် ပေးထားပြီး နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ (method 1) ကတော့ အန္တရာယ်ကင်းသော နည်းလမ်းဖြစ်ပြီး (method 2) မှာတော့ မိမိစိတ်ကြိုက် payloads ထည့်သွင်းပြီး customize လုပ်နိုင်ပါတယ်။


မှတ်ချက်
ဖော်ပြပါ လုပ်ဆောင်ချက်များ အားလုံးသည် (A4) Device များတွင်သာ အသုံးပြုနိုင်ပါသည်။ အကြောင်းရင်းခံမှာ Program မှ custom RAMdisk တစ်ခု ပြုလုပ်ပေးပြီးနောက် data များကို new RAMdisk အဖြစ် device ပေါ်တွင် ကူးယူပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် A5+ device များကဲ့သို့ exploit မလုပ်နိုင်သော A4 device သီးသန့်များတွင်သာ အထက်ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

>> Download Gecko Toolkit



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Saturday, January 25, 2014

Cydia Crash အတွက် နောက်ထပ် ဖြေရှင်းနည်းသစ်

အကြောင်းအမျိုးမျိုးကြောင့် Jailbreak လုပ်ထားသော iDevice များတွင် "Cydia" ပျောက်ဆုံးသွားခြင်း၊ ဝင်၍မရတော့ခြင်းများကို ဖြေရှင်းရန်အတွက် နောက်ထပ်နည်းလမ်း အသစ်တစ်ခု ဖြစ်ပါတယ်..


ယခု Tutorial ကိုရေးသားသူမှာ ကိုဘုန်းမြင့်ဝင်းထွန်း ဖြစ်ပြီး PDF အဖြစ်ဖန်တီးကာ အခက်အခဲဖြစ်နေသူများ အားလုံးတွက် ပြန်လည်ဝေငှနိုင်ရန် ကျွန်တော့်ထံသို့ email မှတစ်ဆင့် ဆက်သွယ်ပေးပို့ထားခြင်းဖြစ်ပါတယ်...

>> Download Cydia Crash New solution (PDF)

>> Cydia crash အတွက် ဖြေရှင်းနည်း


Credit to : ဘုန်းမြင့်ဝင်းထွန်း


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Wednesday, January 22, 2014

iOS 7+ JB အတွက် Evasi0n Error ဖြေရှင်းနည်း

iOS 7+ ကို evasi0n နှင့် Jailbreak လုပ်ကြတဲ့အခါမှာ မကြာခဏ ကြုံတွေ့နေရတဲ့ပြဿနာ တစ်ခုရှိပါတယ်။ အဲဒါကတော့ 'ERROR: Failed to retrieve package info from internet' ဆိုတဲ့ error message တက်လာခြင်းပဲ ဖြစ်ပါတယ်။

Error ဖြစ်ပေါ်ရခြင်း အကြောင်း နှစ်ချက်ရှိနိုင်ပါတယ် (၁) evasi0n server overload ဖြစ်နေခြင်း (၂) မိမိအသုံးပြုနေသော Internet လိုင်းရဲ့ နယ်နိမိတ် အတားအဆီးကြောင့် evasi0n server နှင့် ချိပ်ဆက်၍ မရနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ဒုတိယအကြောင်း အရင်းကြောင့် Error ဖြစ်တတ်ပါတယ်...



Evasi0n server overload ဖြစ်ခြင်း အတွက်ကိုမူ ပြန်လည် ကြိုးစားခြင်းဖြင့် ကျော်လွန်သွားနိုင်သော်လည်း internet လိုင်း နယ်နိမိတ် (proxy) အတားအဆီးကို ဖြေရှင်းရန် အတွက်မူကား -
  • Proxy အတားအဆီးမရှိသော (သို့) evasi0n server ကို access လုပ်နိုင်သော internet အခြားလိုင်း တစ်ခု ပြောင်းလဲ သုံးစွဲခြင်း
  • အခြားလိုင်း တစ်ခု သုံးထားသော mobile device မှ "WiFi Hotspot" ထုတ်လွှင့်ပြီး ချိပ်ဆက် အသုံးပြုခြင်း
  • မိမိ၏ internet လိုင်းကို အခြားနည်းလမ်းများ သုံး၍ proxy ကျော်ခြင်း၊ VPN (Virtual Private Network) ခံခြင်း တို့နှင့် ဖြေရှင်းပေးနိုင်ပါလိမ့်မည်။


