Wednesday, January 8, 2014

Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း

iOS 7+ အတွက် Jailbreak ထွက်လာပြီးကထဲက ကလိလိုက်ကြတာ... ကလိလိုက်ကြတာ...
Tweaks တွေက iOS 7 နှင့် အလုပ်လုပ်နိုင်ပြီလားဆိုတာလည်း မစူစမ်းမိပဲ အရင်တုန်းက ကိုယ်ကြိုက်တဲ့ Tweaks မှန်သမျှတွေ အကုန်သွင်း... ပြီးသွားတဲ့ အခါကြတော့ Crash တွေဖြစ်လိုက်ကြတာ မနည်းဘူးပါပဲ။

တစ်ချို့က App တွေ ဖွင့်မရတော့ဘူး၊ အချို့က ပန်းသီးမှာတင် တစ်နေကြတယ်၊ အချို့က Cydia ပျောက်သွားတယ်... စုံသမှ.. သိပ်စုံ...
အဲဒီအထဲကမှ Jailbreak ဖြစ်နေပါလျှက် "Cydia" ပျောက်နေတာက ထီပေါက်ပြီး ထီလက်မှတ် ပျောက်နေသလို နေမထိထိုင်မသာ ဖြစ်ရပါတယ်။

Jailbrek ဖြစ်ထားမှန်းလဲသိတယ်၊ Tweaks တွေလည်း အလုပ်လုပ်တယ်၊ Cydia တစ်ခုပဲ ဆင်းပြေးသွားတာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိ...

ဒီတော့ Jailbreak ဖြစ်ထားပြီး "Cydia" ပျောက်သွားတဲ့ iDevices တွေ အတွက် "Cydia" ကို ပြန်ခေါ်ဖို့ ဓါတ်ရိုက်ဓါတ်ဆင် ပေးလိုက်မဟေ့....
ဒါပေမယ့် "iFile" တော့ သွင်းထားပြီးသား ဖြစ်ပါစေ...

  • iDevice မှ တစ်ဆင့် ဤနေရာကို နှိပ်ပါ။
  • (cydia 119.deb) file ကို Download ရယူပါ။

  • ပုံတွင် ဖော်ပြထားသည့်အတိုင်း "Open in iFile" ကို ရွေးပါ။

  • iFile ထဲ ရောက်သွားသောအခါ "Installer" ကို နှိပ်ပြီး Install လုပ်ပေးလိုက်ပါ။

  • iDevice ကို Reboot လုပ်ပါ။

ကဲ... ဥုံဖွ... Cydia ပြန်ရောက်စေဗျားးး....

>> .dbe file များကို အလွယ်ဆုံး Install လုပ်နည်း


Credit to : ဘုန်းမြင့်ဝင်းထွန်း


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...

မိုးသိကြား

12 comments :

  1. ကျေးဇူးပါ ကိုမိုးသိကြားရေ...အဲ့ဒါမျိုးကြုံတာနှစ်လုံးရှိပြီ....မာကျူရီနေမင်း@ဖုန်းခင် ကိုလဲကျေးဇူးပါဗျာ

    - Uhtis Niwl@ မောင်ပေါက်စီ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. i file မသွင်းထား၇င်ေ၇ာဘယ်လိုလုပ်၇မလဲခဗျ

    ReplyDelete
  4. ကျွန်တော့် ipad မှာ ifile ကနေလဲ install လုပ်ပြီးပြီ reboot လဲလုပ်ပြီးပြီ ဒါပေမယ့် ခုထိကို cydia ကပေါ်မလာဘူးဖြစ်နေတယ် ပြီးတော့ ifile ပါရောပြီးပျောက်သွားတယ် ကျေးဇူးပြုပြီး ဖြေပေးကြပါဗျာ..........

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကျွန်တော်မှာလည်း ifile ပျောက်နေတယ် ...restore ပြန်လုပ်မှရတော့မယ်ထင်တယ်....

      Delete
  5. ကျွန်တော် ipad ကို version မြင့်ပြီး ပိုင်ရှင်က ဖိုင်တွေပြန်ရချင်တယ်ဆိုလို့ backup ကို restore လုပ်လိုက်တာ cydia ပျောက်သွားတယ် ဒီပိုစ့်ထဲကအတိုင်းလုပ်တာလဲ ifile မှာ installer ရှာမတွေ့ဘူးဗျ firmware ပြန်တင်ရမလား ပြောပြပေးပါ cydia ပြန်ရအောင်

    ReplyDelete
  6. Replies
    1. Please, use this iFile (error fix & clean)
      Download this file .
      " http://www.mediafire.com/download/msmdfo3oq6fmqid/iFile_installer_pmwt+%28edited%29.deb "

      After download
      Install with iTools -
      Copy this file and paste in " FileSystem > FileSystem(jailbreaked) > /var/root/Media/Cydia/AutoInstall/ "
      Reboot Device .
      hope useful this method :)

      Delete
  7. တော်တော်ဆိုးဝါးတဲ့ error တက်နေတယ်ဗျာ contacts တွေပျောက်သွားတယ်
    အသစ်add လို့လည်းမရတော့ဘူး + sing လည်း လစ်သွားပြီ
    ဘယ်လည်လုပ်ရမလည်းမသိတော့ဘူး backup လုပ်လည်းဒီအတိုင်းပဲ icloud ဖွင့်လည်း မထူးဘူး mail ဖွင့်ထားလည်းမထူး ဘူး
    help me plz!

    ReplyDelete
  8. ကူညီကြပါအုံးခင်ဗျာ...ကျွှန်တော့်ရဲ့ device က iphone4 (501) ပါ ..cydia ပျောက်နေတာ တော်တော်ကြာပါပြီ..ကျန်တာတွေအားလုံး ပုံမှန်အလုပ်လုပ်နေပါတယ်..ifle ဆိုတာလဲ ကျွှန်တော့် device မှာ မရှိပါဘူးးး.. ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်ခင်ဗျာ ကျေးဇူးအထူးပါ...

    ReplyDelete
  9. ipad 2 မှာမြန်မာစာထည့်တာ မပေါ်လို့ ကူညီမပါ

    ReplyDelete
  10. အကို ရေ cydia ded file လင့်လေးပို့ပေးပါလား ဒေါင်းလို့မရဖြစ်နေတယ်ချစ်ကိုရ ကျေးဇူးတင်ပါတယ်နော်

    ReplyDelete