Wednesday, January 8, 2014

Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း

iOS 7 နှင့် အထက် Jailbreak လုပ်ထားသော iDevices များတွင် Tweaks များကို မှားယွင်းသွင်းယူမိခြင်း၊ စမ်းသပ်ခြင်းတို့ကြောင့် iOS 7 နှင့် အဆင်မပြေသည့် အခါများတွင်၊ Stock / Native Apps များဖြစ်သော Safari, Email, iMessage အစရှိသော App များကို ဖွင့်လိုက်သောအခါ မပွင့်ပဲ crash ဖြစ်ပြီး ပြန်ပြန်ထွက်သွားတတ်တာကို တွေ့ကြုံနေသူများအတွက် အလွယ်ဆုံး Fix လုပ်နိုင်မည့် နည်းလမ်းများကို တင်ပြပေးလိုက်ပါတယ်...

ပုံမှန်အားဖြင့် Tweak များကြောင့် Stock App များ Crash ဖြစ်သည့် အခါမျိုးမှာ iTunes နှင့် Restore ပြန်လုပ်ပြီးမှ အဆင်ပြေတတ်ပါတယ်။ ဒီအခါမှာ Jailbreak လည်းပြုတ်သွားပြီး အချိန်ပေးကာ မိမိသွင်းယူထားသော App များ Tweaks များကိုလည်း အစမှ ပြန်လည် သွင်းယူရတတ်ပါတယ်...

ယခုဖော်ပြမည့် နည်းလမ်းများသည် Restore, ReJailbreak လုပ်ရန်မလိုပဲ လွယ်ကူစွာ ပြဿနာကို ရှင်းလင်းနိုင်မည့် နည်းလမ်းများ ဖြစ်ပါသည်။ မိမိနှင့် သင့်လျှော်မည့် နည်းလမ်းကို သုံးနိုင်ပါတယ်။

နည်းလမ်း ၁)

  • Cydia ထဲမှ Search တွင် "Appsync for iOS 7+" နှင့် "afc2Add" နှစ်ခုလုံးကို ရှာ၍ REMOVE လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၂)

  • Apps များ Crash မဖြစ်မီ မိမိနောက်ဆုံး သွင်းယူခဲ့သော Tweaks များကို Cydia -> Installed ထဲမှ ရှာဖွေ၍ UNINSTALL / REMOVE လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၃)

  • Home screen ရှိ Settings -> General -> Reset -> Reset All Settings ကို သုံးပြီး Reset ချပါ။
  • Device ကို Reboot / Respring လုပ်ပါ။


နည်းလမ်း ၄)

ယခုနည်းလမ်းသည် ၁၀၀% အလုပ်နိုင်သော နည်းလမ်း ဖြစ်ပါသည်။ ယခုနည်းလမ်းကို အသုံးပြုနိုင်ရန် အတွက် "iFile" ရှိထားရန် လိုအပ်ပါသည်။
မရှိသေးပါက "http://sinfuliphonerepo.com/" ကို Cydia ၏ Sources တွင် ထည့်သွင်းပြီး "iFile Crecked" ကို ရှာ၍ သွင်းယူပါ။

  • iFile ကို ဖွင့်ပါ။
  • ver/mobile/Library/Caches လမ်းကြောင်းအတိုင်း သွားပြီး အောက်ပါ File နှစ်ခုကို Delete လုပ်ပါ။
  • "com.apple.mobile.installation.plist" နှင့် "com.apple.LaunchServices-054.csstore" တို့ကို Delete လုပ်ပါ။
  • Device ကို Reboot / Respring လုပ်ပါ။


အခုဆိုရင် Crash ဖြစ်ထားတဲ့ App များ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်...

**Video Tutorial**






အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

10 comments :

  1. ကျွန်တော့်မှာတော့ tongbu က app တွေ့ထည့်ပြီး restart ချလိုက်ရင် ထည့်ထားတဲ့ app တွေ့ပျောက်သွားပါတယ် app တွေပျောက်သွားပေမယ့် memory space တော့ကျန်နေသေးတယ်ဗျ....ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ...