"မိုးသိကြား" ဘလော့ခ်တွင် အခြားနည်းပညာ ဘလောခ့်များတွင် ကြိုးစားဖော်ပြထားသော ဆောင်းပါးများအား ကူးယူဖော်ပြလေ့ မရှိသော်လည်း အောက်ဖော်ပြပါ ဆောင်းပါးသည် evasi0n Error ကို ဖြေရှင်းရန်အတွက် Proxy ကျော်နည်း၊ VPN ပြုလုပ်နည်းတို့ကို ရေးသားထားပါသောကြောင့် မူရင်းရေးသားသူ "ကိုညီနေမင်း" အား Credit ပေး၍ စပ်ဆက်နေသော ဆောင်းပါးတစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။



မရှင်းလင်းသည်များကို ညီနေမင်း တွင် တိုက်ရိုက် မေးမြန်းနိုင်ပါသည်...


Credit to : ညီနေမင်း


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....

Saturday, January 18, 2014

Cydia Errors များနှင့် ဖြေရှင်းနည်း

iDevice များကို Jailbreak လုပ်ပြီးကြသောအခါ "Cydia" မှတစ်ဆင့် မိမိနှစ်သက်ရာ "Tweaks / Apps) များကို သက်ဆိုင်ရာ Sources များမှ သွင်းယူကြရပါတယ်...

ထိုကဲ့သို့ Sources များ၊ Tweaks နှင့် Apps များသွင်းယူရာတွင် အများဆုံး ဖြစ်ပေါ် တွေ့ရှိရတတ်သော Cydia error များ၊ အဘယ့်ကြောင့် error ဖြစ်ရပုံနှင့် မည်ကဲ့သို့ ဖြေရှင်းရမည်ကို စုစည်း၍ ဖေါ်ပြပေးလိုက်ပါတယ်...

Failed to Fetch


Error သည် အောက်ပါ အခြေအနေများတွင် ဖြစ်ပေါ်တတ်ပါသည်...
  • Source ရှာမတွေ့နိုင်ခြင်း
  • URL မှားယွင်းစွာ ရိုက်သွင်းမိခြင်း
  • Source အပြီးတိုင် ရပ်စဲသွားခြင်း (သို့) Source ပျက်နေခြင်း
ဖြေရှင်းနည်း

များသောအားဖြင့် အဆိုပါ Error သည် အခိုက်အတန့်မျှသာ ဖြစ်နေတတ်ပြီး၊ နာရီအနည်းငယ်ကြာ စောင့်ပြီးနောက် ပြန်လည်၍ Data reload လုပ်ကြည့်ပါ။

အကယ်၍ ဆက်တိုက် ဖြစ်ပေါ်နေပါက Error message ကို သေချာစွာ ဖတ်ရှုပါ၊ URL Repository အလုပ်မလုပ်နိုင်ကြောင်း ဖော်ပြချက်ကို တွေ့ရှိပါက ထို repo ကို Manage > Sources > Edit > Remove လုပ်ပါ။

ဖော်ပြပါနည်းနှင့် Repo ကို Remove လုပ်မရပါက၊ ထို Repo သည် package တစ်ခုအနေနှင့် Installed လုပ်ပြီးသွား၍ ဖြစ်ပါသည်။ ယင်း Repo package ကို ရှာ၍ Uninstall လုပ်ပါ။

POSIX error: Operation Timed Out


ဖြေရှင်းနည်း

မိမိ Device သည် Internet connection Online ချိပ်မိစေရန် သေချာစွာ ပြန်စစ်ပါ။
ဆက်တိုက် ဖြစ်ပေါ်နေပါက Repository server မှာ ယာယီ Offline ဖြစ်နေသောကြောင့် ဖြစ်ပါလိမ့်မည်။ ပြန်လည် ကြိုးစားကြည့်ပါ။
(အကယ်၍ အဆင်မပြေပါက Repo ကို အထက်ပါ နည်းအတိုင်း Remove လုပ်ပါ)

GPG error


သည် Repository နှင့် iOS တွဲဖက်၍ မရသောအခါမျိုးတွင် ဖော်ပြတတ်ပါသည်။
ဤပြဿနာသည် အန္တရာယ်မရှိနိုင်၍ စိတ်ချလက်ချ လစ်လျူရှုထားနိုင်ပါတယ်။ (Remove/Uninstall လုပ်လိုပါက လုပ်နိုင်ပါသည်)