    ReplyDelete
  2. ကိုမိုးရေ killbackground က အိုင်ပတ်မှာ အဆင်မပြေဖူးဖြစ်နေတယ် ဘာဖြစ်လို့လဲ မသိဖူး install ရပြီး homescreen မှာ မပေါ်ဖူး

    ReplyDelete
  3. apple အကောင့် က ဟက်ခံရတယ် restore ပြန်ရိုက်တော့ apple username password ပြန်တောင်နေတယ်...ဘယ်နည်းလမ်းနဲ့ ရနိုင်ပါသလဲ....recude email တော့ မှတ်မိတယ်.....sectury question နှစ်ခုလဲ မှတ်မိပါတယ်...ဒါပေမဲ့ gmail ပါ ပါသွားတော့ ဘယ်လို မှလုပ်လို့မရဘူးဖြစ်နေတယ်ဗျာ....password reset လုပ်တော့ မွေးသက္ကရာဇ်မေးနေတယ် မွေးနေ့လဲ မှတ်မိတော့ ဘူး ထည့်ထားတာ.. ခုဖုန်းက ဘာမှ ကိုသုံးမရတော့လို့ပါ.....ကျေးဇူးပြုပြီးတော့ သိရင် ပြန် ဖြေပေးပါခင်ဗျ...ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. ကျနော့်ဖုန်းက Search iPhone (Screen touch down ဆွဲချရင်ထွက်လာတဲ့)box ထဲကိုစာရေးမိရင် phone restart ကျကျသွားတယ်။အကိုပြောတဲ့နည်းလမ်း(3) နဲ့ Cydia >Winter Board file ကို ဖြုတ်ပစ်သွားမှပြန်ကောင်းလာတယ် ကျေးကျေးပါ။

    ReplyDelete
  5. ကျွန်တော့် ဖုန်းက7.0.4ဗားရှင်းနဲ့ 5sပါပန်းသီးပုံပေါ်လိုက်ပျောက်လိုက်ဘဲဖြစ်နေလို့ ဘာလုပ်ရမလဲအကိုရေပြောပြပေးပါဦးFBမှာလဲပို့ ထားပါတယ်

    ReplyDelete
  6. ကျေးဇူးပါပဲဗျာ step 1 နဲ့ဂွတ်သွားတယ်

    ReplyDelete
  7. step 4 နဲံ ok သွာပါပြီး ကျေဇူးတင်ပါတယ်

    ReplyDelete
  8. cydia ပါပျောက်သွားတယ် ဘယ်လိုလုပ်ရမလဲမသိဘူး iFile ကို Down လိုပြောတယ် Cydia မရှိတော့ ဘယ်လို လုပ်ရမှန်မသိတော့ဘူး.
    Safari ကလဲမပွင့်ဘူးဖြစ်နေတယ်...ကူညီပါအုံး....

    ReplyDelete
  9. iPad 2 မှာ iOS 7 latest update နဲ့သုံးနေပါတယ်...ပြဿနာက WiFi ကို ကိုယ်ပိုင် router ကနေသုံးနေတဲ့အချိန် အကောင်းကြီးကနေ WiFi disconnected ဖြစ်သွားပါတယ်...ကျန် mobile device တွေရော computer တွေမှာ internet access ကရနေပါတယ် ဘာပြဿနာမှမရှိပါ
    iPad name ပြန်ပြောင်းတဲ့နည်း၊ Network Settings ကို reset လုပ်တဲ့နည်း၊ Router ကို reset ချတဲ့နည်းလမ်းတွေသုံးပါတယ် ပထမတော့ အဆင်ပြေမလိုလိုနဲ့ ပြန်ပြန်ဖြစ်ပါတယ်....ကူညီဖြေကြားပေးပါဦး...ကျေးဇူးတင်လျက်

    ReplyDelete