User Unreachable


Error သည် Repo ကို search လုပ်နေသော အချိန်တွင် server overload ဖြစ်၍၎င်း၊ Repo တွင် ပြဿနာရှိ၍သော်၎င်း မကြာခဏ ဖြစ်ပေါ်တတ်ပါသည်။

ဖြေရှင်းနည်း

မိမိ၏ Internet connection ကို ပြန်စစ်ပါ။
ရံဖန်ရံခါ အချိန်စောင့်ဆိုင်းပြီး ပြန်လည် သွင်းယူပါက အလိုလို ပြေလည်သွားတတ်ပါသည်။

HashSum Mismatch


Error ကို App များ Install လုပ်တဲ့အချိန်မှာ တွေ့ကြုံရတတ်ပါတယ်။ ထိုအခါမှာ Internet connection ကို စစ်ပါ။ Connection အားလုံးကောင်းနေသော်လည်း Cydia server overload ဖြစ်နေတဲ့အခါတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။
အချိန်အနည်းငယ် စောင့်ပြီးမှ ပြန်လည် ကြိုးစားကြည့်ပါ။

HTTP/1.1 500


သည် Source package များ၏ hosting Internal server error ကြောင့် ဖြစ်ပေါ်တတ်ပါသည်။
အချိန်အနည်းငယ် စောင့်ပြီးမှ ပြန်လည်၍ ကြိုးစားကြည့်ပါ။

MergeList Problem


"You exceeded the number of packages" message ဟု တက်လာသော ယခု Error သည် လတ်တလောတွင် အဖြစ်အများဆုံး error တစ်ခုဖြစ်သည်။ Source ပေါင်းမြောက်များစွာ သွင်းယူသောအခါမျိုးတွင် ကြုံတွေ့ရတတ်ပါတယ်။
ဤ error သည် Cydia error မဟုတ်ပဲ သွင်းယူထားသော Sources များထဲတွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သော source တစ်ခု (သို့) အချို့ ရှိနေသောကြောင့် ဖြစ်ပါတယ်။

ဖြေရှင်းရန်အတွက် ပြဿနာရှိနိုင်သည်ဟု ယူဆသော Source အချို့ကို (Remove/Uninstall) လုပ်ပါ။

Sub-process /usr/bin/dpkg returned an error code (1)


Cydia မှ package file များကို သွင်းယူရန်အတွက် လိုအပ်သော Disk space မိမိ Device တွင် မကျန်ရှိတော့သည့်အခါ ဖြစ်ပေါ်တတ်သည်။ မလိုအပ်သော အချို့ file များကို ဖျက်ပြီး storage ကို စစ်ဆေး၍ ပြန်လည် သွင်းယူပါ။
(File များကို ရှင်းလင်းရန် iCleaner pro ကို အသုံးပြုနိုင်ပါတယ်)

Some index files failed to download, they have been ignored, or old ones used instead


သွင်းယူထားပြီး ဖြစ်သော sources များထဲမှ တစ်ခု (သို့) အချို့ source များသည် ယာယီ/အမြဲ ပိတ်သိမ်းသွားသည့် အခါများ၊ URL မှားယွင်း ရိုက်သွင်းမိသည့် အခါများတွင် ဖြစ်ပေါ်တတ်သလို မိမိ၏ connection က source ကို တစ်ခုခုကြောင့် တားမြစ်လက်မခံသည့် အချိန်မျိုးတွင်လည်း ဖြစ်ပေါ်တတ်ပါသည်။

ပြန်လည်ကြိုးစား သွင်းယူကြည့်ပါ။ လုံးဝ အဆင်မပြေတော့ရင် source ကို Remove/Uninstall လုပ်ပါ။

Trying to overwrite ****, which is also in package [package]


မိမိသွင်းယူလိုက်သော package အသစ်တွင် အရင်က သွင်းယူနှင့်ပြီးထားသော package အတွင်းမှ file name များတူနေသည့်အခါ package အသစ်ကို သွင်ယူနိုင်မည် မဟုတ်ချေ။ ထိုအခါမျိုးတွင် တရားဝင် မူရင်းပိုင်ရှင် မဟုတ်သော sources များကို Uninstall လုပ်ပြီးမှသာ သွင်းယူနိုင်ပါလိမ့်မည်။





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

Continue Reading....